< 1 Khokhuen 24 >
1 Aaron koca rhoek kah a boelnah rhoek la, Aaron koca ah Nadab, Abihu, Eleazar neh Ithamar.
၁အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။
2 Tedae Nadab neh Abihu tah a napa rhoek hmai ah duek rhoi. Amih rhoi te ca tongpa a om pawt dongah Eleazar neh Ithamar te khosoih rhoi.
၂နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
3 Amih khaw David loh ana tael coeng tih Eleazar koca lamkah Zadok neh Ithamar koca lamkah Ahimelek tah amih kah thothuengnah dongah amih aka cawhkung la a khueh.
၃ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။
4 Eleazar koca kah hlang rhoek he Ithamar koca lakah khaw boeilu la muep thoeng. Amih Eleazar koca lamloh a napa imkhui kah boeilu la aka phaeng uh he hlai rhuk lo. Ithamar koca lamkah khaw a napa rhoek imkhui kah te parhet louh.
၄ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။
5 Te tlam he hmulung neh amih te a tael uh. Te dongah Eleazar koca lamkah kah neh Ithamar koca lamkah he hmuencim mangpa neh Pathen mangpa la om uh.
၅စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။
6 Amih te Levi lamkah cadaek Nethanel capa Shemaiah loh manghai neh mangpa rhoek, khosoih Zadok neh Abiathar capa Ahimelek, khosoih napa boeilu neh Levi kah mikhmuh ah a daek pah. A napa rhoek imkhui kah te Eleazar lamkah pakhat a loh tih Ithamar lamkah a loh.
၆လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊
7 hmulung te lamhma ah Jehoiarib taengla, a pabae ah Jedaiah taengla pawk.
၇ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊
8 A pathum ah Harim taengla, a pali te Seorim taengla.
၈တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊
9 A panga te Malkhiah taengla, a parhuk Mijamin taengla,
၉ပဥ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊
10 A parhih te Koz taengla, a parhet te Abijah taengla.
၁၀သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊
11 A pako te Jeshua taengla, a hlai te Shekaniah taengla.
၁၁နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊
12 Hlai at te Eliashib taengla, hlai nit te Jakim taengla.
၁၂ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊
13 Hlai thum te Huppah taengla, a hlai li te Jeshebeab taengla.
၁၃တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊
14 A hlai nga te Bilgah taengla, a hlai rhuk te Immer taengla.
၁၄တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊
15 Hlai rhih te Hezir taengla, hlai rhet te Happozzez taengla.
၁၅တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
16 Hlai ko te Pethahiah taengla, pakul te Ezekiel taengla.
၁၆တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊
17 Pakul pakhat te Jakhin taengla, pakul panit te Gamul taengla.
၁၇နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊
18 Pakul pathum te Delaiah taengla, pakul pali te Maaziah taengla.
၁၈နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။
19 Te rhoek long te Israel Pathen BOEIPA loh amih napa Aaron kut dongah a uen a khosing vanbangla BOEIPA im la a kun vaengah amamih kah thothuengnah dongah amih aka cawhkung la om.
၁၉ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။
20 Levi koca kah a coih te Amram koca lamloh Shubael, Shubael koca lamloh Jedeiah.
၂၀ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
21 Rehabiah ham te Rehabiah koca lamloh a cacuek Isshiah.
၂၁ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊
22 Izhari lamloh Shelmoth, Shelmoth koca lamloh Jahath.
၂၂
23 Jeriah koca ah, Amariah te a pabae, Jahaziel te a pathum, Jekameam te a pali.
၂၃ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24 Uzziel koca Maikah, Maikah koca lamloh Shamir.
၂၄ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
25 Maikah mana Isshiah, Isshiah koca lamloh Zekhariah.
၂၅မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။
26 Merari koca ah Mahli neh a capa Jaaziah koca Mushi.
၂၆မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
27 Merari koca ah a capa Jaaziah lamkah neh Shoham, Zakkuur neh Ibri.
၂၇မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။
28 Mahli lamkah he Eleazar dae anih te ca tongpa om pawh.
၂၈မဟာလိသားဧလာဇာ၌သားမရှိ။
29 Kish lamkah khaw Kish koca he Jerahmeel.
၂၉ကိရှသားကား ယေရမေလတည်း။
30 Mushi koca rhoek la Mahli, Eder, Jerimoth. He rhoek tah Levi koca rhoek kah a napa rhoek imkhui cako ni.
၃၀မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။
31 Amih khaw a manuca rhoek bangla manghai David, Zadok, Ahimelek neh khosoih napa boeilu rhoek, a napa Levi boeilu rhoek, voeivang kah a manuca tanoe rhoek mikhmuh ah Aaron koca bangla hmulung neh a naan uh.
၃၁ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။