< Joshua 18 >
1 Isarel miphun tamimaya abuemlah ni Shiloh kho dawk a kamkhueng awh teh, tamimaya kamkhueng nahane lukkareiim hah a sak awh. Ahnimae hmalah ram pueng teh a kârahnoum awh.
၁ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။
2 Hahoi torei Isarel miphunnaw Sari touh ni râw talai teh a hmu hoeh rah dawkvah,
၂ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည်ဖြစ်၍၊
3 Joshua ni nangmae mintoenaw e BAWIPA Cathut ni na poe awh e talai teh, nangmouh ni lat laipalah nâ sittouh maw na o awh han rah.
၃ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
4 Nangmouh thung dawk miphun buet touh dawk tami kathum touh rawi nateh, kai ni ka tha han. Ahnimouh ni ram tangkuem dawk a cei vaiteh, râw coe han kamcu e patetlah, a thut awh hnukkhu, kai koe bout a tho han.
၄သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး သို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
5 Ahnimouh ni ram teh Sari touh lah a khuen awh han. Judah miphunnaw ni akalah amamae hmuen koe ao han. Joseph miphunnaw ni atunglah amamae hmuen koe ao han.
၅သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
6 Ram teh sari touh lah a khuen awh hnukkhu, ram kong na thut e hah kai koe na sin vaiteh maimae BAWIPA Cathut e hmalah nangmouh hane cungpam rayu han.
၆ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။
7 Levihnaw teh nangmouh hoi kâkalawt e buet touh hai lat mahoeh. BAWIPA Cathut e vaihma thaw teh ahnimae râw lah ao. Gadmi phun, Reuben miphun, Manasseh miphun tangawn ni Jordan palang kanîtholah Cathut e san Mosi ni a poe e patetlah râw talai teh a coe toe telah Isarelnaw koe a dei pouh.
၇လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။
8 Hote taminaw ni a cei teh, Joshua ni hai ram thung pueng dawk cet awh nateh, be na tuet hoi kai koe bout tho awh. Shiloh kho vah BAWIPA Cathut e hmalah nangmouh hanelah, cungpam khoe han telah ram kong thut hanelah, ka cet e taminaw hah lawk a thui e patetlah,
၈ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
9 ahnimouh teh, ram thung pueng dawk a cei awh teh khopuinaw kaawm e patetlah, hmuen sari touh lah a khuen awh hnukkhu cauk dawk a thut awh teh, Joshua onae koe Shiloh bout a tho awh.
၉သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
10 Joshua ni Shiloh kho dawk BAWIPA Cathut hmalah cungpam a khoe teh, Isarel miphunnaw lengkaleng talai a khuen pouh.
၁၀ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။
11 Benjamin miphunnaw ni cungpam a rayu awh teh, imthung lahoi a coe awh e talai teh Judah miphunnaw hoi Joseph miphunnaw a rahak dawk a bo awh.
၁၁ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။
12 Talai kâkhuennae teh, atunglah Jordan palang hoi kamtawng teh, Jeriko kho atunglah kanîloumlah mon dawk, a cei teh, Bethaven ramke totouh a pha.
၁၂မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော် ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။
13 Hahoi akalah a cei teh, Bethel kho teng dawk a cei teh, Bethhoron kho, akalah kaawm e mon rahim Atarathaddar kho dawk a pha hoi teh,
၁၃တဖန် တောင်မျက်နှာသို့သွား၍ ဗေသလ လုဇ မြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊
14 Hote mon dawk hoi a tâco teh, tuipui akalah Judah miphun a onae Kiriath Jearim kho tie Kiriathbaal, kho dawk a tâco. Hetheteh, kanîloumlae ramri lah ao.
၁၄ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။
15 Akalah ramri teh, Kiriath Jearim kho poutnae koehoi kanîloum koe atunglah, Nephtoah tuiphuek koe a pha.
၁၅တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
16 Hinnom e capa e tanghling e hmalah, Rephaim tanghling atunglah kaawm e mon rahim lah a tho teh, Jebusit kho akalah Hinnom tanghling koe lah, Enrogel kho koe lah,
၁၆ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊
17 atunglah atengvah, Enshemesh kho koe lah, Adummin monrui namran Geliloth kho koe lah, Reuben e capa Bohan e talung koe lahoi a cathuk teh,
၁၇မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း ရောက်လေ၏။
18 Arabah kho atunglah, kamlang a cei teh, Arabah kho lah a pha.
၁၈တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
19 Bethhoglah kho atunglah a cei teh, Palawi tuipui atunglah Jordan tui dawk a pout. Hetheteh akalae ramri lah ao.
၁၉ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
20 Jordan tui teh kanîtholae ramri lah ao. Hetheteh, Benjaminnaw ni imthung lahoi râw lah a coe awh e ram doeh.
၂၀ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။
21 Benjamin miphunnaw ni imthung lahoi a tawn e khonaw teh: Jeriko, Bethhoglah, Emekkeziz,
၂၁ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
22 Betharabah, Zemaraim, Bethel,
၂၂ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
၂၃အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
24 Kepharammoni, Ophni, Geba, hoi kho 12 touh a pha.
၂၄ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း။
25 Gibeon, Ramah, Beeroth,
၂၅ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
26 Mizpeh, Khephirah, Mozah,
၂၆မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
27 Rekem, Irpeel, Taralah,
၂၇ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
28 Zelah, Eleph, Jerusalem tie Jebusit, Gibeah, hoi Kiriath, kho hoi khotenaw hoi 14 touh a pha. Hetheteh, Benjamin miphunnaw ni imthung lahoi a tawn e râw lah ao.
၂၈ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။