< Isaiah 47 >

1 Babylon nu, oila suntla lamtah laipi dongah ngol lah. Khalden nu loh ngolkhoel om kolla diklai ah ngol laeh. Nang te mongkawt neh hlangcong la koep ng'khue uh mahpawh.
``အို ဗာ​ဗု​လုန်​မြို့​တည်း​ဟူ​သော​အ​မျိုး​သ​မီး၊ သင်​သည်​ရာ​ဇ​ပလ္လင်​ပေါ်​မှ​ဆင်း​၍ မြေ​ကြီး​ပေါ်​တွင်​ထိုင်​လော့။ အ​ခါ​တစ်​ပါး​က​သင်​သည်​အ​နှောင့်​အ​ယှက် မ​ခံ​ရ​ဘူး​သည့်​အ​ပျို​စင်​ဖြစ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​ပျော့​ပျောင်း​သိမ်​မွေ့​သူ မ​ဟုတ်​တော့​ပေ။ သင်​သည်​ယ​ခု​ကျွန်​ဘ​ဝ​ရောက်​ခဲ့​ပေ​ပြီ။
2 Kuelhsum te lo lamtah vaidam kuelh laeh. Na samtum te poelyoe lamtah na hniboeng te khawn laeh. Na laeng hil khawn lamtah tuiva te kat lah.
သင်​သည်​ကျိတ်​ဆုံ​ကျောက်​ကို​လှည့်​၍ ဂျုံ​မှုန့်​ကို​ကျိတ်​ပါ​လော့။ သင်​၏​မျက်​နှာ​ဖုံး​ပ​ဝါ​ကို​ဖယ်​ရှား​၍​လှ​ပ​သော အ​ဝတ်​တို့​ကို​ချွတ်​လော့။ ချောင်း​ကို​ဖြတ်​ကျော်​ရန်​သင်​၏​အင်္ကျီ​ရှည်​ကို​မ​လော့။
3 Na yah loh n'yan vetih nang kokhahnah te a phoe ni. Phulohnah kang khuen vetih hlang te ka doo mahpawt nim?
သင်​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​ကာ​အ​ရှက်​ကွဲ လျက် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​၍​နေ​သည်​ကို လူ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​လက်​စား​ချေ​မည်။ ငါ့​ကို​အ​ဘယ်​သူ​မျှ​ဆီး​တား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
4 Kaimih aka tlan tah caempuei BOEIPA, a ming tah Israel kah a cim ni.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် သည် ငါ​တို့​ကို​ရွေး​နုတ်​ကယ်​တင်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား။
5 Khalden nu te om duem lamtah a hmuep te paan laeh. Nang te ram kah boeinu a ti te na khoep voel mahpawh.
ဗာ​ဗု​လုန်​မြို့​အား​ထာ​ဝ​ရ​ဘု​ရား​က​ဆိတ်​ငြိမ်​ရာ မှောင်​မိုက်​ထဲ​တွင်​ထိုင်​၍​နေ​လော့။ လူ​တို့​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏ ဘု​ရင်​မ​ဟု ခေါ်​ကြ​တော့​မည်​မ​ဟုတ်။
6 Ka pilnam taengah ka thintoek. Kamah rho mai nang kut dongah kam paek he rho ni ka poeih. Patong soah haidamnah na khueh pawt tih na hnamkun neh mat na nan.
ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မျက်​ထွက် သ​ဖြင့်၊ ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်​ဘိ​သ​ကဲ့​သို့​ပြု​ခဲ့​၏။ သင်​၏​အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​သူ​တို့​အ​ပေါ်​၌ သ​နား​ကြင်​နာ​စိတ်​မ​ထား။ အ​သက်​ကြီး​သူ​များ​ကို​ပင်​ကြမ်း​ကြုတ်​စွာ ပြု​ကျင့်​၏။
7 “Kumhal boeinu la ka om yoeyah ni,” na ti cakhaw na lungbuei ah na khueh pawt tih a hmailong khaw na poek hae moenih.
မိ​မိ​သည်​အ​စဉ်​အ​မြဲ​ဘု​ရင်​မ​ဖြစ်​၍​နေ လိမ့်​မည်​ဟု ထင်​မှတ်​ကာ၊ဤ​အ​မှု​တို့​ကို​နှ​လုံး​မ​သွင်း။ ယင်း​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​မည်​ကို​လည်း မ​စဉ်း​စား။
8 Te dongah he he hnatun laeh. Khosak aka yahuem loh ngaikhuek la a thinko khuiah, “Kai khaw kamah ah ka bawt mahpawh, nuhmai la koep ka om mahpawh, polpainah khaw ka ming voel mahpawh,” a ti.
``အ​ချင်း​အ​ပျော်​အ​ပါး​ကို​ချစ်​မြတ်​နိုး​သူ၊ မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​လှ​ပြီ​ဟု​ထင်​မှတ်​သူ၊ ဤ​စကား​ကို​နား​ထောင်​လော့။ ငါ​သည်​ဘု​ရား​တ​မျှ​ကြီး​မြတ်​သည်​ဟူ​၍ လည်း​ကောင်း၊ ငါ​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ​ဟူ​၍​လည်း​ကောင်း​သင်​ဆို​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မု​ဆိုး​မ ဖြစ်​ရ​လိမ့်​မည်​မဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​သား​သ​မီး​များ​ကို​လည်း ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင်​ထင်​မှတ်​၏။
9 Tedae he rhoi he mikhaptok ah ni nang taengla ha pawk eh. Khohnin pakhat dongah polpai neh hmairho loh a thincaknah neh nang soah ha pawk ni. Sungrhai neh na baetawt cakhaw, na hloih kah thaomnah te yet tangkik mai cakhaw.
