< Ezekiel 19 >
1 Israel phoeiah khoboei rhoek ham na rhahlung phueih pah laeh.
၁ထိုမှတပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊
2 'Sathueng lakli kah sathuengnu na nu te thui pah. Sathuengca lakli ah kol tih a ca khaw ping.
၂သင်၏အမိကားအဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။
3 A ca lamkah pakhat te rhoeng tih, sathuengca la a om hatah maeh ngaeh ham a cang tih hlang a hnom.
၃ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
4 Anih te namtom loh a yaak tih a vaam khuiah a tuuk uh. Te phoeiah thisum neh Egypt khohmuen la a pawk puei uh.
၄လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
5 A ngaiuep bangla a hmuh vaengah a ngaiuepnah bing coeng dae a ca pakhat te a loh tih sathuengca la a khueh.
၅သားဆုံးရှုံးကြောင်းကို အမိသည် မြင်၍ စိတ် ပျက်သောအခါ၊ သားတကောင်ကို ယူပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့်၊
6 Te vaengah sathueng lakli ah aka pongpa sathuengca la a om dongah, maeh ngaeh ham a cang tih hlang a hnom.
၆သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။
7 Amah kah lohnong te a ming vaengah a khopuei a khah pah tih, a kawknah ol dongah khohmuen khaw a pum la a rhawp sak.
၇သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
8 Te vaengah a kaepvai paeng lamkah namtom rhoek te anih taengah mop. Anih ham a lawk a tung uh tih a vaam khuiah a tuuk uh.
၈ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏။
9 Thisum neh soi khuila a khueh uh tih Babylon manghai taengla a khuen uh phoeiah rhalvong khuiah a khueh uh. Te daengah ni a ol te Israel tlang ah a yaak uh voel pawh.
၉သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။
10 Na nu te misur bangla nang thii neh tui taengah a phung. Tui a yet dongah pungtai tih bu.
၁၀သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီး ကို သီးတတ်၏။
11 A hlaeng te aka taemrhai kah mancai ham a rhilh om. A sang khaw a bu laklo ah sang tih a sang neh a hlaeng a khawk khaw a tueng pah.
၁၁မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက် အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။
12 Tedae kosi ah a phuk tih diklai la a voeih. Khothoeng yilh ah a thaih rhae tih rhul. A rhilh conghol khaw rhae tih hmai loh a hlawp.
၁၂သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည် တိုက်၍အသီး ကို ပိတ်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။
13 Te dongah rhamrhae neh tuihalh khohmuen kah khosoek ah a phung coeng.
၁၃ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင် အရပ်၌ စိုက်လျက်ရှိ၏။
14 A hlaeng amah lamloh hmai puek tih a thaih a hlawp pah. Te dongah aka taemrhai ham mancai la caitueng a rhilh om pah pawh. He rhahlung khaw rhahlung la om coeng.
၁၄အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။