< Rom 2 >
1 Ayânaw lawk ouk ka ceng e tami nang, na yon na ramuk thai mahoeh. Bangkongtetpawiteh ayânaw lawk na ceng e patetlah nama ni roungroung na sak dawkvah, ayânaw lawk na ceng nah ka yon tie kamceng saknae lah ao.
၁သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
2 Cathut ni hottelah kaawm e taminaw hah lawk a ceng tie teh lawkkatang hoi a kânging tie maimouh ni panue awh.
၂ထိုသို့အကျင့်ဆိုးများကိုပြုကျင့်သူတို့ အားဘုရားသခင်အပြစ်စီရင်တော်မူသည် မှာ လျော်ကန်သင့်မြတ်ကြောင်းကိုငါတို့သိ ကြ၏။-
3 Hot patet e yon, ma ni sak nahlangva vah ayâ ni a sak e teh, akung ka khei e tami, Cathut e lawkcengnae dawk hoi ka hlout han telah na pouk maw.
၃သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-
4 Cathut lungmanae ni pankângainae lamthung dawk na hrawi e heh panuek laipalah, a lungmanae, a lungsawnae, panguepnae naw heh banglahai na noutna awh hoeh bo vaw.
၄သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
5 Hatei na lungpatanae hoi pankângaihoehnae dawkvah, a lungphuennae hnin lah kaawm e Cathut e a lannae hoi lawkcengnae hnin navah ma ni khang han e, a lungkhueknae teh na pâtung awh toe.
၅သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
6 Cathut ni tami pueng teh amamae a tawk awh e patetlah aphu a poe han.
၆ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-
7 Hnokahawi sak hanelah a lung katang niteh, bawilennae hoi barinae hoi kamko thai hoeh e hnonaw ka tawng e teh a yungyoe hringnae a poe han. (aiōnios )
၇အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။- (aiōnios )
8 Ma hane dueng pouk teh, lawkkatang tarawi laipalah, lanhoehnae dawk kho ka sak e taminaw koevah, puenghoi a lungkhueknae hoi a lungphuennae teh a pha sak han.
၈သို့ရာတွင်တစ်ကိုယ်ကောင်းသဘောရှိ၍ အမှန် တရားကိုပစ်ပယ်ကာအမှားဘက်သို့လိုက် ပါသူများသည် အမျက်တော်သင့်ကြလိမ့် မည်။-
9 Runae hoi pataw khangnae naw teh, ahmaloe vah, Judahnaw koe, hahoi Griknaw, kathoute hno kasaknaw pueng koe, kalenpounge runae teh a pha han.
၉ဦးစွာယုဒလူ၊ ထို့နောက်လူမျိုးခြားတို့ အနက်ဒုစရိုက်ကိုပြုသူအပေါင်းတို့ သည် ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာ ကိုခံရကြလိမ့်မည်။-
10 A bawilennae hoi barinae hoi lungmawngnae teh ahmaloe vah Judahnaw, hahoi Griknaw, hawinae ka sak e taminaw pueng koe a pha han.
၁၀သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။-
11 Bangkongtetpawiteh Cathut teh apie minhmai hai khen hoeh.
၁၁ဘုရားသခင်သည်မျက်နှာကြီးငယ်မလိုက် ဘဲတရားစီရင်တော်မူသတည်း။
12 Kâlawk panuek laipalah ka yon e naw teh kâlawk laipalah rawknae koe a pha awh han. Kâlawk panue nahlangva, ka yon e naw teh kâlawk e lawkcengnae hah a khang han.
၁၂လူမျိုးခြားတို့၌မောရှေ၏ပညတ်တရား မရှိ။ သူတို့အပြစ်ကူးကြသောအခါဆုံး ပါးပျက်စီးရကြမည်သာဖြစ်၏။ ပညတ် တရားရှိသောယုဒအမျိုးသားတို့အပြစ် ကူးလွန်သည့်အခါ သူတို့သည်ပညတ်တရား ပြဋ္ဌာန်းသည့်အပြစ်ဒဏ်ကိုခံရကြ၏။-
13 Bangkongtetpawiteh, a lawk ka thai e ni Cathut hmalah lannae coe hoeh. A lawk ka tarawi e ni doeh Cathut hmalah lannae teh a coe.
၁၃လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
14 Jentelnaw ni teh kâlawk panuek laipalah amamae a tawksaknae heh a kâuepkhai awh.
၁၄လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
15 Ma hoi ma kâpanuenae ni a kampangkhai teh, buet touh hoi buet touh a kâpan awh teh, yon a kângaithoum awh teh, amamae lungthin thung kaawm e thoehawi kamcengcalah a kamnue sak awh.
၁၅ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
16 Kai ni ka dei e kamthang kahawi patetlah Cathut ni Jisuh Khrih lahoi yah, taminaw e arulahoi a tawksak e naw hah lawkcengnae hnin toteh hottelah lawk a ceng han.
