< Zekariya 2 >
1 Kenaka ndinayangʼananso, ndipo ndinaona munthu atanyamula chingwe choyezera mʼmanja mwake.
၁တဖန် ငါ မျှော် ကြည့် ၍ ၊ တိုင်း စရာကြိုး ကို ကိုင် သော လူ တဦးကို မြင် လျှင် ၊
2 Ndipo ndinafunsa kuti, “Kodi ukupita kuti?” Anandiyankha kuti, “Akukayeza Yerusalemu kuti ndidziwe mulifupi mwake ndi mulitali mwake.”
၂အဘယ် အရပ်သို့ သွား မည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင် မြို့ အလျား အနံ ကို သိ လို ၍ မြို့ကို တိုင်း ခြင်းငှါ သွားသည်ဟု ပြန်ပြော ၏။
3 Taonani, mngelo amene amayankhula nane uja akuchoka, mngelo wina anabwera kudzakumana naye
၃ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ထွက်သွား သော် ၊ အခြား သော ကောင်းကင် တမန်သည် ကြိုဆို လျက် ၊
4 ndipo anamuwuza kuti, “Thamanga, kamuwuze mnyamatayo kuti, ‘Yerusalemu udzakhala mzinda wopanda malinga chifukwa mudzakhala anthu ambiri ndiponso ziweto zochuluka.
၄သင်သည် ပြေး ၍ ထို လုလင် ကို ဆင့်ဆို ရမည်မှာ၊ ယေရုရှလင် မြို့သား လူ သတ္တဝါတိရစ္ဆာန် တို့သည် အလွန် များသောကြောင့် ရွာ တို့၌ နေ ရကြလိမ့်မည်။
5 Ndipo Ine mwini ndidzakhala linga lamoto kuteteza mzindawo,’ akutero Yehova, ‘ndipo ndidzakhala ulemerero mʼkati mwake.’
၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် မြို့ ကို ကာ သောမီး မြို့ရိုး ဖြစ် မည်။ မြို့ အလယ် ၌ လည်း ငါသည် မြို့၏ဘုန်း အသရေဖြစ် မည်။
6 “Tulukani! Tulukani! Thawaniko ku dziko la kumpoto,” akutero Yehova, “pakuti ndinakumwazirani ku mphepo zinayi zamlengalenga,” akutero Yehova.
၆အချင်း တို့၊ အချင်း တို့၊ မြောက် မျက်နှာအရပ် မှ ပြေး လာကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေး မျက်နှာတို့၌ သင် တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
7 “Tuluka, iwe Ziyoni! Thawa, iwe amene umakhala mʼdziko la mwana wamkazi wa Babuloni!”
၇ဗာဗုလုန် မြို့သမီး ထံမှာနေ သောအချင်းဇိအုန် သတို့သမီး၊ အလွတ် ပြေးလော့။
8 Pakuti Yehova Wamphamvuzonse akuti, “Atatha kundilemekeza wanditumiza kwa anthu a mitundu ina amene anakufunkhani; pakuti aliyense wokhudza inu wakhudza mwanadiso wanga.
၈ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။
9 Ndithu Ine ndidzawamenya anthuwo ndi dzanja langa ndipo amene anali akapolo awo ndiye adzawalande zinthu. Pamenepo mudzadziwa kuti Yehova Wamphamvuzonse ndiye wandituma.
၉သူ တို့ကို ငါ တိုက် ၍ သူ တို့၏ ကျွန် များသည် လုယူ ဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
10 “Iwe mwana wamkazi wa Ziyoni, fuwula ndipo sangalala. Pakuti taona ndikubwera, ndipo ndidzakhala pakati pako,” akutero Yehova.
၁၀အို ဇိအုန် သတို့သမီး ၊ သီချင်း ဆို၍ ရွှင်လန်း လော့။ ငါ လာ ၍ သင့် အလယ် ၌ နေ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
11 “Nthawi imeneyo anthu a mitundu yambiri adzabwera kwa Yehova ndipo adzasanduka anthu anga. Ndidzakhala pakati pako ndipo iwe udzadziwa kuti Yehova Wamphamvuzonse wandituma kwa iwe.
၁၁ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။
12 Yehova adzachititsa kuti Yuda akhale chuma chake mʼdziko lopatulika ndipo adzasankhanso Yerusalemu.
၁၂ထာဝရဘုရား သည် သန့်ရှင်း သော ပြည် ၌ မိမိ အဘို့ ယုဒ ပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင် မြို့ကို ရွေးချယ် တော်မူလိမ့်မည်။
13 Khalani chete pamaso pa Yehova anthu nonse, chifukwa Iye wavumbuluka kuchoka ku malo ake opatulika.”
၁၃အိုလူ သတ္တဝါအပေါင်း တို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ် စွာနေကြလော့။ သန့်ရှင်း သော ကျိန်းဝပ် ရာဌာနတော်၌ ထ တော်မူပြီ။