< 2 Kawrin 4 >
1 Te dongah mamih ng'rhen tih bibi n'dang uh he n'thathae pawh.
၁ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
2 Tedae yahkoi kah olhuep te n'thaek uh coeng. Pathen kah olka he rhaithinah neh pongpa pawt tih a tuengkhuep moenih. Tedae oltak kah a phoenah lamloh Pathen hmaiah neh hlang rhoek kah mingcimnah cungkuem dongah mah neh mah n'oep uh coeng.
၂ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
3 Tedae mamih kah olthangthen he muekdah la om ngawn cakhaw aka paci rhoek taengah ni muekdah laa om.
၃အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။-
4 Ta kumhal kah pathen tah amih ah om tih aka tangnahmueh rhoek kah poeknah te a dael sak. Te vaengah Khrih thangpomnah olthangthen kah khoval te aa voelpawh. Amah tah Pathen kah mueimae ni. (aiōn )
၄ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။- (aiōn )
5 Kamamih kawng pawt tih Jesuh Khrih Boeipa ni ka hoe uh. Jesuh kongah kaimih khaw nangmih sal la ka omuh.
၅ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
6 Pathen loh a thui dongah vangnah tah yinnah lamloh ha vang. Amah loh Jesuh Khrih kah maelhmai neh Pathen kah thangpomnah, mingnah khoval te mamih thinko ah a sae sak.
၆ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
7 Hekah khohrhang he diklai hno dongah tah ng'khueh uh coeng. Te daengah ni thaomnah dongkah a puehkan tah Pathen kah koe la om vetih mamih kah la a om pawt eh.
၇သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
8 A cungkuem loh n'lawn uh dae ka khawk uh moenih. Ka ingang uh dae a tal uh moenih.
၈ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။-
9 Hnaemtaek dae m'phap moenih. N'tloeng sut dae m'paci uh moenih.
၉ငါတို့မှာရန်သူအမြောက်အမြားပင်ရှိ သော်လည်းမိတ်ဆွေကင်းမဲ့သည်ဟူ၍မရှိ။ လဲအောင်အထိုးခံရသော်လည်းမသေကြ။-
10 Jesuh kah dueknah he pum dongah puet m'phueih daengah ni Jesuh kah hingnah loh mamih pum dongah a phoe van eh.
၁၀သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
11 Mamih aka hing rhoek tah Jesuh kongah dueknah taengah m'voeih taitu. Te daengah ni Jesuh kah hingnah long khaw aka duek thai mamih pumsa dongah a phoe eh.
၁၁ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာတွင် သခင်ယေရှုအသက်ရှင်တော်မူ ကြောင်းပေါ်လွင်စေရန် ငါတို့သည်အသက် ရှင်လျက်ရှိသမျှကာလပတ်လုံးသခင် ယေရှုအတွက်အခါခပ်သိမ်းသေဘေး နှင့်ရင်ဆိုင်လျက်နေရကြ၏။-
12 Te dongah dueknah loh kaimih ah, hingnah loh nangmih ah pongthoo coeng.
၁၂သို့ဖြစ်၍ငါတို့တွင်သေခြင်းတရားသည် ရှင်သန်လျက်ရှိသော်လည်း သင်တို့တွင်မူ ကားအသက်ရှင်ခြင်းတရားသည်ရှင်သန် လျက်ရှိပေသည်။
13 Tangnah mueihla amah te aka khueh long tah a daek tangtae bangla ka tangnah tih ka thui. Kaimih loh ka tangnah uh dongah ka thui uh bal.
၁၃ကျမ်းစာတော်တွင် ``ငါသည်ယုံကြည်သော ကြောင့်ဟောပြောသည်'' ဟုပါရှိသည်အတိုင်း ငါတို့လည်းထိုသို့ယုံကြည်မှုရှိသဖြင့် ဟောပြောကြ၏။-
14 Boeipa Jesuh te thoo tila ming uh. Kaimih khaw Jesuh neh n'thoh vetih nangmih taengah m'pai sak ni.
၁၄သခင်ယေရှုအားသေခြင်းမှရှင်ပြန်ထ မြောက်စေတော်မူသောဘုရားသခင်သည် ငါ တို့အားလည်းသခင်ယေရှုနှင့်အတူရှင်ပြန် ထမြောက်စေတော်မူပြီးလျှင် သင်တို့နှင့် အတူရှေ့တော်မှောက်သို့ခေါ်ဆောင်တော် မူမည်ဖြစ်ကြောင်းငါတို့သိကြ၏။-
15 A cungkuem he nangmih ham ni. Te daengah ni lungvatnah loh uemonah te muep a pungtai sak vetih Pathen kah thangpomnah te a baetawt eh.
၁၅ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။
16 Te dongah n'thathae uh pawh. Mamih kah poenghman hlang tah poci ngawn mai cakhaw mamih kaha khui tah a hnin hnin ah tlaihvong uh.
၁၆ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
17 Te dongah kolkalh kah phacip phabaem aka phoeng long he dungyan thangpomnah kaha khiing te mamih hama puehkan lamloh a phuehkan la a thoeng sak. (aiōnios )
၁၇ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။- (aiōnios )
18 Mamih kah hmuh tangtae dongah pawt tih hmuh pawt te ni m'paelki uh. Hmuh tangtae long he kolkalh om tih hmuh mueh long tah dungyan duela cak. (aiōnios )
၁၈ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။ (aiōnios )