< Hebru 11 >
1 A hmuethma hmuh pawt hno dongah ngaikhueknah neh n'ngaiuep he ni tangnah la aka om coeng.
၁ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။
2 He nen ni a ham rhoek long khaw a phong uh.
၂ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
3 Hmuh mueh lamkah hmuh koi la coeng sak ham Pathen kah olka loh lunglai a tarhoek tila tangnah neh n'yakming uh. (aiōn )
၃ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ (aiōn )
4 Tangnah neh Abel loh Kain lakah Pathen taengah hmueih muep a nawn. Te lamlong tah hlang dueng ni tila ana oep. Pathen kah a kutdoe te ana oep dongah aka duek long khaw tangnah neh a thui pueng.
၄အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
5 Tangnah rhangneh dueknah te hmuh pawt ham Enok tah a thovael sak. Tedae Pathen loh a tholvael dongah anih te hmu voel pawh. Thovaelnah a om hlanah mah Pathen taengkah kolo neh ana oep coeng.
၅ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
6 Tedae tangnah mueh la kolo n'tong thai pawh. Pathen aka paan loh amah tah om tih amah aka tlap rhoek te taphu om tila a tangnah a kuek.
၆ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
7 Noah loh a hmuh pawt te a mangthui vaengah a hinyah tih tangnah neh amah cako khangnah ham sangpho te a rhoekbah. Te nen te Diklai a boe sak tih tangnah neh duengnah rhopangkung la coeng.
၇နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
8 Tangnah neh a khue vaengah rho la pang aka cai hmuen te paan ham Abraham loh a ngai. Te vaengah mela a caeh khaw a ming mueh lam ni a caeh.
၈အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။
9 Tangnah neh hlanglang la olkhueh ram ah kuepkol. Olkhueh, amah hmuen aka pang Isaak neh Jakob khaw dap ah kho hmaih a sakuh.
၉သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။
10 Te vaengah khoengim a khueh tangtae khopuei te ni a lamtawn. Pathen tah te khopuei kah kutthai neh rhaengpuei ham bibikung la om.
၁၀အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။
11 Cayaa Sarah amah long khaw a pumrho neh a tuetang kah a voelah a tiingan a tongnah ham thaomnah te tangnah neh a dang. Te khaw aka caeng te uepom la a poek dongah ni.
၁၁သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။
12 Te dongah pakhat lamlong khaw muep thaang coeng. Aka duek he khaw vaan kah aisi yet la, tuili kaeng kah laivin bangla n'taetloel coeng.
၁၂သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်သောသဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ် သတည်း။
13 Amih rhoek boeih loh tangnah neh duek uh. Olkhueh te dang uh pawt dae a hla lamkah a dan uh tih a doe uh. Te phoeiah diklai ah yinlai neh lampah ni tila a phong uh.
၁၃ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။
14 Tebang aka thui rhoek loh a tolrhum a ngaidam uh te a phoe uh.
၁၄ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။
15 Tedae te lamkah ha suntlak uh te poek uh ngawn koinih a voei uh tue khaw a khueh uh suidae.
၁၅ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
16 Tedae vaan ah a then ngai aka om te a ngaidam uh coeng. Te dongah amih loh Pathen te amamih kah Pathen la khue ham yak uh pawh. Amih ham kho pakhat a rhoekbah pah coeng.
၁၆ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ။
17 Abraham te a noemcai vaengah tangnah neh Isaak te a nawn tih khueh duen aka nawn la olkhueh te a dang.
၁၇အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။
18 Anih ham te, “Nang kah tiingan te Isaak dongah a khue,” tila a thui.
၁၈ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။
19 Pathen loh aka duek rhoek lamkah pataeng a thoh thai tila ana poek coeng. Te lamkah ni anih te nuettahnah lam khaw a dang.