၁၆သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
17 Nang teh namahoima Judah tami lah na kâpouk teh, kâlawk na kâuep teh, Cathut na kâuepkhai teh,
၁၇သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
18 Cathut ngainae ka panuek e tami, kâlawknaw na tarawi teh, kapekkaboe thai e tami lah na o teh,
၁၈သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။-
19 mitdawnnaw lam ka pâtue e tami, kahmawt um kaawm naw ka ang sak e tami,
၁၉မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
20 tamikaponaw ouk ka yue e tami, camonaw ka cangkhai e tami, kâlawk lahoi lungangnae hoi lawkkatang ka panuek e tami lah ka o titeh mahoima na ka pouk e lah na awm pawiteh,
၂၀
21 ayânaw na yue nahlangva vah, namahoima na ka cangkhai thai hoeh maw. Ayânaw e hno parawt hanh telah na dei nahlangva vah na paru bo vaw.
၂၁သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-
22 Uicuk hanh na ti nahlangva, nama na uicuk bo vaw. Meikaphawk na panuet nahlangva bawkim na raphoe bo vaw.
၂၂သင်သည်အခြားသူတို့အားသူတစ်ပါး၏ အိမ်ရာကိုမပြစ်မှားရန်တားမြစ်ပါလျက် အဘယ်ကြောင့်သင်ကိုယ်တိုင်ပြစ်မှားပါ သနည်း။ သင်သည်ရုပ်တုကိုရွံရှာပါလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ရုပ်တုတည်ရာ ဗိမာန်ကိုလုယက်ပါသနည်း။-
23 Kâlawk na kâoupkhai nahlangva vah, hote kâlawk hah na tapoe teh, Cathut na bari hoeh bo vaw.
၂၃သင်သည်ပညတ်တရားကိုအမှီပြု၍ဂုဏ် ယူဝါကြွားပါလျက် အဘယ်ကြောင့်ထိုပညတ် တရားကိုချိုးဖောက်ခြင်းအားဖြင့် ဘုရား သခင်၏အသရေတော်ကိုဖျက်နေပါသနည်း။-
24 Bangkongtetpawiteh Cakathoung dawk a thut e patetlah Jentelnaw ni nange na nuencang hah a khet awh teh Cathut min a pathoe awh.
၂၄ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။
25 Nang teh kâlawk na tarawi pawiteh vuensoma e lahoi ahawinae ao. Hatei kâlawk na ek pawiteh nange vuensoma e teh a hoeh e patetlah bout ao.
၂၅သင်သည်ပညတ်တရားကိုစောင့်ထိန်းသူဖြစ် ပါမူ သင်၏အရေဖျားလှီးခြင်းမင်္ဂလာသည် အဋ္ဌိပ္ပါယ်ရှိ၏။ သို့ရာတွင်အကယ်၍ပညတ် တရားကိုချိုးဖောက်သူဖြစ်ပါက အရေဖျား လှီးခြင်းမင်္ဂလာမခံခဲ့လျှင်ပို၍ကောင်းလိမ့် မည်။-
26 Hothloilah vuensoma hoeh e tami teh, kâlawk heh tarawi pawiteh, ahnie vuensoma hoeh e heh vuensomanae lah ouk pouk pouh nahoehmaw.
၂၆အကယ်၍အရေဖျားလှီးခြင်းမင်္ဂလာမခံသူ လူမျိုးခြားတစ်ယောက်သည် ပညတ်တရား ပြဋ္ဌာန်းချက်များကိုထိန်းသိမ်းလိုက်လျှောက် ပါမူ ထိုသူအားဘုရားသခင်သည်အရေ ဖျားလှီးမင်္ဂလာခံသူကဲ့သို့မှတ်ယူတော်မူ မည်မဟုတ်လော။-
27 Hatnavah takthai dawk vuensom ka a hoeh nakunghai kâlawk tarawi pawiteh, kâlawk lahoi vuensomanae ao nahlangva, kâlawk na ek pawiteh, lawkceng lah na o han.
၂၇သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-
28 Bangkongtetpawiteh, alawilah hoi Judah tami lah kaawm e tami teh, Judah tami katang nahoeh. Alawilah hoiyah tak dawk vuensoma e teh vuensoma katang e nahoeh.
၂၈နိဂုံးချုပ်ရသော်ယုဒအမျိုးသားဟူ၍ထင် မှတ်ခြင်းခံရသူတိုင်းသည် ယုဒအမျိုးသား အစစ်အမှန်မဟုတ်။ လူတစ်ဦးတစ်ယောက် သည်အရေဖျားလှီးမင်္ဂလာကိုခံခြင်းအား ဖြင့်ယုဒအမျိုးသားဖြစ်၍မလာ။-
29 Thung lahoi Judah tami katang lah kaawm e doeh Judah tami katang. Vuensomanae hai Ca Karuem lahoi laipalah Muitha lahoi lungthin koelae vuensomanae doeh vuensoma e katang lah kaawm. Hot patetlah vuensom ka a e teh tami oupnae laipalah, Cathut ni oup e lah ao.
၂၉ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။