< Daniel 1 >
1 Judah siangpahrang Jehoiakim a bawinae a kum thum nah, Babilon siangpahrang Nebukhadnezar ni Jerusalem kho a thosin teh, king a kalup.
၁ယုဒ ရှင်ဘုရင် ယောယကိမ် နန်းစံ သုံး နှစ် တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့သို့ ချီလာ၍ ဝန်းရံ လေ၏။
2 BAWIPA ni Judah siangpahrang Jehoiakim hoi bawkim dawk e hnopainaw a tangawn hah Nebukhadnezar kut dawk a poe. Nebukhadnezar ni a man e naw hah, Babilon kho kaawm e amamae bawkim thung a hrawi teh, hnopainaw hah hnopai im dawk a hruek awh.
၂ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။
3 Hat toteh, siangpahrang ni tuenlanaw dueng dawk kacuelah kaawm e Asphenaz hah a kaw teh,
၃ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊
4 Isarelnaw man e naw thung dawk hoi, a takthai kahawi e, a mei kahawi e, kamtu thai e, a lawkdei kahawi e, panuenae dawk a hue karang e naw hoi, siangpahrang im dawk thaw tawk han kamcu e nawsainaw hah na rawi han. Hahoi, Khaldean ca hoi lawk hah na cangkhai han atipouh.
၄မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။
5 Siangpahrang e rawca hah kum thum totouh hnintangkuem paca hnukkhu, siangpahrang im thaw a tawk awh han.
၅ပွဲတော်မှ ကြွင်းသောအစာ နှင့် သောက် တော်မူသော စပျစ်ရည် ကို နေ့ တိုင်းပေး၍ သုံး နှစ် ကျွေးမွေးပြီးမှ၊ အမှု တော်ထမ်းရမည်အကြောင်းစီရင် တော်မူ၏။
6 Hotnaw thung dawkvah, Judah tami Daniel, Hananiah, Mishael, hoi Azariah tinaw a kâpa awh.
၆ထိုသူ တို့တွင် ယုဒ အမျိုးသား ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့သည် ပါ ကြ၏။
7 Tuenla e naw kaukkung ni, ahnimanaw hah a min koung athung pouh. Daniel hah Belteshazzar, Hananiah hah Shadrak, Mishael hah Meshak, Azariah hah Abednego atipouh awh.
၇မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
8 Daniel ni siangpahrang e rawca hoi misur canei e lahoi kakhin hoeh nahanelah, hot patet e rawca hah na paca hanh loe telah tuenlanaw kaukkung koe a kâhei.
၈ဒံယေလ မူကား ၊ ပွဲတော်မှကြွင်းသောအစာ နှင့် သောက် တော်မူသောစပျစ်ရည် ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံ ရှိ၍၊ မိမိကို မ ညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုး အုပ်ကို အခွင့် တောင်း၏။
9 Cathut pahren lahoi tuenlanaw kaukkung ni Daniel hah a pahren eiteh, ka bawipa ni nangmae rawca mitkhet hanelah, a hruek e hah kai hai ka taki van.
၉ဘုရား သခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမစိုး အုပ်သည် ဒံယေလ ကို အလွန်ချစ် သနားသော်လည်း ၊
10 Ahni ni nouh nangmouh hanlah rawcarawnei naw hah a hmoun. Nangmae minhmai teh alouke nawsainaw e minhmai patetlah a meihawi hoeh e hah ka bawipa ni hmawt pawiteh, nangmouh kecu dawk kai teh ka lahuen a thawk toe, telah Daniel koe a dei pouh.
၁၀ငါ့ သခင် ကြည့်ရှုစေခြင်းငှါမိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲကို ငါ ကြောက် ၏။ သင် တို့အစား အသောက် ကို စီရင်တော်မူပြီ။ သင် တို့မျက်နှာ သည် အရွယ် တူ လူပျို တို့၏ မျက်နှာလောက် အဆင်း မလှ သည်ကို မြင် တော်မူလျှင် ၊ သင်တို့အတွက် ငါ သည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
11 Hattoteh Daniel ni, Daniel, Hananiah, Mishael, Azariah tinaw ka khenyawn hanelah tuenlanaw kaukkung ni a hruek e rawca mitkhenkung koevah,
၁၁ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲ ကို ဒံယေလ က၊
12 kaimouh hanelah rawca hah anhla hoi tui maha hnin hra touh thung na poe na teh na tanouk haw.
၁၂အကျွန်ုပ် တို့ စား သောက် စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေ ကိုသာ ဆယ် ရက် ပတ်လုံးပေးစမ်းပါ။
13 Hathnukkhu kaimae minhmai hoi siangpahrang rawca ka catnet e nawsainaw e minhmai hah khen nateh na hmu e patetlah thaw tawk haw atipouh.
၁၃ထိုနောက် ၊ အကျွန်ုပ် တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာ ကို စား သောလူပျို တို့၏မျက်နှာကို သခင် ရှေ့ ၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင် ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင် တော်မူပါဟုပြော လျှင်၊
14 Rawca mitkhenkung nihai, a lungkuep teh hnin hra touh a tanouk.
၁၄စားတော်ကဲသည် ဝန်ခံ ၍ ဆယ် ရက် စုံစမ်း လေ၏။
15 Hnin hra touh akuep toteh, ahnimae minhmai teh rawca ka catnet e nawsainaw e minhmai hlak a meihawi awh teh, phuekuek lah ao awh.
၁၅ဆယ် ရက် စေ့ လျှင် သူ တို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာ ကို စား သော လူပျို အပေါင်း တို့၏ မျက်နှာထက် အဆင်း လှ၍ ဖွံ့ဝ လျက်ရှိ၏။
16 Hat toteh, rawca mitkhenkung ni ahnimouh hanelah, a hmoun e rawca hoi misurtui hah a takhoe teh anhla hoi duengdoeh a kawk toe.
၁၆ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။
17 Cathut ni hote nawsainaw pali touh hah panuenae, ca thoumnae hoi kamtu e pueng thoum thainae hah a poe. Daniel teh vision hoi mangnaw pueng hai a panue thai.
၁၇ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။
18 Siangpahrang im a kâen nahane atueng khoe e akuep toteh, tuenlanaw kaukkung ni nawsainaw hah a kaw teh siangpahrang im thung a kâenkhai.
၁၈နန်းတော်သို့ သွင်း စေခြင်းငှါ ချိန်းချက် တော်မူသော အချိန် ရောက် သော်၊ မိန်းမစိုး အုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်း လေ၏။
19 Siangpahrang ni hote nawsainaw a pacei pakaw hnukkhu Daniel, Hananiah, Mishael, Azariah tinaw hoi kâvan e buet touh hai ao awh hoeh dawkvah, ahnimanaw teh, siangpahrang koe thaw tawk hane kâ a hmu awh.
၁၉ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။
20 Siangpahrang ni a pacei e panuenae puenghoi thoumthainae pueng dawkvah, a ram thung kaawm e mitpaleikathoum e, kut khet ka thoum e naw pueng hlak let hra touh hoi a thoum awh e hah a hmu.
၂၀ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် ဆ တတ်ကြသည် ကို တွေ့မြင် တော်မူ၏။
21 Daniel teh Sairas siangpahrang a bawinae apasuek kum totouh ao.
၂၁ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။