< Aroma 14 >
1 Mulandire amene ndi ofowoka mʼchikhulupiriro, osatsutsana naye pa maganizo ake.
၁ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။
2 Chikhulupiriro cha munthu wina chimamulola kudya china chilichonse koma munthu wina, amene chikhulupiriro chake ndi chofowoka, amangodya zamasamba zokha.
၂အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။
3 Munthu amene amadya chilichonse sayenera kunyoza amene satero, ndipo munthu amene samadya chilichonse asaweruze munthu amene amatero, pakuti Mulungu anamulandira.
၃အမျိုးမျိုးကို စား သောသူ သည် မ စား သောသူ ကို မထီမဲ့မြင် မ ပြုစေနှင့်။ မ စား သောသူ သည်လည်း ၊ စား သော သူ ကိုမ စစ်ကြော မစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင် သည် သူ့ ကိုလက်ခံ တော်မူပြီ။
4 Kodi ndiwe ndani kuti uweruze wantchito wamwini? Mbuye wake yekha ndiye aweruze ngati iye wakhoza kapena walephera pa ntchito yake. Ndipo adzakhoza popeza kuti Mbuye wake angathe kumukhozetsa.
၄သူတစ်ပါး ပိုင်သော လူ ကိုစစ်ကြော စီရင်သော သင် သည် အဘယ်သူ နည်း။ သူ သည်မိမိ သခင် စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံ ခြင်းသို့ ရောက်ရ၏။ သူသည်အပြစ် လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် သူ ၏ အပြစ်ကို လွှတ် ခြင်းငှာတတ်နိုင် တော်မူ၏။
5 Munthu wina amayesa tsiku limodzi lopatulika kuposa lina. Munthu wina amayesa masiku onse ofanana. Aliyense akhale otsimikiza mʼmaganizo ake.
၅နေ့ရက်တ ရက်ထက် တ ရက် သာ၍မြတ်သည်ဟု လူ အချို့ ထင်တတ်၏။ လူအချို့မထင်။ လူ တိုင်းမိမိ စိတ် သဘောကျ ပါစေ။
6 Iye amene amaganiza kuti tsiku limodzi ndi lopambana, amatero kwa Ambuye. Iye amene amadya nyama, amadya mwa Ambuye pakuti amayamika Mulungu. Ndipo iye amene sadya, amatero kwa Ambuye ndi kuyamika Mulungu.
၆နေ့ရက် ကိုစောင့် သောသူ သည် သခင် ဘုရားကို ထောက်၍ စောင့် ၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စား သောသူ သည်သခင် ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မ စား သော သူ သည်လည်း ၊ သခင် ဘုရားကို ထောက်သောစိတ်နှင့် မ စား ဘဲနေ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။
7 Pakuti palibe wina wa ife amene amakhala moyo pa yekha ndiponso palibe wina wa ife amene amafa pa yekha.
၇ငါ တို့တွင် အဘယ်သူ မျှကိုယ် အဘို့ အလိုငှာအသက် မရှင်။ အဘယ်သူ မျှကိုယ် အဘို့အလို့ငှာမသေ
8 Ngati ife tikhala ndi moyo, ife tikhala ndi moyo kwa Ambuye. Ndipo ngati ife tifa, tifa kwa Ambuye. Choncho, ngati tikhala ndi moyo kapena kufa, ndife ake a Ambuye.
၈အသက် ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှာ ရှင် ၏။ သေ လျှင် လည်း၊ သခင်ဘုရား အဘို့ အလိုငှာ သေ ၏။ ထိုကြောင့် အသင်ရှင် သည်ဖြစ်စေ ၊ သေ သည် ဖြစ်စေ ၊ သခင်ဘုရားဆိုင် တော်မူ၏။
9 Pa chifukwa ichi, Khristu anafa ndi kuukanso kotero kuti Iye akhale ndi Ambuye wa akufa ndi amoyo.
၉အကြောင်းမူကား ၊ ခရစ်တော် သည်၊ သေ သော သူတို့ကို၎င်း ၊ ရှင် သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ ၍ ၊ ခံပြီးမှအသက် ရှင်ပြန် တော်မူ၏။
10 Tsono nʼchifukwa chiyani iwe ukuweruza mʼbale wako? Kapena nʼchifukwa chiyani ukumunyoza mʼbale wako? Pakuti ife tonse tidzayima pa mpando wakuweruza wa Mulungu.
၁၀သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။
11 Kwalembedwa, akutero Ambuye, “Pamene Ine ndili ndi moyo, aliyense adzandigwadira ndipo lilime lililonse lidzavomereza Mulungu.”
၁၁ကျမ်းစာ လာသည်ကား ၊ ငါ အသက် ရှင်တော်မူသည်ဖြစ်၍၊ ငါ့ ရှေ့၌ လူ တိုင်းဒူး ထောက် ရမည်။ ဘုရားသခင် အားလူ တိုင်းမိမိနှုတ် နှင့် သစ္စာ ခံရမည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။
12 Choncho tsopano, aliyense wa ife adzafotokoza yekha kwa Mulungu.
၁၂သို့ဖြစ်၍ ၊ ငါ တို့ရှိသမျှ သည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
13 Motero, tiyeni tisiye kuweruzana wina ndi mnzake. Mʼmalo mwake, tsimikizani mʼmaganizo anu kuti musayike chokhumudwitsa kapena chotchinga mʼnjira ya mʼbale wanu.
