< Kolosa 4 >
1 Bawinaw, nangmae Bawi teh kalvan vah ao tie panuek awh nateh, na sannaw koe kahman lah, kahawi e hno sak awh.
၁သခင်ဖြစ်သူတို့၊ သင်တို့သည်လည်းကောင်းကင် ဘုံတွင်ရှိတော်မူသောသခင်၏ကျွန်များဖြစ် ကြောင်းကိုသိမှတ်လျက် မိမိတို့၏ကျွန်များ ကိုတရားမျှတစွာဆက်ဆံကြလော့။
2 Pou ratoum awh nateh, lunghawilawkdeinae hoi khenyawn awh.
၂စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
3 Kai teh Khrih e hrolawk kecu dawk sumrui hoi katek lah ka o dawkvah,
၃ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။-
4 Hote hrolawk hah pâpho nahanelah Cathut ni takhang a paawng nahan, hote hrolawk teh pâpho hane kawi lah ao dawkvah, ka pâpho thai nahan, kaimouh hane lahai ratoum awh.
၄သို့ဖြစ်၍တရားတော်ကိုဟောပြောအပ်သည် နှင့်အညီ ငါသည်ရှင်းလင်းပြတ်သားစွာဟော ပြောနိုင်ရန်ဆုတောင်းကြလော့။
5 Alawilae taminaw e minhmai khet laihoi, lungangnae lahoi kâroe awh nateh, atueng hah hno panuek awh.
၅သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
6 Tami pueng bangtelane let ka pato han tie na panue thai awh nahan, nangmae na lawk dei e teh palawi patetlah paan sak awh nateh, pout laipalah lungmanae lah pou awm naseh.
၆သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။
7 Bawipa dawk yuemkamcu e, Bawipa e a san lah rei kaawm awh e, ka lungpataw e ka nawngha Taisikas ni kaie a konglam kaawm e pueng teh na dei pouh han doeh.
၇ငါတို့ချစ်သောညီ၊ သစ္စာရှိသောအမှုတော် ဆောင်၊ သခင်ဘုရား၏အမှုတော်၌ငါတို့နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူတုခိတ်သည်ငါနှင့်ပတ် သက်သည့်သတင်းအလုံးစုံကိုသင်တို့အား ပြောပြလိမ့်မည်။-
8 Ahni teh nangmae konglam koung a panue dawkvah nangmouh lung na pahawi nahanlah,
၈ငါတို့၏အခြေအနေကိုသင်တို့အားပြော ပြခြင်းအားဖြင့်သင်တို့ကိုအားတက်စေရန် ငါသည်သူ့အားသင်တို့ထံသို့စေလွှတ်လိုက် ခြင်းဖြစ်ပေသည်။-
9 nangmouh thung e yuemkamcu e hoi ka lungpataw e ka nawngha Onesimus hoi ahni teh reirei a tho roi han. Ahnimouh roi ni hie khothung e kamthang pueng hah nangmouh koe a dei roi han.
၉သူနှင့်အတူသြနေသိမ်လည်းလိုက်ပါလာပါ လိမ့်မည်။ သြနေသိမ်သည်ငါတို့ချစ်သောညီ၊ သစ္စာရှိသောသူဖြစ်၏။ သူသည်သင်တို့အသိုင်း အဝိုင်းထဲကဖြစ်၏။ သူတို့သည်ဤအရပ်တွင် ဖြစ်ပျက်သမျှကိုသင်တို့အားပြောပြလိမ့်မည်။
10 Kai hoi thongim rei ka bawt e Aristarkas, Barnabas e a pahringca Mark, Justus telah a kaw awh e Jisuh tinaw ni kut na man awh. Mark hanelah nangmouh koe lawk na thui awh toe. Nangmouh koe a tho toteh dawn awh.
၁၀ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
11 Vuensom a lah kaawm e naw dawkvah, ahnimouh dueng doeh Cathut uknaeram hanelah kai hoi reirei ka tawk e lah kaawm niteh, ka lung ahawi sak awh.
၁၁
12 Nangmouh thung e Khrih Jisuh e a san Epaphras ni nangmanaw kut na man awh. Nangmouh na cue awh teh, Cathut ngainae dawk kacaklah na kangdue awh nahan, nangmouh hanelah a kâyawm teh ouk a ratoum.
၁၂ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
13 Ahni teh nangmouh hane hoi, Laodicea kho kaawmnaw hane hoi, Hierapolis kho kaawmnaw hanelah a lung ka tho roeroe e doeh titeh kai ni ka kampangkhai.
၁၃သူသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့နှင့်ဟေရပေါလိမြို့၌ရှိသူများအတွက် လည်းကောင်းအလွန်ကြိုးစားလုပ်ဆောင်သူဖြစ် ကြောင်းငါကိုယ်တိုင်သက်သေခံပါ၏။-
14 Ka lungpataw e tâsibawi Luk hoi Demas ni kut na man awh.
၁၄ငါတို့ချစ်သောဆရာဝန်လုကာနှင့်ဒေမတို့ ကသင်တို့အားနှုတ်ဆက်လိုက်ကြ၏။
15 Laodicea kho kaawm e hmaunawnghanaw, Nimpha hoi ahni im kaawm e kawhmoun hah kutman awh.
၁၅လောဒိကိမြို့ရှိညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့်သူ၏အိမ်တွင်စုဝေးဝတ်ပြုကြသည့် အသင်းတော်ဝင်တို့ကိုလည်းကောင်းနှုတ်ဆက် လိုက်ကြောင်းပြောပြကြလော့။-
16 Hete ca heh, nangmouh ni na touk awh hnukkhu vah, Laodicea kawhmoun hai touk sak awh. Hote kho koehoi e ca hai nangmouh ni touk van awh.
၁၆ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။-
17 Arkhippas koe hai, Bawipa koehoi na coe e thaw hah, kuep sak nahanelah kâhruetcuet loe tet pouh awh.
၁၇သခင်ဘုရားပေးအပ်ခြင်းခံရသည့်အမှုတော် ကိုအပြီးတိုင်ဆောင်ရွက်ရန်အာခိပ္ပုအားပြော ကြားကြလော့။
18 Kai Pawl ni nangmouh kutmannae ca hah ka mae kut hoi ka thut. Ka khang e kateknae hah pahnim awh hanh. A lungmanae nangmouh koe awm lawiseh. Amen.
၁၈ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ခံစား ရကြပါစေသတည်း။ ကောလောသဲသြဝါဒစာပြီး၏။