< 1 Khokhuen 4 >

1 Judah koca ah Perez, Khetsron, Karmee, Hur, Shobal.
ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။-
2 Shobal capa Reaiah loh Jahath a sak. Jahath loh Ahumai neh Lahad a sak. He rhoek tah Zorathi koca ni.
ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
3 Etam pacaphung he Jezreel, Ishma neh Idbash tih a ngannu ming tah Hazzelelponi ni.
ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။
4 Gedor napa Penuel neh Hushah napa Ezer. He tah Bethlehem napa Epharath kah caming Hur kah koca ni.
5 Tekoa napa Ashhur he a yuu panit, Helah neh Naarah om.
တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။-
6 Anih ham te Naarah loh Ahuzzam, Hepher, Temeni, Haahashtari a sak pah. He rhoek he Naarah koca la om.
နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊-
7 Helah koca rhoek ah Zereth, Zohar neh Ethan.
ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။
8 Koz loh Anub neh Zobebah a sak tih Harum capa Aharhel koca la om.
ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။
9 Te tla a om vaengah Jabez tah a manuca rhoek lakah a thangpom. A manu long khaw, “Tloh neh ka cun,” a ti dongah a ming te Jabez a sui.
ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-
10 Jabez tah Israel Pathen taengah pang tih, “Kai he yoethen la yoe han then sak mai lamtah ka khorhi he han ka sak. Na kut te kai soah om tih yoethae lamloh nan hoep daengah ni ka ko a thae pawt eh?,” a ti nah. Te dongah a bih te Pathen loh a rhoi pah.
၁၀ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။
11 Shuhah manuca Kelub loh Eshton napa Mehir a sak.
၁၁ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။-
12 Eshton loh Bethrapha, Paseah, Nahash khopuei napa Tehinah a sak. He rhoek he Rekhah hlang rhoek ni.
၁၂ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။
13 Kenaz koca rhoek la Othniel, Seraiah. Othniel koca ah Hathath.
၁၃ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။-
14 Meonothai loh Ophrah a sak tih Seraiah loh kutthai la aka om Gekharashim napa Joab a sak.
၁၄မော​နော​သဲ​၏​သား​မှာ​သြ​ဖ​ရာ​တည်း။ စ​ရာ​ယ​၏​သား​သည်​လက်​မှု​ပညာ​သည်​ချိုင့်​ဝှမ်း ကို​တည်​ထောင်​သူ​ယွာ​ဘ​ဖြစ်​၏။ ထို​ချိုင့်​ဝှမ်း တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကား​လက်​မှု​ပ​ညာ ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ​ဖြစ်​သ​တည်း။
15 Jephunneh capa Kaleb koca la Iru, Elah neh Naam, Elah neh Kenaz koca.
၁၅ယေဖုန္န​၏​သား​ဖြစ်​သော​ကာ​လက်​တွင်​ဣ​ရု၊ ဧ​လာ၊ နာ​မ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။ ဧ​လာ​၏ သား​မှာ​ကေ​နတ်​ဖြစ်​၏။
16 Jehallelel koca ah Ziph, Ziphah, Tiria neh Asarel.
၁၆ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။
17 Ezrah koca ah Jether, Mered, Epher, Jalon tih Miriam loh Shammai neh Eshtmoa napa Ishbah a yom.
၁၇ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
18 Anih yuu Judean loh Gedor napa Jered, Sokoh napa Heber, Zanoah napa Jekuthiel a sak. Te rhoek tah Mered loh a loh Pharaoh canu Bithiah ca rhoek ni.
၁၈
19 Hodiah yuu koca ah Karmee Keliah napa Naham ngannu neh Maakathi Eshtmoa.
၁၉ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။
20 Shimon koca ah Amnon, Rinnah, Benhanan, Tilon. Ishi koca ah Zoheth neh Benzoheth.
၂၀ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။ ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။
21 Judah capa Shelah koca ah Lekah napa Er, Mareshah napa Laadah tih Ashbe imkhui ah tah baibok dongkah thohtatnah aka saii imkhui koca la om.
၂၁ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊-
22 Te phoeiah Jokim neh Kozeba hlang neh Joash, Moab ah yuu aka lo rhoek Saraph neh Jashubilehem. He khaw tampo ol ni.
၂၂ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-)
23 Amih tah Netaim neh Gederah kah khosa ambop la om uh tih a bitat dongah manghai taengah pahoi kho a sak uh.
၂၃ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။
24 Simeon koca ah Nemuel, Jamin, Jarib, Zerah, Saul.
၂၄ရှိ​မောင်​တွင်​ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။-
25 Saul capa Shallum, Shallum capa Mibsam, Mibsam capa Mishma.
၂၅ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။-
26 Mishma koca la, Mishma capa Hammuel, Hammuel capa Zakkuur, Zakkuur capa Shimei.
၂၆မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။-
27 Shimei te capa hlai rhuk neh canu parhuk om dae a manuca rhoek tah camoe ping uh pawh. Te dongah amih koca boeih te Judah koca tluk la ping uh pawh.
