< 2 Samuel 2 >

1 Hotnaw hnukkhu hoi Devit ni BAWIPA hah a pacei. Judah ram kho buetbuet touh dawk ka cei han maw telah ati. BAWIPA ni cet loe atipouh. Devit ni nâ lah maw ka cei han atipouh. Hebron kho lah atipouh.
ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-
2 Devit e a yu roi Jezreel kho e Ahinoam hoi Karmel tami Nabal e a yu Abigail hoi a cei awh.
ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-
3 Ama koe kaawm e taminaw, imthungnaw hai Devit ni a kaw teh ahnimanaw teh, Hebron khonaw dawk kho a sak awh.
သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-
4 Judah taminaw a tho awh teh, Devit hah siangpahrang hanelah satui a awi awh. Ahnimouh ni Devit koe, Sawl ka pakawm naw hah Jabesh Gilead taminaw doeh telah a dei pouh awh.
ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-
5 Hatdawkvah Jabesh Gilead taminaw koe Devit ni patounenaw a patoun teh, ahnimouh koevah nangmae bawipa Sawl dawk na lungmanae kamnue sak awh teh, na pakawp awh dawkvah BAWIPA ni yawhawinae na poe awh naseh.
ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
6 BAWIPA ni a lungmanae hoi a hawinae nangmouh dawk kamnuek sak naseh. Hete hno na sak awh dawkvah na lungmanae kai ni na patho awh han.
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-
7 Atuvah, tha kâlat awh nateh, taranhawi awh, nangmae bawi Sawl teh a due toe. Judah imthungnaw ni a siangpahrang lah ka o hanelah satui na awi awh toe telah a ti.
သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။
8 Sawl e ransabawi Ner capa Abner ni Sawl e capa Ishbosheth hah Mahanaim kho lah a ceikhai.
ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-
9 Gilead ram Ashurnaw Jezreel khocanaw Ephraim ram, Benjamin hoi Isarelnaw pueng e lathueng vah siangpahrang hmuen koe a hruek awh.
သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-
10 Sawl capa Ishbosheth teh Isarelnaw uknae a kamtawng navah, kum 40 touh a pha. Kum hni touh a uk. Judahnaw ni dueng Devit e hnuk a kâbang awh.
၁၀ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-
11 Hebron vah Devit ao teh Judah phun a uknae kum teh kum 7 touh hoi thapa yung 6 touh doeh.
၁၁ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။
12 Ner capa Abner hoi Sawl capa Ishbosheth e a san hah Mahanaim hoi Gibeon kho koe lah a cei.
၁၂အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။-
13 Zeruiah capa Joab hoi Devit e sannaw a tâco awh teh, Gibeon tuikamuem koevah, a kâhmo awh, rek kadangka lah a tahung awh.
၁၃ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။-
14 Abner ni Joab koevah thoundounnaw hah ka hmalah tâcawt awh naseh, ka hmalah kâhmo awh naseh. Joab ni tâcawt awh naseh telah a ti.
၁၄အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။
15 Sawl e capa Ishbosheth e tami Benjamin phun 12 touh hoi Devit e san 12 touh teh a thaw awh teh a cei awh.
၁၅သို့​ဖြစ်​၍​ဣ​ရှ​ဗော​ရှက်​နှင့်​ဗင်္ယာ​မိန်​လူ​မျိုး​စု​ကို ကိုယ်​စား​ပြု​သူ​လူ​တစ်​ဆယ့်​နှစ်​ယောက်​တို့​သည် ဒါ​ဝိဒ်​၏​လူ​တစ်​ဆယ့်​နှစ်​ယောက်​နှင့်​စစ်​က​စား ကြ​၏။-
16 A tarannaw e lû dawk lengkaleng a kâkuet awh teh a na dawk tahloi hoi a kâthut awh teh koung a rawp awh. Hatdawkvah Gibeon vah kaawm e naw ni haw e hmuen teh Helkathhazzurim (tahloi hruepatue hmuen) telah ati awh.
၁၆လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။
17 Hote hnin dawk kâtheinae a patawpoung. Abner hoi Isarelnaw Devit e a sannaw hmalah a sung awh.
၁၇ထို​နောက်​ပြင်း​ထန်​သော​စစ်​ပွဲ​ဖြစ်​ပွား​၍​အာ​ဗ​နာ နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​၏​လူ​တို့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​သည်။-
18 Hawvah Zeruiah capa Joab hoi Abisai hoi Asahel hai ao. Asahel teh sayuk patetlah a hue a rang.
၁၈ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-
19 Asahel ni Abner hah avoilah aranglah phen laipalah a pâlei.
၁၉
20 Abner ni a kamlang sin teh, nang hah namaw Asahel telah ati. Ahni ni oe kai doeh telah atipouh.
၂၀အာ​ဗ​နာ​သည်​နောက်​သို့​လည့်​၍​ကြည့်​ပြီး လျှင်``သင်​သည်​အာ​သ​ဟေ​လ​လော'' ဟု​မေး​၏။ အာ​သ​ဟေ​လ​က``ငါ​ဟုတ်​သည်'' ဟု​ပြန်​ပြော သော​အ​ခါ၊
21 Abner ni ahni koevah, avoilah aranglah phen haw, thoundoun buetbuet touh e puengcang hah lat pouh telah ati. Hatei Asahel ni ama a pâlei e hah phen takhai han ngai hoeh.
၂၁အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်​တော့။ အ​ခြား စစ်​သည်​တစ်​ယောက်​ယောက်​ကို​လိုက်​၍​ဖမ်း​ပြီး​မှ သူ့​ထံ​မှ​ရ​သည့်​ပစ္စည်း​ကို​ယူ​လော့'' ဟု​ဆို​၏။ သို့ ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက်​၍ နေ​၏။-
22 Abner ni Asahel koevah na phen takhai lei bang kecu dawk maw talai dawk rep ka tabawk lah na thut han. Na hmaunawngha Joab mei ka hmu ngam han namaw telah bout atipouh.
