< Lawkcengkung 15 >
1 Hathnukkhu hoi canga lahun navah, Samson ni hmaeca a sin teh, a yu a pâtam. Ahni ni, ka yu koe roe hanelah rakhan thung na kâen sak haw atipouh. Hatei, a na pa ni kâen han pasoung pouh hoeh.
၁ကာလအနည်းငယ်ကြာ၍ဂျုံစပါးများ ရိတ်သိမ်းချိန်ရောက်သောအခါ ရှံဆုန်သည် ဆိတ်ငယ်တစ်ကောင်ကိုယူ၍မိမိဇနီးထံသို့ အလည်သွားလေသည်။ သူသည်သူငယ်မ၏ ဖခင်အား``အကျွန်ုပ်သည်ဇနီး၏အိပ်ခန်းသို့ ဝင်လိုပါသည်'' ဟုပြော၏။ သို့ရာတွင်ဖခင်ဖြစ်သူကဝင်ခွင့်မပေးချေ။-
2 A na pa ni, ka canu hah na pahnawt toe telah ka pouk dawkvah, na hui koe yo ka poe toe. A nawngha teh ahni hlak a mei ahawi nahoehmaw. A hmau e yueng lah a nawngha ma lat lawih atipouh.
၂သူသည်ရှံဆုန်အား``သင်သည်သင်၏ဇနီးအား မုန်းလေပြီဟုအကယ်ပင်ငါထင်မှတ်သဖြင့် သူ့အားသင်၏မိတ်ဆွေနှင့်ပေးစားလိုက်ပါ သည်။ သို့ရာတွင်သူ၏ညီမသည်သူ့ထက်ပင် ပို၍လှပါ၏။ သူ့အစားထိုသူငယ်မကို သင်ယူနိုင်ပါသည်'' ဟုဆိုလေသည်။
3 Samson ni ahnimouh koe, atuteh, Filistinnaw heh patawnae puenghoi ka poe nakunghai, kai teh pathoe han awm hoeh toe telah atipouh.
၃ရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊-
4 Hahoi teh, Samson a cei teh, Asuihu 300 touh a man teh, a mai dawk hmaito koung a kawm pouh.
၄ထွက်သွားပြီးလျှင်မြေခွေးသုံးရာကိုဖမ်း ဆီး၍ နှစ်ကောင်တစ်တွဲအမြီးချင်းဆက်ကာ အမြီးထုံးကြားထဲတွင်မီးတုတ်ကိုချည် ၏။-
5 Hmaitonaw hah hmai a toteh, Filistinnaw e law um a yawng sak teh, cang hai thoseh, cabongnaw hai thoseh, misur takha, olive takhanaw hai thoseh koung a kak pouh.
၅ထိုနောက်မီးတုတ်ကိုမီးညှိ၍ ဖိလိတ္တိလယ် များထဲသို့မြေခွေးတို့ကိုလွှတ်လိုက်လေ သည်။ ဤနည်းအားဖြင့်သူသည်ရိတ်သိမ်း ပြီးဂျုံစပါးတို့ကိုသာမကမရိတ်သိမ်း ရသေးသည့်ဂျုံပင်များကိုပါမီးသင့် လောင်ကျွမ်းသွားစေ၏။ သံလွင်ဥယျာဉ် တို့သည်လည်းမီးလောင်ကျွမ်းကုန်၏။-
6 Filistinnaw ni, het heh apimaw ka sak ati awh. Ahnimouh ni Timnah e cava Samson ni doeh ati awh. A yu a lawp awh teh, a hui a poe pouh awh dawkvah ati awh. Hahoi teh, Filistinnaw ni hote napui hoi a na pa im hmai ngeng a sawi pouh awh.
၆ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
7 Samson ni hettelah na sak awh dawkvah, nangmouh koe let na pathung awh roeroe han. Hathnukkhu doeh duem kaawm ti atipouh.
၇ရှံဆုန်ကဖိလိတ္တိအမျိုးသားတို့အား``သင် တို့သည်ဤသို့ပြုကြသည်ဆိုလျှင် ငါသည် လည်းသင်တို့အားလက်စားမချေရမချင်း နားနေလိမ့်မည်မဟုတ်ကြောင်းငါကျိန်ဆို ၏'' ဟုဆို၍၊-
8 A cusin awh teh, buet touh hai hlout laipalah he a thei. Hahoi ka yawng ni teh Etam lungha kâko dawk a kâhro awh.
၈သူတို့အားပြင်းထန်စွာတိုက်ခိုက်လေ၏။ သူ သည်လူအမြောက်အမြားကိုသတ်ဖြတ်ပြီး နောက် ဧတံကျောက်ဆောင်အတွင်းရှိဂူ၌ သွားရောက်နေထိုင်လေသည်။
9 Hahoi Filistinnaw teh a takhang awh teh, Judah kho vah a roe awh. Lehi vah tueng a kâyat awh.
၉ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
10 Hahoi Judahnaw ni bangkongmaw kaimouh tuk hanlah na tho awh atipouh awh. Ahnimouh ni, Samson man hane hoi, kaimouh ka tak dawk a sak e patetlah a tak dawk sak hanelah ka tho awh atipouh.