၂၇ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။
28 Beersheba, Moladah, Hazarshual ah,
၂၈ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊-
29 Bilhah ah, Ezem ah, Tolad ah,
၂၉ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊-
30 Bethuel ah, Hormah ah, Ziklag ah,
၃၀ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊-
31 Bethmarkaboth ah, Hazarsusim ah, Bethbiri ah, Shaaraim ah kho a sak uh. He rhoek he David a manghai hil amih kah khopuei la om.
၃၁ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။-
32 Amih kah vangca la Etam, Ayin, Rimmon, Tokhen, Ashan neh kho nga lo.
၃၂ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊-
33 Amih kah vangca boeih he tah khopuei taengvai ah Baal duela om. He tah amih kah tolrhum la om tih amih ham a khuui la om coeng.
၃၃အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။
34 Meshobab, Jamlekh neh Amaziah capa Joshah.
၃၄ထို​သူ​တို့​၏​သား​ချင်း​စု​ဦး​စီး​ခေါင်း​ဆောင် များ​မှာ မေ​ရှော​ဗပ်၊ယာ​မ​လက်၊အာ​မ​ဇိ​၏​သား ယော​ရှ၊ယော​လ၊ စ​ရာ​ယ​၏​မြေး၊အာ​သေ​လ​၏​မြစ်၊ယော​ရှိ​ဘိ​ယ သား​ဖြစ်​သော​ယေ​ဟု၊ ဧ​လျော​နဲ၊​ယာ​ကော​ဘ၊ယေ​ရှော​ဟာ​ယ၊အ​သာ​ယ၊ အ​ဒျေ​လ၊ယေ​သိ​မျေ​လ၊ဗေ​နာ​ယ၊ ယေ​ဒါ​ယ၊ရှိ​မ​ရိ၊ရှေ​မာ​ယ​နှင့်​အလ္လုန်​မှ​ဆင်း သက် လာ​သော​ရှိ​ဖိ​၏​သား​ဇိ​ဇ။ ထို​သူ​တို့​၏​အိမ်​ထောင်​စု​များ​သည်​ဆက် လက်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊-
35 Joel neh Asiel koca Seraiah kah a ca, Joshibiah capa Jehu.
၃၅
36 Elioenai, Jaakobah, Jeshohaiah, Asaiah, Adiel, Jesimiel neh Benaiah.
၃၆
37 Shiphi capa Ziza, Allon capa Shiphi, Jedaiah capa Allon, Shimri capa Jedaiah, Shemaiah capa Shimri.
၃၇
38 He tlam ni amih koca kah khoboei rhoek ming neh ana tueng tih a napa imkhui khaw a yet la pungtai uh.
၃၈
39 Te dongah a boiva kah luemnah tlap ham te kolrhawk khocuk kah Gedor khuirhai duela cet uh.
၃၉အ​နောက်​ဘက်​တွင်​ဂေရာ​မြို့​အ​နီး​သို့​တိုင် အောင်​ပြန့်​နှံ့​သွား​လျက် ထို​မြို့​တည်​ရာ​ချိုင့် ဝှမ်း​အ​ရှေ့​ဘက်​တွင်​သိုး​များ​ကို​ထိန်း ကျောင်း​ကြ​၏။-
40 Te vaengah luemnah then pulpulh a hmuh uh tih khohmuen khaw khocaeh loh dangka. Tedae Ham lamloh lamhma la kho ana sak coeng dongah thayoeituipan neh mong mai.
၄၀သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။
41 He tah Judah manghai Hezekiah tue vaengah a ming neh a daek rhoek ni aka tueng. Te vaengah amih kah dap neh Mehunim te a ngawn uh. Tekah a hmuh Mehunim khaw a thup uh dongah tahae khohnin hil amih yueng la kho a sak uh tih a boiva ham luemnah la pahoi om.
၄၁ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-
42 Amih lamkah khaw Simeon koca khui lamkah hlang ya nga tah Seir tlang la luei uh. Te vaengah Ishi ca rhoek Pelatiah, Neariah, Rephaiah neh Uzziel te a lu la omuh.
၄၂ရှိ​မောင်​အ​နွယ်​ဝင်​လူ​ငါး​ရာ​တို့​သည် အ​ရှေ့​ဘက်၊ ဧ​ဒုံ​ပြည်​သို့​သွား​ကြ​၏။ သူ တို့​အား​ဦး​ဆောင်​သွား​ကြ​သူ​များ​မှာ ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ​နှင့်​သြ​ဇေ​လ တို့​ဖြစ်​၏။ သူ​တို့​ကား​ဣ​ရှိ​၏​သား​များ ဖြစ်​သ​တည်း။-
43 Amalek kah rhalyong kah a meet te khaw a ngawn uh tih tahae khohnin hil pahoi kho a sak thiluh.
၄၃သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​အ​ကြွင်း အ​ကျန်​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင် လျက်​ရှိ​ကြ​၏။

< 1 Khokhuen 4 >