သို့​ရာ​တွင်၊သင်​သည်​တစ်​နေ့​အ​တွင်း​တ​ခ​ဏ ခြင်း​၌ ဤ​အ​မှု​နှစ်​ရပ်​စ​လုံး​နှင့်​ကြုံ​တွေ့​ရ​လိမ့်​မည်။ မှော်​အ​တတ်​မှန်​မျှ​ကို​အ​သုံး​ပြု​ပါ​သော်​လည်း သင်​သည်​သား​သ​မီး​များ​ကို​ဆုံး​ရှုံး​ရ​လျက်၊ မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​လိမ့်​မည်။
10 Na boethae dongah na pangtung tih, “Kai m'hmuh moenih,” na ti. Na cueihnah neh na mingnah loh namah m'balkhong sak vaengah a na lungbuei neh, “Kamah phoeiah tah kai ka bawt pueng aya,” na ti.
၁၀``သင်​သည်​မ​ကောင်း​မှု​ကို​ပြု​လျက်၊မိ​မိ​ကိုယ်​ကို ဟုတ်​လှ​ပြီ။ မိ​မိ​ကို​အ​ဘယ်​သူ​မျှ​မ​မြင်​ဟု​ထင်​မှတ်​ဘိ​၏။ သင်​၏​ဉာဏ်​ပညာ​နှင့်​အ​သိ​ပ​ညာ​တို့​က​သင့်​အား လမ်း​လွဲ​စေ​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ်​ကို`ငါ​သည်​ဘု​ရား​ဖြစ်​၏ ငါ့​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ' ဟု​ဆို​ပါ​သည်​တ​ကား။
11 Tedae nang soah yoethaenah ha pawk vetih nang n'toem te na ming mahpawh. Lucik loh nang n'cuhu thil vetih a dawth ham khaw coeng mahpawh. Na ming noek pawh khohli rhamrhael loh nang te buengrhuet m'paan ni.
၁၁ဘေး​အန္တ​ရာယ်​ဆိုး​သည်​သင်​၏​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။ ယင်း​ကို​သင်​၏​မှော်​အ​တတ်​က​တား​ဆီး​နိုင် လိမ့်​မည်​မ​ဟုတ်။ သင်​သည်​အ​ဘယ်​အ​ခါ​က​မျှ​အိပ်​မက်​၌​ပင် မ​မြင်​မက်​ဘူး​သော​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကြုံ​တွေ့​ရ​လိမ့်​မည်။
12 Na hloih nen khaw paa laeh. Na camoe lamkah na kohnue thil namah kah sungrhai aka hawn uh nen te na rhoeh khaming. Na hoeikhang ham na sarhing khaming.
၁၂သင်​၏​ဂါ​ထာ​မန္တန်​များ​နှင့်​အ​ဆောင်​လက်​ဖွဲ့ များ​ကို ဆောင်​ထား​လော့။ ထို​အ​ရာ​များ​ကို​သင်​သည်​ငယ်​စဉ်​အ​ခါ က​ပင်​လျှင် အ​သုံး​ပြု​၍​လာ​ခဲ့​၏။ ယင်း​တို့​သည်​သင့်​အား​အ​ကူ​အ​ညီ ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်။ သင်​၏​ရန်​သူ​များ​ကို​လည်း​နှင်​ထုတ်​ကောင်း နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။
13 Na cilsuep a len nen khaw na ngak coeng dongah paa laeh. Vaan aka caekboe la aka caekboe, aisi dongkah aka hmu, hlasae dongah nang taengah aka pawk ham aka ming loh nang te ng'khang saeh.
၁၃သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြား ရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊ တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊ သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။
14 Divawt hmai bangla tarha om uh. Amih te a hoeh vetih a hinglu te hmaisai kut lamloh huul uh thai mahpawh. A taengah ngol ham khaw, hmaipuei phabae te hmai-alh om pawh.
၁၄``သူ​တို့​သည်​ဖွဲ​ကဲ့​သို့​ဖြစ်​၍​မီး​သည်​သူ​တို့​အား ကျွမ်း​လောင်​စေ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မီး​လျှံ​များ​သည်​ပူ​နွေး​ရန်​လှုံ​သည့်​မီး​မျိုး မ​ဟုတ်​ဘဲ၊ သူ​တို့​အ​တွက်​အ​ပူ​လွန်​၍​နေ​လိမ့်​မည်။
15 Na camoe lamkah na thimpom puei rhoek na kohnue thil hnap te khaw namah taengah ni a. om uh te. Hlang loh amah khongan ah kho a hmang uh coeng tih nang aka khang a om moenih.
၁၅သင်​တစ်​သက်​လုံး​တိုင်​ပင်​ခဲ့​သည့်​နက္ခတ်​ဆ​ရာ တို့​၏ အ​ကြံ​ပေး​ချက်​သည်​လည်း၊ ဤ​အ​တိုင်း​ပင်​သင့်​အား​ဖြစ်​စေ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ထား​ခဲ့​၍ မိ​မိ​တို့​သွား​လို​ရာ​သို့​ထွက်​သွား​ကြ​လိမ့်​မည်။ သင့်​ကို​ကယ်​ရန်​မည်​သူ​တစ်​ယောက်​မျှ​ကျန်​ရစ်​ခဲ့ လိမ့်​မည်​မ​ဟုတ်။''

< Isaiah 47 >