< Masalimo 55 >
1 Kwa mtsogoleri wa mayimbidwe. Ndakatulo ya Davide. Pa zoyimbira za zingwe. Mvetserani pemphero langa, Inu Mulungu, musakufulatire kupempha kwanga,
၁အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။
2 mverani ndipo mundiyankhe. Maganizo anga akundisautsa ndipo ndathedwa nzeru
၂ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကား သံကြောင့်၎င်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ၏။
3 chifukwa cha mawu a adani anga, chifukwa cha kupondereza kwa anthu oyipa; pakuti andidzetsera masautso ndipo akundizunza mu mkwiyo wawo.
၃သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကို သက်ရောက်စေ၍၊ ဒေါသစိတ်နှင့်မုန်းကြပါ၏။
4 Mtima wanga ukupweteka mʼkati mwanga; mantha a imfa andigwera.
၄အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။
5 Mantha ndi kunjenjemera zandizinga; mantha aakulu andithetsa nzeru.
၅ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်၍ အလွန် ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။
6 Ndinati, “Ndithu, ndikanakhala ndi mapiko ankhunda! Ndikanawulukira kutali ndi kukapuma.
၆ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက် နေလိမ့်မည်။
7 Ndikanathawira kutali ndi kukakhala mʼchipululu.
၇ဝေးစွားသွား၍ တောမှာ နေရာကျလိမ့်မည်။
8 Ndikanathamangira kumalo anga a chitetezo; kutali ndi mphepo yaukali ndi yamkuntho.”
၈ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9 Sokonezani maganizo a oyipa, Inu Ambuye, tsutsani mawu awo; pakuti ine ndikuona chiwawa ndi mkangano mu mzinda.
၉အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ။
10 Usana ndi usiku iwo akuzungulirazungulira pa makoma ake; nkhwidzi ndi kuzunza kuli mʼkati mwake.
၁၀မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 Mphamvu zowononga zili pa ntchito mu mzinda; kuopseza ndi mabodza sizichoka mʼmisewu yake.
၁၁အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏။
12 Akanakhala mdani akundinyoza, ine ndikanapirira; akanakhala mdani akudzikweza yekha kutsutsana nane, ndikanakabisala.
၁၂ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။
13 Koma iweyo mnzanga, mnzanga woyenda naye, bwenzi langa la pondaapanʼpondepo, ndi amene ukuchita zimenezi.
၁၃ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။
14 Mnzanga amene nthawi ina tinkasangalala pa chiyanjano chokoma ku nyumba ya Mulungu.
၁၄အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။
15 Mulole imfa itenge adani anga mwadzidzidzi; alowe mʼmanda ali amoyo pakuti choyipa chili pakati pawo. (Sheol )
၁၅သူတို့ကို သေမင်းဘမ်းဆီးပါစေ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ။ အကြောင်းမူ ကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ ၏။ (Sheol )
16 Koma ine ndinafuwulira kwa Mulungu, ndipo Yehova anandipulumutsa.
၁၆ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည်။
17 Madzulo, mmawa ndi masana ndimalira mowawidwa mtima, ndipo Iye amamva mawu anga.
၁၇ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော် မူမည်။
18 Iye amandiwombola ine osavulazidwa pa nkhondo imene yafika kulimbana nane, ngakhale kuti ndi ambiri amene akunditsutsa.
၁၈ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌ နေသောသူ အများရှိကြ၏။
19 Mulungu amene ali pa mpando wake kwamuyaya, adzandimenyera nkhondo; adzawatsitsa adani anga, chifukwa safuna kusintha njira zawo zoyipa ndipo saopa Mulungu.
၁၉ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ။
20 Mnzanga woyenda naye wathira nkhondo abwenzi ake; iye akuphwanya pangano ake.
၂၀ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား၍ သစ္စာပျက်တတ်၏။
21 Mawu ake ndi osalala kuposa batala komabe nkhondo ili mu mtima mwake; mawu ake ndi osalala kwambiri kuposa mafuta, komatu mawuwo ndi malupanga osololoka.
၂၁သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။
22 Tulani nkhawa zanu kwa Yehova ndipo Iye adzakulimbitsani; Iye sadzalola kuti wolungama agwe.
၂၂ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထား လော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။
23 Koma Inu Mulungu mudzawatsitsa anthu oyipa kulowa mʼdzenje lachiwonongeko; anthu okhetsa magazi ndi anthu achinyengo sadzakhala moyo theka la masiku awo, koma ine ndimadalira Inu.
၂၃အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည်။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံ ပါမည် ။