< 撒母耳記下 16 >
1 達味剛走過山頂不遠,看,默黎巴耳的僕人漆巴正牽著一對備好鞍子的驢,馱著兩百個餅,一百串葡萄乾,一百鮮果和一皮囊酒,前來迎接君王。
၁ဒါဝိဒ်သည်တောင်ထိပ်ကိုအနည်းငယ်ကျော် မိသောအခါ မေဖိဗောရှက်၏အစေခံဇိဘ နှင့်တွေ့ဆုံလေ၏။ ဇိဘသည်မုန့်အလုံးနှစ် ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ စပျစ်သီး မှည့်အခိုင်တစ်ရာနှင့်စပျစ်ရည်ဘူးတစ်ဘူး ကိုမြည်းနှစ်ကောင်ဖြင့်တင်ဆောင်လာ၏။-
2 君王對漆巴說:「你帶這些東西來作什麼﹖」漆巴說:「驢是為君王的家眷騎的,餅和水果是為僮僕吃的,酒是為在曠野裏疲倦了的人喝的」。
၂ဒါဝိဒ်မင်းက``သင်သည်ဤပစ္စည်းများကို အဘယ်ကြောင့် ယူဆောင်လာပါသနည်း'' ဟု မေးတော်မူ၏။ ဇိဘက``မြည်းများသည်အရှင်မင်းကြီး၏ မိသားစုစီးရန်ဖြစ်ပါသည်။ မုန့်နှင့်သစ်သီး များမှာငယ်သားတို့စားရန်ဖြစ်၍စပျစ် ရည်မှာတောကန္တာရတွင်သူတို့မောပန်းကြ သောအခါသောက်ရန်ဖြစ်ပါသည်'' ဟု လျှောက်၏။
3 君王問說:「你主人的兒子在哪裏﹖」漆巴回答君王說:「他仍留在耶路撒冷,因為他說:今日以色列家會將我父親的王位歸還給我了! 」
၃မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။
4 君王對漆巴說:「看,凡屬默黎巴耳的,都歸你所有! 」漆巴答說:「我屈膝叩拜我主一王! 願我在你眼中獲得寵幸」。
၄မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။
5 達味王來到巴胡陵時看,出來一個撒烏耳家族的人,是革辣的兒子,名叫史米的。他罵著走來,
၅ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
6 投石襲擊達味和達味的眾臣僕,雖然百姓和勇士都圍在王的左右,他毫不畏懼。
၆ဒါဝိဒ်အားကိုယ်ရံတော်တပ်သားများနှင့်လူ တို့ခြံရံလျက်ရှိနေသော်လည်း ရှိမိသည် ဒါဝိဒ်နှင့်မှူးမတ်တို့အားခဲနှင့်ပေါက်လေ သည်။-
7 史米這樣罵君王說:「滾吧! 滾吧! 你這個殺人王! 你這個敗類!
၇ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
8 上主將撒烏耳一家的血都歸在你身上,你奪了他的王位,現在,上主將王權交在你兒子阿貝沙隆手裏,使你陷入絕境,足見你是個殺人王」。
၈သင်သည်ရှောလု၏နိုင်ငံကိုသိမ်းယူခဲ့၍ သူ၏မိသားစုတို့ကိုသတ်သည့်အတွက် ယခုထာဝရဘုရားသည်သင့်ကိုဒဏ် ခတ်တော်မူပြီ။ ထာဝရဘုရားသည်နိုင်ငံ တော်ကိုသင်၏သားအဗရှလုံ၏လက်သို့ ပေးအပ်တော်မူပြီ။ အချင်းလူသတ်သမား၊ သင်သည်အကျိုးနည်းရလေပြီ'' ဟုကျိန် ဆဲလေ၏။
9 責魯雅的兒子阿彼瑟對君王說:「為什麼讓這死狗辱罵我主大王﹖讓我去砍下他的頭來! 」
၉ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
10 君王說:「責魯雅的兒子,我和我和你們有什麼關係﹖讓他罵吧! 如果上主吩咐他說:你咒罵達味! 誰還敢說:你為什麼這樣做﹖」
၁၀မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။-
11 達味對阿彼瑟和他的臣僕說:「唉! 我親生的兒子,尚且謀害我的生命,這個本雅明人更將如何﹖讓他罵吧! 因為上主吩咐了他。
၁၁ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
12 也許上主會憐恤我的困苦,會將他今日的咒罵,變成我的幸福」。