၂၂အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်။ သင့်​ကို​ငါ မ​သတ်​လို​ပါ။ သင့်​ကို​သတ်​ပြီး​လျှင်​သင်​၏​အစ်​ကို ယွာ​ဘ​အား​ငါ​အ​ဘယ်​သို့​မျက်​နှာ​ပြ​နိုင်​ပါ မည်​နည်း'' ဟု​ဆို​၏။-
23 Hatei Asahel ni lawk ngai pouh hoeh dawkvah, Abner ni tahroe hoi a von koehoi a thut teh a hnukthun lah tahroehmo pawk a yawng teh, hote hmuen koe a rawp teh a due. Asahel a rawp teh a duenae hmuen koe ka tho pueng ni ouk a kangdue awh.
၂၃သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။
24 Joab hoi Abisai ni Abner hah pou a pâlei roi, Gibeon ram thung e lam teng Giah teng e Ammah mon koe a pha nah kanî a khup.
၂၄သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။-
25 Benjaminnaw teh, Abner koe a kamkhueng awh teh, ahu buet touh lah ao awh teh mon dawk a kangdue awh.
၂၅ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အာ​ဗ​နာ​၏​ထံ​တွင် ပြန်​လည်​စု​ရုံး​ကြ​ပြီး​လျှင် တောင်​ကုန်း​ထိပ်​တွင် တပ်​စွဲ​နေ​ကြ​၏။-
26 Abner ni, Joab a hram sin teh, tahloi ni pou na bouk han namaw apoutnae dawk kâhat han tie na panuek hoeh maw. Bangkongmaw taminaw hah a hmaunawngha ni a pâleinae koehoi, ban hanelah dei pouh laipalah na o han atipouh.
၂၆အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​သည်​အ​စဉ်​အ​မြဲ ဆက်​လက်​တိုက်​ခိုက်​နေ​ရ​ကြ​ပါ​မည်​လော။ နောက်​ဆုံး ၌​စိတ်​နာ​မှု​မှ​တစ်​ပါး​အ​ဘယ်​အ​ကျိုး​မျှ​ရှိ​မည် မ​ဟုတ်​ကြောင်း သင်​မ​သိ​မ​မြင်​ပါ​သ​လော။ ငါ​တို့ သည်​သင်​တို့​နှင့်​တစ်​မြေ​တည်း​နေ၊ တစ်​ရေ​တည်း သောက်​သူ​များ​ဖြစ်​ပါ​၏။ ငါ​တို့​အား​လိုက်​လံ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​စေ​ရန် သင်​၏​လူ​တို့ အား​အ​မိန့်​မ​ပေး​ဘဲ​အ​ဘယ်​မျှ​ကြာ​အောင် ဆိုင်း​ငံ့​နေ​ပါ​ဦး​မည်​နည်း'' ဟု​ဟစ်​အော်​၍ ပြော​၏။
27 Joab ni Cathut a hring e patetlah dei laipalah awm haw, atangtho ditouh ka taminaw ni na pâlei awh han rah atipouh.
၂၇ယွာ​ဘ​က``အ​ကယ်​၍​သင်​ဤ​ကဲ့​သို့​မ​ပြော​ခဲ့ လျှင် ငါ​၏​လူ​တို့​သည်​သင်​တို့​အား​နက်​ဖြန်​နံ နက်​တိုင်​အောင် လိုက်​လံ​ကြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော လေ​၏။-
28 Joab ni mongka a ueng teh, taminaw a kangdue awh. Isarelnaw pâlei awh hoeh. Tuk awh hoeh toe.
၂၈ထို​နောက်​ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​ကို​မှုတ် လိုက်​ရာ​သူ​၏​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​မှု​ကို​မ​ပြု​ကြ​တော့ ချေ။ သို့​ဖြစ်​၍​တိုက်​ခိုက်​မှု​လည်း​ရပ်​စဲ​သွား လေ​သည်။
29 Abner hoi a taminaw teh karum tuettuet ayawn dawk a cei awh teh, Jordan tui a raka awh hnukkhu Bithron ram a tapuet awh teh Mahanaim a pha awh.
၂၉အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။
30 Joab teh Abner a pâleinae koehoi a ban teh, taminaw a pâkhueng navah, Devit hoi Asahel e taminaw 19 touh awm hoeh, a due awh toe.
၃၀ယွာ​ဘ​သည်​အာ​ဗ​နာ​ကို​လိုက်​လံ​မှု​ရပ်​စဲ​စေ ပြီး​နောက် မိ​မိ​၏​လူ​အ​ပေါင်း​ကို​စု​ရုံး​စေ​၏။ ထို အ​ခါ​အာသ​ဟေ​လ​အ​ပြင်​လူ​တစ်​ဆယ့်​ကိုး ယောက်​ပျောက်​ဆုံး​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ သည်။-
31 Hatei teh Devit e taminaw ni Benjaminnaw hoi Abner taminaw 360 touh a thei awh.
၃၁ဒါ​ဝိဒ်​၏​လူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အာ​ဗ​နာ​၏​လူ​ပေါင်း​သုံး​ရာ​ခြောက်​ဆယ် ကို​သတ်​ဖြတ်​ခဲ့​ကြ​သ​တည်း။-
32 Asahel e a ro a la awh teh Bethlehem e a na pa e tangkom dawk a pakawp awh. Joab hoi a taminaw karum tuettuet a cei awh teh khodai nah Hebron vah a pha awh.
၃၂ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။

< 2 Samuel 2 >