< Aroma 12 >

1 Nʼchifukwa chake ine ndikukupemphani abale, mwa chifundo cha Mulungu, kuti mupereke matupi anu monga nsembe yamoyo, yopatulika ndi yokondweretsa Mulungu. Nsembeyi ndiye kupembedza kwanu kwa uzimu.
ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။
2 Musafanizidwenso ndi makhalidwe a dziko lino koma musandulike pokonzanso maganizo anu. Ndipo mudzadziwa ndi kuzindikira chifuniro chabwino cha Mulungu chomwe ndi chokondweretsa ndi changwiro. (aiōn g165)
သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (aiōn g165)
3 Chifukwa cha chisomo chopatsidwa kwa ine, ndinena kwa aliyense wa inu kuti musadziyenereze nokha kuposa mmene mulili. Koma mudziganizire nokha modzichepetsa, molingana ndi muyeso wa chikhulupiriro chimene Mulungu wakupatsani.
သင် တို့သည် ကိုယ် ကိုထင် သင့် သည် အတိုင်း ထက်လွန် ၍မ ထင်ဘဲ၊ ဘုရားသခင် သည် လူ အသီးအသီးတို့အား ယုံကြည် ခြင်းကို ဝေပေး တော်မူသည်နှင့်အညီ ၊ ကိုယ်ကိုလျောက်ပတ် စွာထင် ရမည် အကြောင်း ငါ သည် ကိုယ်ခံရ သော ကျေးဇူး တော်ကိုအမှီပြု လျက်၊ သင်တို့တွင် ရှိသမျှ သောသူတို့ကိုမှာထား ၏။
4 Pakuti monga aliyense wa ife ali ndi thupi limodzi koma ziwalo zambiri, ziwalozi sizili ndi ntchito yofanana.
ဥပမာကား ၊ ကိုယ် တစ်ခု၌ အင်္ဂါ အများ ရှိ သည်ဖြစ်၍၊ ထိုအင်္ဂါ အများ သည် ဆောင်ရွက် စရာအမှုတစ်ခုတည်းမ ရှိ သကဲ့သို့ ၊
5 Momwemonso mwa Khristu ife amene tili ambiri tipanga thupi limodzi ndipo chiwalo chilichonse ndi cholumikizika ku chinzake.
ထိုအတူ ၊ အများ ဖြစ်သောငါတို့သည် ခရစ်တော် ၌ တစ် ကိုယ် တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါ ချင်း ဖြစ်ကြ၏။
6 Ife tili ndi mphatso zosiyana, molingana ndi chisomo chopatsidwa kwa ife. Ngati mphatso ya munthu ndi kunenera, musiyeni ayigwiritse ntchito molingana ndi chikhulupiriro chake.
ထိုသို့ ပေး တော်မူသော ကျေးဇူး တော်အတိုင်း ငါ တို့သည် အသီးသီး အပြားပြားသော ဆု များကိုခံရသည်ဖြစ် ၍ ၊ ပရောဖက် အရာရှိလျှင် ၊ ယုံကြည် ခြင်း၏ပမာဏ ကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
7 Ngati ndi kutumikira, musiyeni atumikire. Ngati ndi kuphunzitsa, musiyeni aphunzitse.
ဓမ္မဆရာ အရာရှိလျှင် ၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမ ဩဝါဒပေးသောသူ သည် ထိုအမှုကိုဆောင်ရွက်စေ။
8 Ngati ndi kulimbikitsa, musiyeni alimbikitse. Ngati ndi kupereka kuthandiza osowa, musiyeni apereke mowolowamanja. Ngati ndi utsogoleri, musiyeni alamulire mosamala. Ngati ndi kuonetsa chifundo, musiyeni achite mosangalala.
နှိုးဆော် သွေးဆောင်သောသူ သည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှ သောသူ သည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ် သောသူ သည် လုံ့လ ဝိရိယနှင့် အုပ်ချုပ်စေ။ မစ သနားခြင်းအမှုကိုပြုသောသူ သည် စေတနာ စိတ်နှင့် ပြုစေ။
9 Chikondi chikhale chopanda chinyengo. Dana nacho choyipa; gwiritsitsa chabwino.
မေတ္တာ စိတ်သည် လျှို့ဝှက် ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ် သောအမှုကို စက်ဆုပ် ရွံ့ရှာကြလော့။ ကောင်းမွန် သောအမှု၌ မှီဝဲ ဆည်းကပ်ကြလော့။
