< Ezekiel 6 >
1 BOEIPA ol te kai taengla ha pawk tih,
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 Hlang capa aw, Israel tlang taengla na maelhmai khueh lamtah amih te tonghma thil laeh.
၂ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-
3 Te vaengah, 'Israel tlang rhoek aw ka Boeipa Yahovah ol he hnatun uh. Ka Boeipa Yahovah loh tlang taeng neh mol taengah, kolrhawk sokca taeng neh kolrhawk taengah khaw he ni a thui. Kai kamah loh nangmih soah cunghang kang khuen vetih na hmuensang ka phae ni.
၃ဣသရေလတောင်တို့အား အရှင်ထာဝရဘုရား ၏အမိန့်တော်ကိုနားထောင်ကြရန်ပြောကြား လော့။ တောင်ကြီးတောင်ငယ်များ၊ မြစ်များ၊ ချိုင့် ဝှမ်းများအားငါအရှင်ထာဝရဘုရား၏ အမိန့်တော်ကိုပြန်ကြားလော့။ ငါသည်လူ တို့ရုပ်တုများကိုးကွယ်ရာမြင့်သောအရပ် ဌာနများကိုဖျက်ဆီးရန်ဋ္ဌားကိုစေလွှတ် မည်။-
4 Na hmueihtuk te pong vetih na bunglawn khaw tlawt ni. Na mueirhol hmai ah na rhok ka cungku sak ni.
၄ယဇ်ပလ္လင်တို့ကိုဆွဲချဖျက်ဆီး၍နံ့သာပေါင်း မီးရှို့ရာခွက်တို့ကိုချိုးဖဲ့မည်။ လူအပေါင်း တို့သည်လည်း မိမိတို့ကိုးကွယ်သည့်ရုပ်တု များရှေ့တွင်အသတ်ခံရကြလိမ့်မည်။-
5 A mueirhol hmai ah Israel ca rhoek kah rhok te ka khueh vetih na hmueihtuk kaepvai ah na rhuh ka haeh ni.
၅ငါသည်ဣသရေလအမျိုးသားတို့၏ အလောင်းများကို သူတို့၏ရုပ်တုများရှေ့ တွင်ကြဲဖြန့်မည်။ သူတို့၏အရိုးများကို ယဇ်ပလ္လင်များပတ်လည်တွင်ကြဲဖြန့်မည်။-
6 Na tolrhum tom kah khopuei rhoek te khaw a khah uh vetih hmuensang khaw rhawp ni. Te dongah na hmueihtuk rhoek te boe uh vetih paeng ni. Na mueirhol rhoek te kangkuen uh vetih na bunglawn a tlawt vaengah na bibi khaw hmata ni.
၆ဣသရေလအမျိုးသားတို့၏မြို့အပေါင်း လူသူကင်းမဲ့လျက် ဝတ်ပြုကိုးကွယ်ရာမြင့် သောအရပ်များကိုဖြိုဖျက်သဖြင့် ထိုသူ တို့၏ယဇ်ပလ္လင်များနှင့်ရုပ်တုများသည် ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကြကုန်လျက် နံ့သာပေါင်းမီးရှို့ရာ ခွက်တို့သည်လည်းကြေမွကာ ထိုသူတို့ပြု လုပ်သမျှသောအရာတို့သည်ပျောက်ပျက် ကုန်လိမ့်မည်။-
7 Na khui ah rhok a yalh vaengah BOEIPA kamah te nan ming uh bitni.
၇နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
8 Tedae nangmih te diklai ah kan thaek cakhaw namtom taengah cunghang lamloh hlangyong rhoek la na om ham kan hlun ni.
၈``ငါသည်လူအချို့တို့ကိုဋ္ဌားဘေးမှလွတ် မြောက်စေ၍ အပြည်ပြည်နိုင်ငံအရပ်ရပ် သို့ပျံ့လွင့်သွားစေမည်။-
9 Te vaengah nangmih kah hlangyong rhoek loh namtom taengah kai m'poek uh ni. Te ah te a sol uh tih a lungbuei khaw mat ka paeng sak coeng. Tedae kai taeng lamloh a nong te cukhalh uh tih a mik khaw a mueirhol hnukah cukhalh uh. A maelhmai ah ko-oek lalh la a tueilaehkoi boeih dongah boethae te a saii uh dongah ni.
၉သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-
10 Te vaengah BOEIPA kamah loh he boethae he amih soah saii ham a poeyoek la ka thui pawt te a ming uh bitni.
၁၀ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
11 Ka Boeipa Yahovah loh he ni a thui. Na kut te ngawn lamtah na kho te daep laeh. Anunae Israel imkhui kah boethae tueilaehkoi cungkuem dongah ni cunghang dongah, khokha dongah, duektahaw dongah a cungku uh eh,’ ti saeh.
၁၁အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
12 Khohla te duektahaw ah duek vetih a yoei te cunghang dongah cungku ni. Khokha kah aka sueng tih a kueinah khaw duek ni. Te tlam ni amih soah ka kosi ka sah eh.
၁၂ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။-
13 Te vaengah BOEIPA kamah he m'ming uh bitni. Amih rhok te a mueirhol lakli ah, som tom kah a hmueihtuk kaepvai ah om kangna saeh. Tlang lu tom ah pomsang uh tih thing hing hmui tom neh rhokael bu hmui kah hmuen tom ah a mueirhol cungkuem ham hmuehmuei botui hnap a nawn uh.
၁၃လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-
14 Ka kut he amih ka thueng thil vetih khohmuen he Diblath khosoek lamloh a tolrhum boeih ah khopong neh a rhaerhap la ka khueh ni. Te vaengah BOEIPA kamah te m'ming uh bitni,” a ti.
၁၄ငါသည်လက်ကိုဆန့်၍သူတို့၏ပြည်ကို ဖျက်ဆီးမည်။ ဣသရေလအမျိုးသားတို့ နေထိုင်ရာအရပ်မှန်သမျှကိုချမ်းသာ မပေးဘဲ တောင်ဘက်တောကန္တာရမှသည် မြောက်ဘက်ဒိဗလတ်မြို့သို့တိုင်အောင်လူ သူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူ အပေါင်းတို့သိရှိလာကြလိမ့်မည်'' ဟု မိန့်တော်မူ၏။