< Genesis 2 >
1 To tiah van hoi long, to ah kaom hmuennawk boih to a sak pacoeng.
၁ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
2 Ni sarihto naah loe Sithaw mah a sak ih tok to pacoengh, to pongah ni sarihto naah loe a toksakhaih boih thung hoiah anghak.
၂သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
3 A sak ih tok boih thung hoiah Sithaw anghakhaih niah oh pongah, sarihto ni to Sithaw mah tahamhoihaih paek moe, ciimcaisak.
၃ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။
4 Angraeng Sithaw mah van hoi long sak na niah, van hoi long sakhaih kawngnawk loe hae tiah oh.
၄ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။
5 Angraeng Sithaw mah long nuiah kho angzosak ai pongah, long ah thingkung to om ai, aan doeh amprawk ai; long ah toksah kami doeh om ai.
၅မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊
6 Toe long thung hoiah tui to tacawt pongah, long to tui mah duksak boih.
၆မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။
7 Angraeng Sithaw mah long ih maiphu hoiah kami to sak moe, anih ih hnahkhaw thungah hinghaih takhi to uengh pae; to naah hinghaih tawn kami ah angcoeng.
၇ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
8 Angraeng Sithaw mah ni angyae bang ih Eden ah takha maeto sak; to ah a sak ih kami to a suek.
၈ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
9 Angraeng Sithaw mah to long thung hoiah khet kahoih, caak kahoih thingkung congca to amprawksak; hinghaih thingkung hoi kasae kahoih panoekhaih thingkung doeh takha um ah oh.
၉ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။
10 Takha tui paek hanah Eden takha thung hoiah vapui maeto longh; to ahmuen hoiah ampraek moe, vapui sip palito ah angphae.
၁၀ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
11 Hmaloe koek ih ahmin loe Pishon; to vapui loe sui ohhaih, Havilah prae thung boih ah longh.
၁၁ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ၏။
12 To prae thung ih sui loe hoih; to ah loe bdellium hmuihoih thing hoi onyx thlungnawk doeh tacawt.
၁၂ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။
13 Hnetto haih vapui ahmin loe Gihon; to vapui loe Ethiopia prae thung boih ah longh.
၁၃ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။
14 Thumto haih vapui ahmin loe Hiddekel; to loe Assyria prae ni angyae bangah longh. Palito haih vapui loe Euphrates.
၁၄တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
15 Eden takha to khetzawn moe, to ah toksak hanah, Angraeng mah kami to lak moe, takha thungah anih to suek.
၁၅ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။
16 Angraeng Sithaw mah kami khaeah, Takha thungah kaom thingkung hoi tacawt athaihnawk boih to na caak thaih;
၁၆ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
17 toe kasae kahoih panoekhaih thingthai loe na caa mak ai; na caak niah na dueh tangtang tih, tiah lokpaek.
၁၇ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။
18 Angraeng Sithaw mah, Kami loe angmabueng oh han hoih ai; anih han kamcuk bomkung maeto ka sak pae han, tiah thuih.
၁၈ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
19 Angraeng Sithaw mah long hoiah sak ih taw ih moinawk boih, van ih tavaanawk boih to khetzawn moe, ahmin phui hanah, Adam khaeah sinh pae; kahing moi loe, Adam mah sak ih ahmin baktih toengah ahmin tawnh o boih.
၁၉ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
20 Adam mah moinawk, van ih tavaanawk hoi taw ih moinawk boih to ahmin sak; toe Adam loe angmah hoi kamcuk bomkung to tawn ai.
၂၀ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊
21 Angraeng Sithaw mah Adam to iih angmuetsak parai pongah, anih loe iih; anih ih panak huh maeto a lak pae, a lak ih ahmuen ah ngan to pacong pae let.
၂၁ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
22 Angraeng Sithaw mah kami khae hoi lak ih, panak huh hoiah nongpata to sak moe, anih to nongpa khaeah a caeh haih.
၂၂ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
23 Adam mah, Hae loe ka huhnawk thung ih ahuh, ka ngan thung ih ngan ah oh; anih loe Nongpa thung hoiah lak ah oh pongah, Nongpata, tiah kawk han oh, tiah thuih.
၂၃လူကလည်း၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
24 To pongah nongpa mah ampa hoi amno to caehtaak ueloe, a zu to la tih, to naah nihnik loe takpum maeto ah om hoi tih.
၂၄ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
25 Nongpa hoi a zu loe bangkrai ah oh hoi, toe azathaih tawn hoi ai.
၂၅ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။