၁၉ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
20 Tangnah nen ni lo ham aka cai Jakob neh Esau kawng khaw Isaak loh a uem.
၂၀ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။
21 Tangnah neh Jakob loh a duek tom vaengah Joseph ca rhoek te rhip a uem tih a conghol soi ah a bawk.
၂၁ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်း အားဖြင့်ယောသပ်၏ သားနှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။
22 Tangnah nen ni Joseph loh a duek tom ah Israel ca rhoek kah sunglatnah kawng te a poek tih a rhuh kawng te a uen.
၂၂ယောသပ်သည်သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက် ခြင်းအရာကိုပြ၍၊ မိမိအရိုးတို့၏ အကြောင်းကိုမှာ ထားလေ၏။
23 Tangnah nen ni Moses te a napa loh a thaang neh hla thum ana thuh. Camoe te sakthen la a hmuh uh vaengah manghai kah oltloek te rhih uh pawh.
၂၃မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။
24 Tangnah nen ni Moses loh lungcuei la a om vaengah Pharaoh canu kah a capa a ti nah te a aal.
၂၄မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
25 Kolkalh ham tholhnah neh omngaihbawnnah khueh lakah Pathen kah pilnam te patang puei ham lat a tuek.
၂၅အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။
26 Taphu te a lamso dongah Khrih kah hnaelcoenah te Egypt kah khohrhang lakah khuehtawn tanglue la a poek.
၂၆အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
27 Tangnah neh Egypt a hnoo tih manghai kah thinsanah te rhih pawh. Hmuhmueh hmuh bangla a ueh.
၂၇ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
28 Tangnah neh yoom neh thii haek te a saii. Te daengah ni camingomthang aka ngawn loh amih te a ben pawt pai eh.
၂၈သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။
29 Tangnah neh Tuili Sen te lan long bangla phueihuet la a hlaikan uh. Te te dang ham aka cai Egypt rhoek tah buek uh.
၂၉ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။
30 Tangnah neh Jerikho pangbueng te hnin rhih khuiah a vael uh vaengah tim.
၃၀ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။
31 Tangnah neh hlanghalh Rahab loh rhalyuep rhoek te ngaimong la a doe dongah ol aek rhoek taengah poci pawh.
၃၁ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
32 Te phoeiah balae ka thui pueng eh? Gideon, Barak, Samson, Jephthah, David neh Samuel neh tonghma rhoek tue kah a kawng thui ham ka hlavawt pueng.
၃၂ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။
33 Amih loh tangnah neh ram khaw a na, duengnah te a saii, olkhueh a pang, sathueng ka a buem uh.
၃၃ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
34 Hmai kah thaomnah a thih, cunghang ha khaw a rhaelrham tak, thahnoeng lamkah a thaphoh, caem vaengah hlang tlung la coeng, hlanglang caem khaw a thup uh.
၃၄မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။
35 Thohkoepnah neh huta rhoek loh amamih kah aka duek tangtae te a dang uh. Tedae a ngen loh aka then ngai thohkoepnah dang ham tlannah te doe mueh la phaep uh.
၃၅မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။
36 A ngen tah tamdaengnah neh noemcainah nganboh a yook uh bueng kolla hloong neh thongim khaw a yookuh.
၃၆အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။
37 A dae uh, a ah uh, cunghang kah ngawnnah neh duek uh. A vawtthoek, patang palai la a hnaep uh. Tupho, maae pho neh poengdoe uh.
၃၇ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ရကြ၏။
38 Diklai tah amih neh a tiing la a om moenih. kohong ah, tlang ah, lungko ah, diklai khui ah poengdoe uh.
၃၈ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏။
39 Tedae amih tangnah neh aka phong boeih loh olkhueh te a dang uh moenih.
၃၉ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။
40 Pathen kah a rhan te pakhat khaw mamih ham a then, daengah ni mamih pawt atah a rhuemtuet uh pawt eh.
၄၀အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍မြတ်သော ကျေးဇူးကိုကြံစည်တော်မူ၏။