10 Mukondane kwathunthu monga abale. Lemekezanani wina ndi mnzake kuposa inu eni.
၁၀ညီအစ်ကို ချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့တစ်ယောက် ကိုတစ်ယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတစ်ပါး ကို ကိုယ်ထက်ချီးမြှောက် ကြလော့။
11 Musakhale aulesi mʼmachitidwe anu. Khalani achangu mu mzimu ndipo tumikirani Ambuye.
၁၁အားထုတ် ခြင်းအရာမှာ ပျင်းရိ ခြင်းမ ရှိဘဲလျက်၊ စိတ် တန်း သဖြင့် သခင်ဘုရား ၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
12 Kondwerani mʼchiyembekezo, pirirani mʼmasautso ndiponso khulupirikani mʼpemphero.
၁၂မြော်လင့် လျက် ဝမ်းမြောက် ကြလော့။ ဆင်းရဲ ဒုက္ခရောက်သောအခါ သည်းခံ ကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြုကြလော့။
13 Gawanani ndi anthu a Mulungu amene ali ndi chosowa. Cherezani alendo.
၁၃သန့်ရှင်း သောသူတို့သည် ဆင်းရဲ သောအခါ ဝေငှ ပေးကမ်းကြလော့။ အာဂန္တု တို့အား ဧည့်သည်ဝတ် ကို ကြိုးစား၍ပြုကြလော့။
14 Adalitseni amene akuzunzani. Adalitseni ndipo musawatemberere.
၁၄သင် တို့ကို ညှဉ်းဆဲ သောသူ တို့အဘို့ မေတ္တာပို့ ကြလော့။ ကျိန်ဆဲ ခြင်းကိုမ ပြု၊ မေတ္တာပို့ ခြင်းကိုသာ ပြုကြလော့။
15 Kondwani pamodzi ndi amene akukondwa ndipo lirani ndi amene akulira.
၁၅ဝမ်းမြောက် သောသူတို့နှင့်အတူ ၊ ဝမ်းမြောက် ခြင်းကို၎င်း၊ ငိုကြွေး သောသူတို့နှင့်အတူ ငိုကြွေး ခြင်းကိုပြုကြလော့။
16 Muyanjane wina ndi mnzake. Musakhale onyada, koma lolani kuyanjana ndi anthu wamba. Musaganize kuti mumadziwa zonse.
၁၆အချင်းချင်း စိတ် သဘော တစ်ညီတစ်ညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ် ကိုငဲ့ကွက်ခြင်းမ ရှိကြနှင့်။ နှိမ့်ချ သောသူ တို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ ၏ဟု ကိုယ် ကိုမ ထင် ကြနှင့်။
17 Musabwezere choyipa ndi choyipa kwa aliyense. Samalitsani kuchita chabwino pamaso pa aliyense.
၁၇အဘယ်သူ ကိုမျှ ရန်တုံ့ မမူကြနှင့်။ လူ အပေါင်း တို့ရှေ့ မှာ တင့်တယ် လျောက်ပတ်သော အကျင့်ကို ကြံစည် ကြလော့။
18 Ngati nʼkotheka, khalani mwamtendere ndi aliyense monga momwe mungathere.
၁၈သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။
19 Okondedwa anga, musabwezere choyipa, koma lekerani Mulungu. Pakuti kwalembedwa, “Kubwezera chilango nʼkwanga. Ndidzawalanga ndine,” akutero Ambuye.
၁၉ချစ်သူ တို့၊ သူတစ်ပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မ တုံ့ ကြနှင့်။ အမျက် တော်ကို အခွင့် ပေး ကြလော့။ ကျမ်းစာ လာသည်ကား ၊ ငါ သည် အပြစ်တရားကို စီရင်ပိုင် ၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။
20 Koma, “Ngati mdani wako ali ndi njala, mupatse chakudya. Ngati ali ndi ludzu, mupatse kanthu kakumwa. Pochita ichi, udzamuwunjikira makala amoto pamutu pake.”
၂၀ထိုကြောင့်သင် ၏ရန်သူ သည် မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက် စရာဘို့ပေးလော့။ ထိုသို့ ပြု လျှင် ။ သူ ၏ခေါင်း ပေါ်၌ မီး ခဲ ကိုပုံ ထားလိမ့်မည်။
21 Musagonjetsedwe ndi choyipa, koma gonjetsani choyipa pochita chabwino.
၂၁အဆိုး အားဖြင့် အရှုံး မ ခံနှင့် အကောင်း အားဖြင့် အဆိုး ကို နိုင် လော့။

< Aroma 12 >