< Johan 12 >
1 Jesuh tah yoom hlankah a hnin rhuk dongah, Bethany la pawk coeng. Te ah te Jesuh loh duek lamkah a thoh Lazarus te khaw om.
၁ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။
2 Te dongah anih ham hlaembuh pahoi a thong uh tih Martha te tokthuet. Lazarus tah Jesuh taengah aka vael pakhat la om van.
၂ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။
3 Te vaengah Mary loh a phu aka tlo nardo botui pound khat han khuen tih Jesuh kho te a hluk phoeiah a sam neh a huih. Te dongah im te botui kah a bo neh khuk bae.
၃ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။
4 Tedae a hnukbang pakhat, Jesuh yoih ham aka cai Judas Iskariot loh,
၄တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊
5 “Balae tih botui he denari yathum la a yoih vetih khodaeng rhoek a paek pawh?” a ti.
၅ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို၏။
6 Tedae anih te khodaeng ham a ngaihuet dongah pawt tih hlanghuen la a om neh, tangkacun ah a sang uh tih aka om te a yueh dongah ni a thui.
၆ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။
7 Te dongah Jesuh loh, “Anih he hlah ngawn, te daengah ni kai kah rhokhlak khohnin ham khaw a khoem eh.
၇ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး။
8 Khodaeng te namamih taengah na khueh taitu dae kai tah nan khueh uh phueih mahpawh,” a ti nah.
၈ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။
9 Anih a om tapkhoeh te Judah rhoek khuikah hlangping te yet loh a ming uh. Jesuh bueng kongah pawt tih duek lamkah aka thoo Lazarus te khaw hmuh ham ha lo uh.
၉ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။
10 Tedae khosoihham rhoek loh Lazarus te khaw ngawn ham a moeh uh.
၁၀ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊
11 Lazarus kongah Judah rhoek te muep a toeng uh tih Jesuh te a tangnah uh.
၁၁ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ၏။
12 A vuen atah khotue la aka lo hlangping a yet loh Jerusalem la Jesuh ha pawk tila a yaak uh.
၁၂နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊
13 Rhophoe kah a hlaeng te a loh uh tih amah doenah la cet uh. Te vaengah, “Hosanna, Boeipa ming neh aka pawk Israel manghai tah a yoethen coeng,” tila pang uh.
၁၃စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ၏။
14 Jesuh loh muli-marhang ca te a hmuh tih a soah ngol.
၁၄ကျမ်းစာ၌လာသည်ကား၊
15 “Zion canu birhih boeh, na manghai tah muli-marhang ca dongah ngol tih ha pawk coeng ke,” tila daek tangtae ana om rhoe pai.
၁၅အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။
16 Hekah he hnukbang rhoek loh a ming uh lamhma moenih. Tedae Jesuh a thangpom vaeng daengah ni anih ham ana om tih anih ham a saii uh tila a poek uh.
၁၆ထိုအကြောင်းအရာကိုတပည့်တော်တို့သည် အစဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။
17 Te dongah Lazarus te hlan lamkah a khue tih duek lamkah anih a thoh vaengah Jesuh taengkah aka om hlangping loh ana phong uh coeng.
၁၇နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကိုသင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထ မြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။
18 Te dongah hlangping loh Jesuh a doe te khaw amah loh miknoek a saii te a yaak uh dongah ni.
၁၈ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည်သိတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့ သောငှါ ထွက်သွားကြ၏။
19 Te dongah Pharisee rhoek amamih te, “Khat khaw na phu uh pawt te so uh. Diklai loh anih hnuk a vai coeng ke,” a ti uh.
၁၉ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည်အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက် သွားပါပြီတကားဟု ပြောဆိုကြ၏။
20 Tedae khotue ah bawk ham aka cet rhoek khuiah hlangvang tah Greek rhoek khaw om uh.
၂၀ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။
21 Te dongah Galilee peng Bethsaida lamkah rhoek loh Philip te a paan uh. Te phoeiah anih te a dawt uh tih, “Boeipa, Jesuh te hmuh ham ka ngaih uh,” a ti nauh.
၂၁ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။
22 Philip te cet tih Andrew taengah a thui. Te phoeiah Andrew neh Philip te ha lo rhoi tih Jesuh taengah a thui rhoi.
၂၂ဖိလိပ္ပုသည်သွား၍ အန္ဒြေကို ကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။
23 Te vaengah Jesuh loh amih te a doo tih, “Hlang capa thangpom ham a tue loh ha pai coeng.
၂၃ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။
24 Nangmih taengah rhep rhep ka thui, cang ti te lai la tla tih a duek pawt atah amah bueng ni a cul. Tedae a duek atah cangvuei muep vuei.
၂၄ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ်၏။
25 Amah kah hinglu aka lungnah tah poci vetih he Diklai ah amah kah hinglu aka hmuhuet loh dungyan hingnah ham te a ngaithuen ni. (aiōnios )
၂၅မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသော သူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ (aiōnios )
26 Khat khat long ni kai n'bongyong atah kai m'vai vetih mela ka om akhaw kai kah tueihyoeih la pahoi om ni. Khat khat long ni kai n'bongyong atah anih te a pa loh a hinyah ni.
