< 2 Thusimbu 13 >
1 Israel gamsunga Rehoboam leng chan kal kum somle get lhin kumin, Abijah chun Judah gam sunga vai ahin hom panin ahi.
၁ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
2 Aman Jerusalem a kumthum lengvai ahinpon, anu chu Gebiah mi Uriel chanu Maacah ahi. Chuin Abijah le Jeroboam kah’a gal asohdoh tan ahi.
၂ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သားဩရေလ၏ သမီးမာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
3 Judah te lengpa Abijah chun galhang mi sang jali alhengin, akhom tupmin alamkaiyin; alangkhatna Jeroboam chun Israel gamsunga konin sepai sang jaget akhom doh kit’in ahi.
၃အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း၏။
4 Judah sepai ho chu Ephraim thinglhang gam ahung lhun phat uchun, Abijah chu Zemorin molchunga adding in Jeroboam le Israel techu asam in, “Neihin ngaipeh temun,
၄အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။
5 Pakai Israel te Pathen in David toh kitepna asema amale achilhah te Israel laltouna atonsotna dinga apeh chu nagel doh lou’u hitam?”
၅ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။
6 Ahivangin David chapa Solomon lhachaa pang mai mai Nabet chapa Jeroboam chun, apupa adouvin ahi.
၆သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေ ရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ပုန်ကန်လေပြီ။
7 Chujongleh migilou pumpi chun ama ajopmun, Solomon chapa Rehoboam chapangcha le hetna thepna neiloulai chu athu ngailouvin; dingdoh theilou khopmin ana lhauvin ahi.
၇ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။
8 Chule tun David chihlhah te khutna um Pakai lenggam dou dingin tohgon nasem kit uvin, nanghon sepai tampi leh Jeroboam in na Pathen diuva asem sana Bongnou lim chu nanei maithei’u ahinai.
၈ယခုလည်း သင်တို့သည် ဒါဝိဒ်၏သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား၊ သင်တို့သည် များပြား၍ သင်တို့ ဘုရားအရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ၏။
9 Hijongleh nanghon Pakai thempu nakilhen’u hilouham? Koi hijongleh bongnou khatle kelngoi sagi toh, hiche alim semthu na pathen hou komma hung kipedoh tapou chu thempua napansah jiu ahi.
၉သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။
10 Keiho dinga vang Pakai chu ka Pathen’u ahi, chule keihon ama chu ka dalha pouve; Pakai lhacha’a pang thempu ho chu Aaron chapate bou ahiuvin, Leviten akithopi jiu ahi.
၁၀ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်။ ထိုဘုရား သည် ငါတို့၌ ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား ၏အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှိုကို စောင့်နေကြ၏။
11 Amaho seh jingkah nilhah seh in Pakai angsunga pumgo thilto le gim namtui hal aboljiuvin ahi. Nilhah sehle dokhang theng chunga chun changlhah agoldoh jiuvin, chule sana thaomei chunga chun thaomei ho avah jiuvin ahi. Keihon Pakai ka Pathen thuhil kajui jing un, ahinlah nanghon ama chu nalha tauve.
၁၁ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရား ကို စွန့်ကြပြီ။
12 Chuti chun veuvin Pathen chun eiumpiuve. Amahi kalamkai pao ahi, Ama thempu hon asumkon’u amut uva galmuna nang douna eilamkaiju ahi. “Vo Israel mite, Pakai napu napa teu dounan galsat hih un; ajeh chu na lolhin lou diu ahi.”
၁၂ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။
13 Hiche kahla achun Jeroboam chun guhthim chan asepaite phabap khat chu, Judah te nung lama konna umkim vella changlhi din asel’in ahi.
၁၃ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။
14 Judah techun anung ama konna ahung kino khumu chu ahetdoh phat uchun, akithopi diuvin Pakai koma ataouvin, chuin thempu hon sumkon amut un,
၁၄ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
15 chule Judah mite chun kho asam pan tauvin ahi. Agalsat khosap ogin husan chun Pathen in Jeroboam chu ajopeh un chule Israel te Abijah le Judah te sepaiho masang chun adelmang tan ahi.
၁၅တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊
16 Israel sepai ho chu Judah te masanga konin ajamang un, chuin Pathen in Judahte chu Israel mite khut nakon ahuh dohtan ahi.
၁၆ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။
17 Abijah le sepaite chun amaho chu nasatah in atong khaovin, hiche ni chun Israelte sepai athemcheh mi sang janga athi in ahi.
၁၇အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊
18 Hiti chun hiche thilsoh chunga hin Judah ten Israel te ajou un ahi.
၁၈ဣသရေလအမျိုးသားတို့သည်၊ ထိုအခါရှုံး၍၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။
19 Abijah le asepaite chun Jeroboam sepai ho chu aga nung del peh-un, khopi phabep Bethel, Jeshanah le Ephron jaonan chule akimvella kho neo ho chu aga la tauvin ahi.
၁၉အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့်ရွာများ၊ ယေရှနမြို့နှင့်ရွာများ၊ ဧဖရိမ်မြို့ နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ၏။
20 Chuti chun Abijah dam sungin Jeroboam chu athaneina akinung le doh kit tapon, chule achaina lama Pakai in ajeplhun athi tan ahi.
၂၀အဘိယလက်ထက် ကာလပတ်လုံး၊ ယေရော ဗောင်သည် နောက်တဖန်ခွန်အားကို မရပြန်။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ၏။
21 Ahinlah Abijah thaneina vang chu akhangtou jingin, Abijah chun ji numei somle li aneiyin; chule chapa somnile ni le chanu somle gup aneiyin ahi.
၂၁အဘိယမူကား ခွန်အားတိုးပွါး၏။ မယား တဆယ်လေးယောက်တို့ကိုယူ၍ သားနှစ်ဆယ်နှစ် ယောက်နှင့် သမီးတဆယ်ခြောက်ယောက်တို့ကို မြင်ရ၏။
22 Abijah Lengvaipoh sunga thilsoh dang hole, athusei alahsah hole anatoh athibol ho jouse chu; Iddo themgao Lekhabua chun akijih lut soh keiyin ahi.
၂၂အဘိယပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် ကျင့်သောအကျင့်၊ ပြောသောစကားများတို့သည်၊ ရာဇဝင်နှင့်ဆက်၍ ပရောဖက်ဣဒ္ဒေါစီရင်သော စာ၌ ရေးထားလျက်ရှိ၏။