< La Bu 70 >

1 Elohim Pathen lungsettah in neihuhdoh in! Yahweh Pakai, gangtah in hung in lang neihung kithopin.
အိုဘုရားသခင်၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
2 Tha dia eiholten jumna toh uhenlang jachatsah in. Ka gentheipet a kipahho jachat thohpum in kinunglesah tan.
အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ပါစေသော။
3 Amaho chu tijat le jachat thohsah in, ajeh chu amahon “aphai tun ama ikhut uvah aumtai” atiuve.
အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့ လှန်ခြင်းကို ခံရကြပါစေသော။
4 Hinlah koi hileh nangma holte jousen nang a kipa-le-thanopna dimset muo hen. Koi hileh na mihuhhingna ngaichaho jouse chun “Elohim Pathen hi aloupi e!” tin samging'u hen.
ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော။
5 Hinla keidin vang vaicha le lhasam ka hi; O Elohim Pathen lungset tah in eipanpi din hung loi in. Nanghi eipanpi le eihuhhingpa na hi; O Yahweh Pakai geisang hih in.
အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။ အောက်မေ့စေခြင်းငှါစပ်ဆိုသော ဆာလံ။

< La Bu 70 >