< 2 Khokhuen 16 >

1 Asa ram kah sawmthum kum rhuk vaengah Israel manghai Baasha loh Judah te a paan tih Judah manghai Asa taengla kunael vuenva sak pawt ham Ramah te a sak.
ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ခြောက် နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ဝင်​ထွက်​သွား​လာ​မှု​မ​ပြု နိုင်​စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​လေ​သည်။-
2 Asa loh cak neh sui te BOEIPA im neh manghai im kah thakvoh khui lamloh a poh tih Damasku ah kho aka sa Aram manghai Benhadad taengla a pat.
ထို​ကြောင့်​အာ​သ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​မှ​ရွှေ၊ ငွေ၊ ရှိ​သ​မျှ​ကို​ယူ​၍ ဒ​မာ​သက်​မြို့​ရှိ​ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပို့​၍၊-
3 “Paipi he kai laklo neh nang laklo ah, a pa laklo neh na pa laklo ah om tih nang hamla cak neh sui kam pat coeng ne. Israel manghai Baasha taengla cet lamtah na paipi phae laeh. Te vaengah kai taeng lamloh cet saeh,” a ti nah.
``အ​ကျွန်ုပ်​တို့​သည်​အ​ကျွန်ုပ်​တို့​၏​ခ​မည်း တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ​ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​မှာ​အ​ဆွေ​တော်​အ​တွက်​လက် ဆောင်​ဖြစ်​ပါ​၏။ ဗာရှာ​မင်း​သည်​မိ​မိ​စစ်​တပ် များ​ကို အ​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား စေ​ရန်​အ​ဆွေ​တော်​သည် သူ​နှင့်​ဖွဲ့​သော​မ​ဟာ မိတ်​ကို​ဖျက်​သိမ်း​၍​ကူ​ညီ​ပါ​လော့'' ဟု မှာ​လိုက်​၏။
4 Te dongah Benhadad loh manghai Asa te a rhoi tih anih ham te Israel khopuei rhoek ah tatthai mangpa rhoek te a tueih pah. Te vaengah Ijon, Dan, Abelmaim neh Naphtali khopuei rhuengim te boeih a ngawn.
ဗင်္ဟာ​ဒဒ်​သည်​အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣ​သ ရေ​လ​မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ တို့​သည်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့ နှင့်​န​ဿ​လိ​နယ်​မြေ​ရှိ​ပစ္စည်း​သို​လှောင်​ရာ မြို့​အ​ပေါင်း​ကို​သိမ်း​ယူ​လိုက်​ကြ​၏။-
5 Baasha loh a yaak van neh Ramah a sak te a toeng tih a bitat te a paa sak.
ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ လိုက်​လေ​သည်။-
6 Te vaengah manghai Asa loh Judah pum te a khuen tih Baasha loh a sak nah Ramah lungto neh thing te a phueih pah. Te nen te Geba neh Mizpah a sak.
ထို​အ​ခါ​အာ​သ​မင်း​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​မှ လူ​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​တွင် အ​သုံး​ပြု လျက်​ရှိ​သော​ကျောက်​တုံး​များ​နှင့်​သစ်​သား များ​ကို​သယ်​ဆောင်​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​ထို​ပစ္စည်း​များ​ဖြင့် ဂေ​ဘ​မြို့​နှင့်​မိ​ဇ​ပါ မြို့​တို့​ကို​တံ​တိုင်း​ကာ​ကြ​၏။
7 Te vaeng tue ah khohmu Hanani tah Judah manghai Asa taengla pawk tih anih te, “Aram manghai dongah na hangdang tih na Pathen BOEIPA dongah na hangdang pawh. Te dongah manghai Aram kah caem tah na kut lamloh loeih coeng.
ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-
8 Kushi neh Lubim khaw a cungkuem dongah tatthai la a om uh moenih a? Leng neh, marhang caem neh muep ping dae BOEIPA dongah na hangdang dongah ni amih te nang kut ah m'paek.
ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။-
9 Amah taengah rhuemtuet la a thinko aka hong te moem hamla BOEIPA loh diklai pum ah a mik a van sak thikthuek. Tahae ah na pavai ngawn cakhaw tahae lamloh na taengah caemtloek om coeng,” a ti nah.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-
10 Tedae Asa te khohmu taengah hue a sak tih anih taengkah a thintoek ah anih te hloong im khuila a khueh. Te vaeng tue ah Asa loh pilnam te a neet.
၁၀ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။
11 Asa olka a kung neh a dong he khaw Judah neh Israel kah manghai cabu khuiah a daek uh ne.
၁၁အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-
12 Asa kah a ram te sawmthum kum ko vaengah anih te tloh loh a dom. A kho dongkah a tloh te a so duela a om pah. A tlohtat khuiah pataeng aka hoeih sak ham BOEIPA te a toem moenih.
၁၂နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ်​မြောက်​၌​အာ​သ​သည် နူ​နာ​စွဲ​သ​ဖြင့် ခြေ​မ​စွမ်း​မ​သန်​ဖြစ်​သော​အ​ခါ ထာ​ဝရ​ဘု​ရား​အား​ဆည်း​ကပ်​မည့်​အ​စား ဆေး သ​မား​များ​ကို​သာ​လျှင်​ဆည်း​ကပ်​လေ​၏။-
13 Asa khaw a napa rhoek taengah khoem uh tih a manghai te sawmli kum khat a lo vaengah duek.
၁၃နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​သူ​သည်​ကွယ်​လွန် သော​အ​ခါ၊-
14 Anih te amah kah phuel ah ah a up uh. Te te amah loh David khopuei ah a vueh. Anih te thingkong dongah a yalh sak uh tih botui neh si bibi neh a comluem a thungnom tih a vuei. Anih ham hmai len muep a hueng uh.
၁၄ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။

< 2 Khokhuen 16 >