< Sam 27 >
1 Kathutkung: Devit BAWIPA nang teh angnae hoi kaie rungngangnae doeh. Apihai ka taket ma hoeh. BAWIPA nang teh na kanguekung ka rapan la doeh na o ka lungpuen mahoeh.
၁ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
2 Tami kahawihoehnaw ni na tuk teh thei hanlah na nout navah ouk a rawp awh teh ouk a tâlaw awh.
၂ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေ တိုက်မိ၍ လဲကြ၏။
3 Ransahu kalenpoung ni na kalup nakunghai ka lungpuen mahoeh. Taran ni na ka tuk nahai Cathut nang teh na kângue mingming han.
၃ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
4 BAWIPA koe hno hei han ka ngai e hno buet touh doeh kaawm. Hothateh ka hring yunglam BAWIPA imthung o hane hoi yah, kângai runae lahoi lam na hrawi tie hah doeh.
၄ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။
5 Rucatnae atueng dawkvah hnâroumcalah a rathei rahim na o sak. A bawkim thung vah hnâroumcalah na ta, ka rasang e lungsong van na thueng.
၅အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
6 Hatdawkvah ka tengpam e kaawm e ka taran teh katâ han lunghawinae pawlawk hoi a bawkim thungvah thuengnae teh ka poe han.
၆ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
7 BAWIPA pahren lahoi, kai ni na kaw navah ka lawk na thai pouh nateh kahei e na thai pouh haw.
၇အိုထာဝရဘုရား၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။
8 Kai koe, Tho haw na ka tet e BAWIPA koe ka tho han.
၈ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။
9 Kai koe na minhmai hrawk hanh. Kai koe na lungphuen hanh, na san heh na pâlei hanh lah a. Oe Cathut kaie rungngangnae nang teh kabawmkung doeh. Na cettakhai hanh. Pak na tha hanh lah a.
၉အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
10 Anu hoi apa ni na ka pahnawt nakunghai BAWIPA nang ni pou na khenyawn lah a.
၁၀ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
11 Oe, BAWIPA taran ka tawn dawkvah roumnae lam koe lahoi na cetkhai lah a. Na ngainae na pâtu haw.
၁၁အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
12 Laithoe hoi pou na ka yue e taran koe na tat hanh.
၁၂မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။
13 A taminaw lathueng BAWIPA hawinae ka hmu roeroe han telah ka yuem.
၁၃အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
14 BAWIPA teh kângue awh, yuemnae tawn awh, na lungpout awh hanh. BAWIPA teh kângue awh.
၁၄ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။