< 列王紀上 1 >
1 [達味年老]達味王年紀已老,雖然蓋著許多被褥,仍然不覺溫暖。
၁ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
2 於是他的臣僕對他說:「讓人為我主大王找一個年輕少女來,服侍大王,照料大王,睡在大王懷裏,溫暖我主大王。」
၂သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
3 他們就在以色列全境,尋找美麗的少女;找著了一個叔能女子阿彼沙格,便領她到君王那裏。
၃သူတို့သည်အဆင်းလှသည့်အမျိုးသမီး တစ်ဦးကို ဣသရေလပြည်တစ်လျှောက် လိုက်လံရှာဖွေကြရာရှုနင်မြို့သူအဘိ ရှက်ကိုတွေ့ရှိကြသဖြင့် မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။-
4 這少女非常美麗,她就照料服侍君王,君王卻沒有認識她。阿多尼雅的野心
၄လွန်စွာအဆင်းလှသည့်ထိုအမျိုးသမီးသည် မင်းကြီးအပါးတော်တွင်လုပ်ကျွေးပြုစုသော် လည်း မင်းကြီးသည်သူနှင့်ကိုယ်လက်နှီးနှောမှု ကိုမပြုချေ။
5 那時,哈基特的兒子阿多尼雅自尊自大說:「我必要作主! 」他遂為自己預備了車輛與騎兵,有五十人在他面前開道。
၅ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
6 他的父親一生從未責罵過他說:「你為什麼這樣做﹖」他出生於阿貝沙隆之後,也是個十分英俊的人。
၆
7 他曾與責魯雅的兒子約阿布和司祭厄貝雅塔爾商議過,他們二人都支持阿多尼雅。
၇သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။-
8 但是司祭匝多克、約雅達的兒子貝納雅、先知納堂、史米勒依,以及達味的勇士們,都不擁護阿多尼雅。
၈သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
9 一天,阿多尼雅在洛格耳泉旁的左赫肋特磐石上,宰殺了牛羊和肥犢,邀請了君王的兒子們─他所有的兄弟,和所有作君王臣僕的猶大人,
၉တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။-
10 惟獨沒有邀請先知納堂、貝納雅、勇士們和他的兄弟撒羅滿。先知勸立撒羅滿為王。
၁၀သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
11 納堂對撒羅滿的母親巴特舍巴說:「你沒有聽說:哈基特的兒子阿多尼雅已作了王,而我們的主上達味還不知道嗎﹖
၁၁ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
12 現在,我給你出個主意,好保全你和你兒子撒羅滿的性命。
၁၂သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
13 你去見達味,對他說:我主大王,你不是曾向你的婢女起誓說:你的兒子撒羅滿必要繼我為王,坐上我的寶座嗎﹖為什麼阿多尼雅卻作了王呢﹖
၁၃သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။-
14 當米還在那裏與君王說話時,我便隨後進來,證實你的話。」
၁၄ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
15 巴特舍特於是進了君王的內室。君王年紀已老,叔能女子阿彼沙格正在旁服侍君王。
၁၅ထို့ကြောင့်ဗာသရှေဘသည် မင်းကြီးအား ခစားရန်အဆောင်ထဲသို့ဝင်လေ၏။ မင်းကြီး သည်လွန်စွာအိုမင်းပြီဖြစ်၍ ရှုနင်မြို့သူ အဘိရှက်ကသူ့အားလုပ်ကျွေးပြုစုလျက် နေ၏။-
16 巴特舍特便俯伏叩拜君王。君王問說:「你有什麼事﹖」
၁၆ဗာသရှေဘသည်မင်းကြီး၏ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လိုက်သောအခါမင်းကြီး က``သင်အဘယ်အရာကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
17 巴特舍特答說:「我主,你曾指著上主你的天主向你的婢女起誓說:你的兒子撒羅滿必要繼我為王,坐上我的寶座。
၁၇ဗာသရှေဘက``အရှင်မင်းကြီး၊ အရှင်သည် ကျွန်မ၏သားရှောလမုန်အားအရှင့်အရိုက် ရာကိုဆက်ခံ၍ နန်းတင်ရမည်ဟုအရှင်၏ ဘုရားသခင်ထာဝရဘုရားနာမတော်ကို တိုင်တည်၍ကျိန်ဆိုကတိပြုတော်မူခဲ့ပါ၏။-
