< Sam 84 >

1 Kathutkung: Korah capanaw Oe ransahu BAWIPA, na onae teh banghloimaw ngai ao.
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊
2 Ka hringnae ni a rabui, Bokheiyah, BAWIPA thongma rabui laihoi ka tâwn. Ka lungthin hoi ka takthai ni kahring Cathut teh atangcalah a kaw.
ထာဝရဘုရား၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။
3 Oe ransahu BAWIPA, ka Siangpahrang hoi ka Cathut, na thuengnae khoungroe dawk pusu ni tabu a tuk teh, pingpit ni hai a canaw ta nahanelah tabu a tuk.
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ် စင်စစ်ယဇ်ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
4 Na im dawk kaawmnaw teh, a yaw kahawi e doeh. Pou na pholen awh han. (Selah)
အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
5 Nang thaonae lah ka hnonaw hoi hmuen ka thoung koe cei ngainae lungthin ka tawn naw teh tami a yaw kahawi e doeh.
ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ၏။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။
6 Baca yawn dawk a cei awh navah, tuiphuek tâconae lah a coung sak teh, khotui hai a kamuem sak.
သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
7 Thaonae koehoi thathoenae koe lah cei awh teh, buet touh hnukkhu buet touh Zion Cathut hmalah a kamnue awh.
သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော်၌ မျက်နှာပြကြပါ၏။
8 Oe ransahu Cathut BAWIPA, ka ratoumnae heh na thai pouh haw. Oe, Jakop Cathut, na hnâpakeng haw.
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်၏ပဌနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ နားထောင်တော်မူပါ။
9 Oe Cathut, ka bahling khen nateh, Satui na awi e mei hah khenhaw!
အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိတ်ခံသောသူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။
10 Bangkongtetpawiteh, na thongma dawk hnin touh o e teh, alouklah hnin 1,000 touh o e hlak ahawihnawn. Thoenae rim dawk o e hlak teh Cathut im longkha ring e ka ngaihnawn.
၁၀တန်တိုင်းတော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
11 Bangkongtetpawiteh, BAWIPA Cathut teh kanî hoi bahling doeh. BAWIPA ni lungmanae hoi bawilennae a poe han.
၁၁ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
12 Oe ransahu BAWIPA, nang kâuep e teh a yaw kahawi e doeh.
၁၂ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသော သူသည် မင်္ဂလာရှိပါ၏။

< Sam 84 >