၁၀ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
11 Hottelah, Judahnaw 3,000 touh Etam lungha kâko dawk a yawng awh teh, Samson koevah, Filistinnaw ni na uk awh e heh na panuek awh hoeh maw telah ati. Ahni ni, ahnimouh koe kai ka tak dawk a sak e patetlah ka sak pouh e doeh telah ati.
၁၁ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
12 Hatei, ahnimouh ni, ama koe Filistinnaw kut dawk na poe nahanelah, nang man hanelah, ka tho atipouh awh. Na thet mahoeh tie lawk kâkam ei telah atipouh awh.
၁၂သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။
13 Ahnimouh ni na thet awh mahoeh. Hatei, kacaklah na katek awh vaiteh, a kut dawk na poe awh han telah atipouh awh. Hahoi tangron katha yung hni touh hoi a katek awh teh, lungsong koe hoi a takhangkhai awh.
၁၃``ကောင်းပြီ။ ငါတို့သည်သင့်ကိုချည်နှောင်၍ ထိုသူတို့၏လက်သို့အပ်နှံပါအံ့။ သင့်အား ငါတို့သတ်မည်မဟုတ်ပါ'' ဟုကတိပြု ကြ၏။ ဤသို့လျှင်သူတို့သည်သူ့အားကြိုး သစ်နှစ်ချောင်းဖြင့်ချည်နှောင်ပြီးလျှင်ကျောက် ဆောင်မှပြန်လည်ခေါ်ဆောင်လာကြ၏။
14 Lehi a pha awh toteh, Filistinnaw a tho awh teh, a hramki sin awh. BAWIPA e Muitha a thakaawmpounge hah a tak dawk a pha teh, a kut dawk kateknae ruinaw pueng teh hmai hoi thoukthouk ka kang e patetlah a kut dawk hoi pak a ca pouh.
၁၄လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-
15 La e a kamhru katha a pâphawng teh, hot hoi Filistinnaw 1,000 touh a thei.
၁၅ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
16 Samson ni telah ati. La e kamhru hoi thouk ka mawk teh, La kamhru hoi tami 1,000 touh ka thei toe.
၁၆သို့ဖြစ်၍ရှံဆုန်က၊ ``မြည်းမေးရိုးဖြင့်လူတစ်ထောင်ကိုငါသတ်ပြီ။ မြည်းမေးရိုးဖြင့်အလောင်းတွေအပုံပုံဖြစ်စေပြီ'' ဟူ၍သီဆိုလေ၏။
17 Hottelah lawk a dei hnukkhu, la e kamhru a sin e hah a tâkhawng teh, hote hmuen teh Ramathlehi telah ati awh.
၁၇ထိုနောက်သူသည်မြည်းမေးရိုးကိုလွှင့်ပစ်လိုက် သည်။ ဤအမှုအရာဖြစ်ပျက်သည့်အရပ်ကို ရာမတ်လေဟိဟူ၍ခေါ်ဝေါ်ကြသတည်း။
18 Hahoi, tui hroung a kahran teh, BAWIPA hah a kaw. Nang ni na san e kut heh hno lahoi lentoe e lahoi na rungngang. Atu tui kahran lawi meimei ka due toe. Vuensom ka a hoeh naw e kut dawk maw kai ka kâpoe han toung.
၁၈ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
19 Cathut ni Lehi hmuen koe a kavi pouh teh, tui a tâco. Hote a nei toteh, a kâha teh a tha bout akawi.
၁၉ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
20 Hottelah, Filistinnaw senah, Isarelnaw hah kum 20 touh a uk.
၂၀ရှံဆုန်သည်လည်းဖိလိတ္တိအမျိုးသားတို့ ကြီးစိုးနေချိန်၌ ဣသရေလအမျိုးသား တို့အားအနှစ်နှစ်ဆယ်တိုင်တိုင်ခေါင်း ဆောင်ခဲ့လေသည်။