18 但是,現在阿多尼雅已作了主,而我主大王,你還不知道。
၁၈သို့ရာတွင်ယခုအဒေါနိယသည်ဘုရင် ဖြစ်လျက်နေလေပြီ။ သို့သော်အရှင်ထို သတင်းကိုကြားသိတော်မမူသေးပါ။-
19 他宰殺了許多牛、肥犢和羊,邀請了君王所有的兒子和厄貝雅塔爾司祭並約阿布元帥,惟獨你的僕人撒羅滿,他沒有邀請。
၁၉သူသည်နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ် များကိုယဇ်ပူဇော်ကာအရှင်၏သားတော် များ၊ ယဇ်ပုရောဟိတ်များနှင့်အရှင့်တပ်မ တော်ဗိုလ်ချုပ်ယွာဘတို့အားယဇ်ပူဇော်ပွဲ သို့ခေါ်ဖိတ်ပါ၏။ သို့ရာတွင်အရှင်၏ သားတော်ရှောလမုန်ကိုမူမခေါ်ဖိတ်ပါ။-
20 我主大王,現在全以色列人的眼望著你,等待你通告他們,誰要坐上我主大王的寶座,繼承大王。
၂၀အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
21 不然,將來我主大王同自己的祖先長眠之後,我和我的兒子撒羅滿必被列為罪犯。」
၂၁အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
၂၂ယင်းသို့လျှောက်ထားနေချိန်၌ ပရောဖက် နာသန်ရောက်ရှိလာသဖြင့်၊-
23 有人稟告君王說:「納堂先知來了。」他來到君王面前,便俯首至地,向君王下拜。
၂၃ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊-
24 納堂說:「我主大王,想必你說過,阿多尼雅必要繼我為王,坐上我的寶座
၂၄``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။-
25 因為他今天下去,宰殺了許多牛、肥犢和羊,邀請了君王所有的兒子和軍官,以及厄貝雅塔爾司祭;他們在他面前吃喝,呼喊說:阿多尼雅王萬歲!
၂၅ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-
26 至於你的僕人我、匝多克司祭、約雅達的兒子貝納雅,以及你的兒子撒羅滿,他都沒有邀請。
၂၆သို့ရာတွင်အဒေါနိယသည်ကိုယ်တော်၏ အစေခံအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ဗေနာယနှင့်ရှောလမုန်တို့ကိုမခေါ် မဖိတ်ပါ။-
27 如果這事是出於我主大王,難道你會不通告你的僕人,誰要坐上我主大王的寶座,繼承大王嗎﹖」
၂၇ဤအမှုအရာတို့ကိုအရှင်မင်းကြီးနှစ်သက် လက်ခံတော်မူပါသလော။ အရှင်၏အရိုက် အရာကိုမည်သူလက်ခံ၍နန်းတက်ရမည် ကိုမှူးမတ်တို့အားမဖော်မပြဘဲဤအမှု ကိုအရှင်မင်းကြီးစီရင်တော်မူပါသလော'' ဟုလျှောက်လေ၏။
28 韃味回答說:「快給我召巴特,舍巴來! 」她便進來立在君王面前。
၂၈ဒါဝိဒ်မင်းက``ဗာသရှေဘအား အခန်းထဲသို့ ပြန်၍ဝင်စေလော့'' ဟုဆိုလျှင် ဗာသရှေဘ သည်ဝင်လာ၍ရှေ့တော်တွင်ရပ်လျက်နေ၏။-
၂၉ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။-
30 我既然曾指著上主以色列的天主向你起誓說:你的兒子撒羅滿必要繼我為王,代我坐上我的寶座:今天我就要這樣作。」
၃၀ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
31 巴特舍巴遂俯伏在地,叩拜君王說:「願我主大王韃味萬歲! 」撒羅滿登極為王
၃၁ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
32 韃味王接著說:「將司祭匝多克、先知納堂、約雅韃的兒子貝納雅,給我召來。」他們都來到君王面前。
၃၂ထို့နောက်ဒါဝိဒ်မင်းသည်ဇာဒုတ်၊ နာသန်နှင့် ဗေနာယတို့ကိုခေါ်စေတော်မူ၏။ သူတို့ ရောက်ရှိလာသောအခါ၊-
33 君王對他們說:「率領你們主子的僕人,立刻叫我兒撒羅滿騎上我自己的騾子,護送他下到基紅去。
၃၃မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
34 司祭匝多克和先知納堂要在那裏給他傅油,立他為以色列王。你們要吹號歡呼說:撒羅滿王萬歲!
