< Tingtoeng 29 >
1 David kah Tingtoenglung Pathen ca rhoek BOEIPA te paan uh lah. Thangpomnah, sarhi neh BOEIPA te paan uh lah.
၁အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
2 A ming thangpomnah he BOEIPA koe la ming uh. Aka cim rhuepomnah neh BOEIPA taengah bakop uh lah.
၂ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
3 BOEIPA ol tah tui soah om. Thangpomnah Pathen tah kho la hum. BOEIPA tah tui puei soah om.
၃ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
4 BOEIPA ol tah thadueng neh, BOEIPA ol tah rhuepomnah neh om.
၄ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
5 BOEIPA ol loh lamphai thing a koi tih BOEIPA loh Lebanon kah lamphai thing a khaem.
၅ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
6 Lebanon vaitoca neh Sirion cung ca bangla n'cungpet sak.
၆တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
7 BOEIPA ol loh hmaisai hmai khaw a muk.
၇ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
8 BOEIPA ol loh khosoek khaw a huek. BOEIPA loh Kadesh khosoek a hinghuen.
၈ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
9 BOEIPA ol loh sayuk rhuinu te a huek tih duup khaw a tlaai sak dongah a cungkuem loh a bawkim ah thangpomnah a thui uh.
၉ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
10 BOEIPA tah tuilii soah ngol tih BOEIPA tah kumhal ham manghai la ngol.
၁၀ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
11 BOEIPA loh a pilnam taengah sarhi a paek. BOEIPA loh a pilnam te ngaimongnah neh yoethen a paek.
၁၁ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။