၁၂ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
13 達味與跟隨的人沿路前行,史米也沿著山路與他平排進行,邊走邊罵,向他拋石撒土。
၁၃ထိုနောက်ဒါဝိဒ်နှင့်နောက်တော်လိုက်သူတို့ သည်ဆက်လက်၍ခရီးပြုကြ၏။ ရှိမိသည် တောင်ခါးပန်းတစ်လျှောက်လိုက်၍ကျိန်ဆဲ ကာကျောက်ခဲများဖြင့်ပေါက်၏။ မြေမှုန့် များနှင့်လည်းပက်၏။-
14 君王與跟隨他的眾人,來到約旦河岸,非常疲倦,就在那裏暫且休息。
၁၄မင်းကြီးနှင့်အတူသူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်သို့ရောက်သောအခါ နွမ်းနယ်ကြ သဖြင့်ထိုအရပ်တွင်အပန်းဖြေကြ၏။
15 阿貝沙隆與跟隨他的眾以色列人進了耶路撒冷,阿希托費耳也同他在一起,
၁၅အဗရှလုံသည်လိုက်ပါလာသောဣသရေလ အမျိုးသားအပေါင်းတို့နှင့်အတူ ယေရု ရှလင်မြို့သို့ဝင်ကြ၏။ ထိုသူတို့နှင့်အတူ အဟိသောဖေလလည်းပါ၏။-
16 當達味的朋友阿爾基人胡瑟來見阿貝沙隆時,便對阿貝沙隆說:「大王萬歲! 「大王萬歲! 」
၁၆ဒါဝိဒ်၏လူယုံတော်ဟုရှဲသည်အဗရှလုံ ကိုတွေ့သောအခါ``မင်းကြီးသက်တော်ရှည် ပါစေသော။ မင်းကြီးသက်တော်ရှည်ပါစေ သော'' ဟုကြိုဆိုလေ၏။
17 阿貝沙隆對胡瑟說:「這是你對你朋友的恩情嗎﹖為什麼沒有去跟隨你的朋友﹖」
၁၇အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
18 胡瑟回答阿貝沙隆說:「不,因為凡上主和這個民族以及全以色列人所揀選的,我就跟隨他,與他住在一起。
၁၈ဟုရှဲက``အကျွန်ုပ်သည်အဘယ်သို့လိုက်သွား နိုင်ပါမည်နည်း။ ထာဝရဘုရားရွေးချယ်ခန့် ထားသူဤလူစုနှင့်ဣသရေလအမျိုးသား အပေါင်းတို့ရွေးချယ်ခန့်ထားသူ၏အစေ ကိုအကျွန်ုပ်ခံပါမည်။ အကျွန်ုပ်သည်အရှင် နှင့်အတူနေပါမည်။-
19 再者,我要事奉的是誰呢﹖先前我怎樣服事了你父親,也願怎樣服事你」。
၁၉အမှန်မှာအကျွန်ုပ်သည်မိမိသခင်၏ သားတော်ထံတွင်အမှုတော်မထမ်းဆောင် ပါလျှင် အဘယ်သူ၏ထံတွင်ထမ်းဆောင် ရပါမည်နည်း။ အကျွန်ုပ်သည်အရှင့်ခမည်း တော်၏အမှုတော်ကိုထမ်းဆောင်ခဲ့သည့် နည်းတူ ယခုအရှင်၏အမှုတော်ကို ထမ်းဆောင်ပါမည်'' ဟုလျှောက်၏။
20 阿貝沙隆對阿希托費耳說:「你們商討一下,我們該作什麼?」
၂၀ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
21 阿希托費耳對阿貝沙隆說:「你應去親近你父親留下看守宮殿的嬪妃,叫全以色列人知道你已惹下了你父親的仇恨,那些支持你的人,就必更加堅強」。
၂၁အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
22 於是人們在屋頂上,給阿貝沙隆支搭了一座帳棚;阿貝沙隆當著眾以色列人的面,親近了他父親的嬪妃。
၂၂သို့ဖြစ်၍အဗရှလုံသည်နန်းတော်အမိုး ထက်တွင်အမိုးမိုးစေပြီးနောက် လူအပေါင်း တို့၏မျက်မှောက်၌ခမည်းတော်၏မောင်းမ များနှင့်ကိုယ်လက်နှီးနှောမှုကိုပြု၏။
23 那時,阿希托費耳所出的主意,好像是詢問天主得來的神諭。凡阿希托費耳所出的主意,無論對達味,或對阿貝沙隆,都是如此。
၂၃ထိုစဉ်အခါကလူတို့သည်အဟိသော ဖေလပေးသည့်အကြံကို ဘုရားသခင် ၏ဗျာဒိတ်တော်သဖွယ်မှတ်ယူတတ်ကြ၏။ ဒါဝိဒ်နှင့်အဗရှလုံတို့လည်းမှတ်ယူ ကြသတည်း။