၂၆ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိ ရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့။
27 Tahae ah ka hinglu loh hinghuen tih metlae ka ti eh? A pa tahae tue lamkah kai n'khang lah. Tedae te ham kongah tahae tue te kam paan coeng.
၂၇ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
28 Pa, na ming te thangpom lah,” a ti. Te vaengah vaan lamkah ol ha lo tih, “Ka thangpom coeng tih koep ka thangpom ni,” a ti.
၂၈အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွတ်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။
29 Te vaengkah aka pai tih aka ya hlangping loh, “Rhaek tla,” a ti uh. A tloe rhoek loh, “Puencawn loh anih a voek,” a ti uh.
၂၉ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။
30 Jesuh loh a doo tih, “Hekah ol he kai ham pawt tih nangmih ham ni ha pawk.
၃၀ယေရှုက၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလို့ငှါလာ၏။
31 Hekah Diklai he laitloeknah om coeng. Hekah Diklai boei tah phawn a thaek pawn ni.
၃၁ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။
32 Kai khaw diklai lamkah n'tai atah kamah taengla hlang boeih ka doek ni,” a ti nah.
၃၂ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။
33 Te vaengah a thui te a duek hamla a om dongah a dueknah ni a phoe coeng.
၃၃ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
34 Te phoeiah hlangping loh amah te, “Khrih tah kumhal duela naeh tila olkhueng lamkah loh ka yaak uh. Tedae balae tih 'Hlang capa te tai ham a kuek' tila na thui? Tekah hlang capa te ulae?” a ti nauh. (aiōn )
၃၄လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။ (aiōn )
35 Te dongah Jesuh loh amih te, “Nangmih taengah vangnah a tue rhaih om pueng. Nangmih te a hmuep loh n'khuk pawt ham vangnah na khueh uh vaengah pongpauh. A hmuep ah aka pongpa loh mela a caeh khaw ming pawh.
၃၅ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ။
36 Vangnah na khueh uh vaengah vangnah te tangnahuh. Te daengah ni vangnah kah ca rhoek la na om uh eh,” a ti nah. Hekah he Jesuh loh a thui phoeiah amih taeng lamkah cet tih vik thuh uh.
၃၆အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
37 Amih hmaiah miknoek heyet a saii dae amah te tangnah uh pawh.
၃၇ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။
38 Te daengah ni tonghma Isaiah kah olka loh, “Boeipa, kaimih kah olthang te unim aka tangnah, Boeipa kah a ban tah u taengah nim a pumphoe eh?” a ti te a soep eh.
၃၈ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
39 Te nen te a tangnah uh thai moenih.
၃၉တဖန်ပရောဖက်ရှောယဟောပြန်သည်ကား၊
40 Te dongah Isaiah loh, “A mik te a dael sak tih, a thin a thah sak. Te daengah ni a mik neh hmu uh pawt vetih, thinko neh a yakming vaengah ha mael uh vetih amih ka hoeih sak eh,” koep a ti.
၄၀သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။
41 Isaiah loh a thangpomnah te a hmuh dongah hekah he a thui tih a kawng a thui.
၄၁ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း။
42 Temai akhaw, boei rhoek khuiah long pataeng amah te muep a tangnah uh. Tedae Pharisee rhoek kongah phoe uh pawh. Te daengah ni a hael la a om uh pawt eh.
၄၂သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။
43 Amih loh Pathen kah thangpomnah lakah hlang kah thangpomnah te a lungnah uh ngai dongah ni.
၄၃အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။
44 Tedae Jesuh loh tamhoe tih, “Kai aka tangnah loh kai n'tangnah pawt dae kai aka tueih te ni a tangnah.
၄၄ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည်၏။
45 Kai aka hmuh long khaw kai aka tueih te a hmuh.
၄၅ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။
46 Kai tah Diklai ah vangnah la ka lo. Te daengah ni kai aka tangnah long tah a hmuep ah a naeh pawt eh.
၄၆ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ။
47 Pakhat long khaw ka ol te a yaak lalah kuem pawt cakhaw kai loh anih lai ka tloek thil mahpawh. Diklai he laitloek thil ham pawt tih Diklai khang ham ni ka pawk.
၄၇ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။
48 Kai aka hnawt tih ka ol aka doe pawt loh laitloek kung te a khueh. Anih te ka thui ol loh a hnukkhueng khohnin ah lai a tloek bitni.
၄၈ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။
49 Kai loh kamah lamkah ka thui moenih. Tedae ka cal ham neh ka thui ham te kai aka tueih a Pa amah loh kai taengah olpaek la m'paek coeng.
၄၉အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။
50 A olpaek tah dungyan hingnah ni tila ka ming. Te dongah kai loh ka thui te a pa loh kai taengah a thui bangla ka thui van,” a ti. (aiōnios )
၅၀ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ (aiōnios )