၁၃ထိုကြောင့် ၊ ငါတို့သည် ယခုမှစ၍အချင်းချင်း မ စစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကို ချင်း ထိမိ၍ လဲ စရာအခွင့်၊ မှားယွင်း စရာအခွင့်မ ရှိ စေမည်အကြောင်း သာ၍ စီရင် ကြကုန်အံ့။
14 Monga mmodzi amene ndili mwa Ambuye Yesu, ndine wotsimikiza mtima kuti palibe chakudya chimene pachokha ndi chodetsedwa. Koma ngati wina atenga china chake kukhala chodetsedwa, kwa iyeyo ndi chodetsedwa.
၁၄အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။
15 Ngati mʼbale wako akuvutika chifukwa cha chimene umadya, iwe sukuchitanso mwachikondi. Usamuwononge mʼbale wako amene Khristu anamufera chifukwa cha chakudya chakocho.
၁၅သင် ၏ညီအစ်ကို သည် သင်စားသော အစာ ကြောင့် စိတ်နာ ရလျှင် ၊ သင်သည်မေတ္တာ တရားကို မ ကျင့် ။ ခရစ်တော် သည် အသေခံ တော်မူသော ကျေးဇူးတော်ကို ခံသောသူ ကိုသင် ၏ အစာ အားဖြင့် အကျိုး မ နည်း စေနှင့်။
16 Musalole kuti chimene muchiyesa chabwino achinene ngati choyipa.
၁၆သင်တို့သည် အခွင့် ရသည်အမှုမှာ ကဲ့ရဲ့ စရာ အကြောင်းမ ရှိစေနှင့်။
17 Pakuti Ufumu wa Mulungu si nkhani yakudya ndi kumwa, koma chilungamo, mtendere ndi chimwemwe mwa Mzimu Woyera.
၁၇ဘုရားသခင် ၏ နိုင်ငံ တော်သည် အစား အသောက် ၌ မ တည် ။ ဖြောင့်မတ် ခြင်း၊ ငြိမ်သက် ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် ခံရသော ဝမ်းမြောက် ခြင်း၌ တည်၏။
18 Nʼchifukwa chake aliyense amene atumikira Khristu mʼnjira iyi akondweretsa Mulungu ndi kuvomerezedwa ndi anthu.
၁၈ထိုသို့ ကျင့်၍ ခရစ်တော် ၏အမှု ကို ဆောင်ရွက်သောသူ သည်ဘုရားသခင့် ရှေ့၌ နှစ်သက် ဘွယ်၊ လူ တို့ တွင် ချီးမွမ်း ဘွယ်ဖြစ်၏။
19 Tsono tiyeni tiyesetse kuchita zimene zidzabweretsa mtendere ndi kulimbikitsana mwachikondi.
၁၉ထိုကြောင့် ၊ ငြိမ်သက် ခြင်းနှင့်၎င်း၊ အချင်းချင်း တည်ဆောက် ခြင်းနှင့်၎င်း ယှဉ်သောအရာ တို့ကို မှီအောင်လိုက် ကြကုန်အံ့။
20 Musawononge ntchito ya Mulungu chifukwa cha chakudya. Chakudya chonse ndi choyera, koma munthu amalakwa ngati adya chilichonse chimene chimakhumudwitsa wina.
၂၀ဘုရားသခင် ၏ အမှု တော်ကို သင်၏အစာ အလိုငှာ မ ဖျက်ဆီး နှင့်။ အစာအမျိုးမျိုး တို့သည် စင်ကြယ် ၏။ သို့သော်လည်း သူတစ်ပါးထိမိ လဲစရာအကြောင်းနှင့် စား သော သူ သည်အပြစ် ရှိ၏။
21 Nʼkwabwino kusadya kapena kumwa vinyo kapena kuchita chilichonse chimene chidzachititsa mʼbale wako kugwa.
၂၁အမဲသား ကိုစား ခြင်း၊ စပျစ်ရည် ကိုသောက် ခြင်း ကိစ္စမှစ၍၊ ညီအစ်ကို ထိမိ ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။
22 Tsono zimene ukukhulupirira pa zinthu izi zikhale pakati pa iwe ndi Mulungu. Wodala munthu amene sadzitsutsa yekha pa zimene amazivomereza.
၂၂သင် သည်ယုံ ခြင်းရှိ လျှင် ကိုယ် အလိုအလျောက်ဘုရားသခင့် ရှေ့ ၌ ရှိ စေလော့။ ကိုယ်လက်ခံ သောအမှုမှာ ကိုယ် ကိုမ စစ်ကြော မစီရင်သောသူ သည် မင်္ဂလာ ရှိ၏။
23 Koma munthu amene akukayika atsutsidwa ngati adya, chifukwa kudya kwake si kwa chikhulupiriro; ndipo chilichonse chosachokera mʼchikhulupiriro ndi tchimo.
၂၃ယုံမှား သောသူ သည် စား လျှင် ၊ ယုံ သောစိတ် မ ရှိဘဲစားသောကြောင့် အပြစ် စီရင်ခြင်းကိုခံရ၏။ ယုံ သောစိတ်မ ရှိဘဲကျင့်သမျှ သော အကျင့်တို့သည် အပြစ် ရှိ ကြ၏။