< Masalimo 80 >
1 Kwa mtsogoleri wa mayimbidwe. Potsata mayimbidwe a “Kakombo wa Pangano.” Salimo la Asafu. Tcherani khutu Inu mʼbusa wa Israeli, Inu amene mumatsogolera Yosefe monga nkhosa; Inu amene mumakhala pa mpando waufumu pakati pa akerubi, walani
၁သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
2 kwa Efereimu, Benjamini ndi Manase. Utsani mphamvu yanu; bwerani ndi kutipulumutsa.
၂ဧဖရိမ် အမျိုး၊ ဗင်္ယာမိန် အမျိုး၊ မနာရှေ အမျိုးတို့ ရှေ့ မှာ တန်ခိုး တော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ် တို့ကို ကယ်တင် ခြင်းငှါ ကြွ တော်မူပါ။
3 Tibwezereni mwakale Inu Mulungu; nkhope yanu itiwalire kuti tipulumutsidwe.
၃အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော် အလင်း ကိုပြတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
4 Inu Mulungu Wamphamvuzonse, mpaka liti mkwiyo wanu udzanyeka kutsutsana ndi mapemphero a anthu anu?
၄ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့ပြုသောပဌနာ စကားကို အဘယ် မျှကာလ ပတ်လုံးအမျက်ထွက် တော်မူမည်နည်း။
5 Mwawadyetsa buledi wa misozi; mwachitisa iwo kumwa misozi yodzaza mbale.
၅သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။
6 Mwachititsa kuti tikhale gwero la mikangano pakati pa anansi athu, ndipo adani athu akutinyoza.
၆အနီး အပါး၌ နေသောသူတို့သည် အကျွန်ုပ် တို့ အတွက် ငြင်းခုံ ကြပါ၏။ ရန်သူ တို့သည်လည်း ဝါကြွား၍ အကျွန်ုပ် တို့ကို ပြက်ယယ် ပြုကြပါ၏။
7 Tibwezereni mwakale Inu Mulungu Wamphamvuzonse, nkhope yanu itiwalire kuti tipulumutsidwe.
၇ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
8 Munatulutsa mpesa kuchoka ku Igupto; munathamangitsa anthu a mitundu ina ndi kuwudzala mpesawo.
၈ကိုယ်တော်သည် စပျစ် နွယ်ပင်ကို အဲဂုတ္တု ပြည် က ဆောင် ခဲ့၍၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးမှ စိုက်ပျိုး တော်မူ၏။
9 Munawulimira munda wamphesawo, ndipo unamera ndi kudzaza dziko.
၉သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။
10 Mapiri anaphimbidwa ndi mthunzi wake, mikungudza yamphamvu ndi nthambi zake.
၁၀သူ ၏အရိပ် သည် တောင် တို့ကို၎င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံး သော အာရဇ် ပင်တို့ကို၎င်းလွှမ်းမိုး ကြပါ၏။
11 Unatambalitsa nthambi zake mpaka ku nyanja, mphukira zake mpaka ku mtsinje.
၁၁သူ သည် အခက် အလက်တို့ကို ပင်လယ် တိုင်အောင် ၎င်း ၊ အညွန့် တို့ကို မြစ် ကြီးတိုင်အောင် ၎င်း ပြန့်ပွား စေပါ၏။
12 Chifukwa chiyani mwagwetsa makoma ake kuti onse amene akudutsa athyole mphesa zake?
၁၂ယခုမူကား၊ လမ်း ၌ ရှောက်သွား သောသူ အပေါင်း တို့သည် ဆွတ် စေခြင်းငှါ၊ သူ ၏ခြံ ကို အဘယ် ကြောင့် ချိုးဖျက် တော်မူသနည်း။
13 Nguluwe zochokera mʼnkhalango zikuwononga ndipo zirombo za mthengo zimawudya.
၁၃တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။
14 Bweraninso kwa ife Inu Mulungu Wamphamvuzonse! Yangʼanani pansi muli kumwambako ndipo muone! Uyangʼanireni mpesa umenewu,
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ တဖန် ကြွလာ တော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင် က ကြည့်ရှု တော်မူပါ။ ထို စပျစ် နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။
15 muzu umene dzanja lanu lamanja ladzala, mwana amene inu munamukuza nokha.
၁၅လက်ျာ လက်တော်နှင့် စိုက်ပျိုး သောအပင်၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော ပျိုး ပင်ကို ကွယ်ကာတော်မူပါ။
16 Mpesa wanu wadulidwa ndi kutenthedwa ndi moto; pakudzudzula kwanu anthu anu awonongeka.
၁၆မီးရှို့ ပါပြီ။ ခုတ် လှဲပါပြီ။ မျက်နှာ တော်ဖြင့် ဆုံးမ ခြင်းကို ခံရသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက် ရကြပါ၏။
17 Dzanja lanu likhale pa munthu amene ali ku dzanja lanu lamanja, mwana wa munthu amene mwalera nokha.
၁၇လက်ျာ လက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော လူ သား ၏အပေါ် မှာ လက် တော်ကို တင် ပါစေသော။
18 Ndipo ife sitidzatembenukira kumbali kuchoka kwa Inu; titsitsimutseni ndipo tidzayitana pa dzina lanu.
၁၈သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ထံ မှ မ ဆုတ် ရကြပါ။ အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ နာမတော် ကို ပဌနာ ပြုကြပါမည်။
19 Tibwezereni mwakale Inu Yehova Mulungu Wamphamvuzonse nkhope yanu itiwalire kuti tipulumutsidwe.
၁၉ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာ တော် အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။