< Joshua 9 >
1 Jordan tui kanîloumlah mon dawkvah, tanghling Lebanon mon namran tuipui tengpam pueng kaawm e, Hitnaw, Amornaw, Kanaannaw, Periznaw, Hivnaw, hoi Jebusitnaw e siangpahrang pueng ni kamthang a thai toteh,
၁ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင် လယ်ကမ်းတရှောက်လုံး၌၎င်း နေသော ဟိတ္တိ၊ အာမော ရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ၊
2 Joshua hoi Isarelnaw tuk hanelah lung kângingcalah a kamkhueng sak awh.
၂ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ၏။
3 Hahoi Gibeon kaawm e taminaw ni Jeriko kho, Ai kho dawkvah Joshua ni a sak e hno a thai awh torei teh,
၃ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
4 huenghai hoi laicei patetlah a kâsak teh, la dawkvah ka pon e yawngyanaw a phu sak awh, ka pon ni teh a bo awh e misurumnaw a sin awh.
၄ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
5 Karuem e a bo awh e khokkhawmnaw a khawm awh teh, karuem e khohnanaw a khohna awh. Amo ka cawt e naw hah lamvon lah a sin awh.
၅ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊
6 Joshua onae Gilgal rim koe a pha toteh, kaimanaw teh, kâhuiko hanelah, kahlatpoung e ram koehoi ka tho awh telah Joshua hoi Isarelnaw koe ati awh.
၆ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ၏။
7 Isarel miphunnaw ni nangmanaw teh kaimae teng na o hoi na o hoeh hane hai ka panuek thai awh hoeh. Bangtelah hoi maw lawkkamnae na sak thai telah atipouh navah,
၇ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ
8 ahnimouh ni kaimanaw teh, nangmae san doeh telah Joshua koe atipouh awh. Joshua ni nangmanaw teh bangtelae tami maw, na lahoi maw na tho awh telah a pacei.
၈သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊
9 Ahnimouh ni nange BAWIPA Cathut min kecu dawk nange na sannaw ni ka hlatpoung e ram koehoi ka tho awh toe. BAWIPA Cathut e kamthang hah Izip ram hoi a sak e hnonaw hoi,
၉သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊
10 Jordan palang kanîtholah kaawm e Amor siangpahrang Heshbon, Sihon, Ashtaroth kaawm e Bashan Siangpahrang Og dawkvah a sak e pueng hah a thai awh toe.
၁၀ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိ မင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို ၎င်း ကြားပါပြီ။
11 Hatdawkvah kaimouh koevah kacuenaw hoi kho ka sak e abuemlah ni lamvon sin awh vaiteh, ahnimouh dawn hanelah cet awh. Maimanaw teh, ahnimae san lah o hane hoi kâhuiko hanelah kâhei awh han telah lawk na thui toe.
၁၁ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
12 Nang koe tho hanelah kamthaw hnin vah lamvon hanelah kamamouh im hoi na sin awh e vaiyai teh, ka bethuepcalah, ao rah. Atu khenhaw! ka ke ni teh a mocu toe.
၁၂ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက် လျက် မှိုတက်လျက်ရှိပါ၏။
13 Misur ka kawi e misurumnaw hai a katha e ei, khenhaw! a kâbawng toe. Khohna e, khokkhawmnaw hai ka hlatpoung e lah ao dawkvah a ruem toe ati awh.
၁၃စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
14 Isarelnaw ni BAWIPA koe pacei laipalah ahnimae lamvon teh a ca awh.
၁၄ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
15 Joshua ni hai ahnimouh teh, kâtuknae dawk hoi hlout sak teh, hlout awh nahanelah kâhuikokhai awh. Rangpui kahrawinaw hai thoekâbonae sak.
၁၅ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
16 Kâhuikonae a sak awh hnukkhu, hnin thum touh a loum toteh, ahnimanaw teh, kho thung kaawm e telah Isarel miphunnaw a panue awh.
၁၆မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
17 Hat toteh, apâthum hnin vah, ahnimae khonaw dawk a pha awh. Ahnimouh khonaw teh, Gibeon, Kephirah, Beeroth, Kiriath-Jearim doeh.
၁၇ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
18 Rangpui kahrawinaw ni Isarel miphunnaw e BAWIPA Cathut koe thoekâbonae lawkkam a sak awh toung dawkvah Isarel miphunnaw ni ahnimanaw teh thet awh hoeh. Rangpuinaw ni kahrawikungnaw yon a pen awh.
၁၈ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။
19 Kahrawikungnaw ni maimanaw teh Isarel miphunnaw e BAWIPA Cathut koe thoebonae lawkkam toung dawkvah, ahnimanaw hah tek thai awh mahoeh toe.
၁၉အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
20 Ahnimouh koe thoebonae sak awh toung dawkvah, a lungkhueknae phat langvaih tie a taki awh. A hringnae hlout sak dawkvah bangtelamaw ti han tie teh,
၂၀သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
21 Kahrawikungnaw ni lawk a kam e patetlah a hringnae hlout sak vaiteh, rangpuinaw hanelah thing ka bouk hane, tui ka do hanelah o sak han telah rangpuinaw koe atipouh.
၂၁အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ၏။
22 Joshua ni ahnimanaw a kaw teh, nangmanaw teh kaimae teng na o awh nahlangva, ka hlatpoung koehoi ka tho e na kâti awh teh, bangkongmaw kaimouh na dum awh.
၂၂ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။
23 Atuteh nangmanaw ni thoe na kâbo awh toung dawkvah, san lah na o awh vaiteh, kaie Cathut e im hanelah, thing bouk, tuido, e thaw buet touh hai na hlout awh mahoeh, atipouh.
၂၃ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။
24 Ahnimouh ni hai hete ram pueng hah nangmanaw na poe teh, khocaramca pueng teh, nangmae hmalah be thei hanelah, nange BAWIPA Cathut ni amae san Mosi koe lawk a thui tie hah, kaimouh ni khei ka thai awh teh ka panue awh dawkvah, nangmae kut dawk due hanelah ka takipoung dawkvah, hete hno hah ka sak awh toe.
၂၄သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
25 Atu kaimouh teh nange kut dawk ka o awh. Kaimouh dawk na sak hanelah a kamcu tie na pouk e patetlah sak yawkaw telah Joshua koe atipouh awh.
၂၅ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
26 Hottelah Joshua ni a sak teh, ahnimae a hring hlout nahanelah, Isarelnaw e kut dawk hoi a rungngang.
၂၆ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊
27 BAWIPA ni a rawi e hmuen koe thuengnae khoungroe hane hoi rangpuinaw hanelah ahnimanaw ni atu totouh thing a bouk awh teh, tui do nahanelah, hatnae tueng dawkvah lawk a tâtueng awh.
၂၇ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေ ခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ လျှင်၊