၃၄ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။-
35 以後,你們跟他上來,他要來坐在我的寶座,繼位為王,因為我已欽定他作以色列和猶大的領袖。」
၃၅သူသည်ငါ၏ရာဇာပလ္လင်ပေါ်တွင်စံတော်မူရန် ဤအရပ်သို့ပြန်လာချိန်၌သင်တို့သည်လည်း သူ၏နောက်မှလိုက်ခဲ့ရကြမည်။ သူ့အားဣသ ရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင်အဖြစ် ငါရွေးချယ်တော်မူပြီ။ ထို့ကြောင့်သူသည်ငါ ၏အရိုက်အရာကိုဆက်ခံ၍နန်းတက်ရ မည်'' ဟုမိန့်တော်မူ၏။
36 約雅達的兒子貝納雅回答君王說:「但願如此! 願我主大王的上主天主,如此照准!
၃၆ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။-
37 上主如何與我主大王同在,也願他與撒羅滿同在! 使他的王位高於我主君王達味的王位。」
၃၇ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။
38 於是司祭匝多克、先知納堂、約雅達的兒子貝納雅、革勒提人和培肋提人下去,叫撒羅滿騎上達味王的騾子,護送他到了基紅。
၃၈ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
39 司祭匝多克從會幕裏取過油角來,給撒羅滿傅了油,人們立即吹號,眾百姓一起歡呼說:「撒羅滿王萬歲!」
၃၉ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။-
40 以後,所有的人民擁護他上去,吹著笛子,盡情歡喜,以致大地也因他們的歡呼聲而震動了。阿多尼雅的黨羽瓦解
၄၀ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
41 阿多尼雅和他所請的一切客人歡宴剛完,都聽見了這聲音;約阿布一聽見號聲,便問說﹕「為什麼城中這樣鼓譟﹖」
၄၁အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
42 他正說話的時候,司祭厄貝雅塔爾的兒子約納堂來了,阿多尼雅說﹕「進來,你是個英雄好漢,想必帶來了好消息! 」
၄၂သူ၏စကားမဆုံးမီ၌ပင်ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်ရောက်ရှိလာသဖြင့် အဒေါနိယက``ဝင်ခဲ့လော့။ သင်သည်လူကောင်း တစ်ယောက်ဖြစ်၍သတင်းကောင်းကိုဆောင်ယူ လာသူဖြစ်ရပေမည်'' ဟုဆို၏။
43 約納堂回答阿多尼雅說﹕「不! 我們的主上達味王已立撒羅滿為王了。
၄၃ယောနသန်က``သတင်းကောင်းဖြစ်မည်မ ထင်ပါ။ အကျွန်ုပ်တို့အရှင်ဒါဝိဒ်မင်းသည် ရှောလမုန်အားမင်းမြှောက်လိုက်လေပြီ။-
44 君王派司祭匝多克、先知納堂、約雅達的兒子貝納雅、革勒提人和培肋提人,護送他下去,叫他騎上了君王的騾子。
၄၄မင်းကြီးသည်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့် ဘုရင့်ကိုယ်ရံတော်တပ်သားများအား ရှောလမုန် ကိုဘုရင်၏မြည်းတော်ပေါ်တွင်တင်၍ခေါ်ဆောင် သွားစေတော်မူပါ၏။-
45 司祭匝多克和先知納堂已在基紅給他傅了油,立他為王。現在他們正從那裏歡呼上來,震動了全城﹕這就是你們聽到的喧嚷聲。
၄၅ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
၄၆ရှောလမုန်သည်ယခုဘုရင်ဖြစ်လေပြီ။
47 君王的臣僕都來祝賀我們的主上達味王說﹕願你的天主使撒羅滿的名聲比你的名聲更榮耀,使他的王位比你的王位更興隆! 君王就伏在床上下拜,
၄၇မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
48 且說﹕上主以色列的天主應受讚美! 因為今天他指派了一個人坐上了我的寶座,我也親自眼看見了。」
၄၈`ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
၄၉ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
50 阿多尼雅也害怕撒羅滿,遂起來跑到上主的會幕內,抱住祭壇的角。
၅၀အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
51 有人告訴撒羅滿說﹕「看,阿多尼雅害怕撒羅滿王,抱住祭壇的角說﹕撒羅滿王先得向我起誓﹕決不用刀殺死他的僕人。」
၅၁``ရှောလမုန်မင်းသည်ကျွန်တော်အားကွပ်မျက် တော်မူမည်မဟုတ်ဟု ဦးစွာကျိန်ဆိုမိန့်မြွက် တော်မူပါစေ'' ဟုဆို၏။ ဤအချင်းအရာ ကိုရှောလမုန်မင်းအားလျှောက်ထားကြ၏။-
52 撒羅滿說:「如果他肯做一個忠義的人,他的一根頭髮也不會落在地上;但如果發現他有什麼不對,必死無疑。」
၅၂ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။-
53 撒羅滿王遂派人去,叫他從祭壇上下來;他便前來,俯伏在撒羅滿王前。撒羅滿對他說﹕「你回家去罷! 」
၅၃ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။