< Masalimo 35 >

1 Salimo la Davide. Inu Yehova, mulimbane nawo amene akulimbana nane; mumenyane nawo amene akumenyana nane.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​ကို တိုက်​ခိုက်​တော်​မူ​ပါ။
2 Tengani chishango ndi lihawo; dzukani ndipo bwerani mundithandize.
ကိုယ်​တော်​ရှင်​၏​ဒိုင်း​လွှား​ကို​ကိုင်​ဆွဲ​၍ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​တော်​မူ​ပါ။
3 Tengani mkondo ndi nthungo, kulimbana ndi iwo amene akundithamangitsa. Uzani moyo wanga kuti, “Ine ndine chipulumutso chako.”
ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​သူ​တို့​အား လှံ​တံ​တော်​နှင့်​ရဲ​တင်း​တော်​ကို​ချိန်​ရွယ်​၍ ဆီး​တား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကယ်​တင်​တော်​မူ​မည်​ဖြစ် ကြောင်း ကျွန်​တော်​မျိုး​အား​မိန့်​ကြား​တော်​မူ​ပါ။
4 Iwo amene akufunafuna moyo wanga anyozedwe ndi kuchita manyazi; iwo amene akukonza kuti moyo wanga uwonongeke abwerere mʼmbuyo mochititsa mantha.
ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ကို​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် သူ​တို့​သည် တပ်​လှန်​၍​က​စဥ့်​က​ရဲ​ဖြစ်​ရ​ကြ​ပါ​စေ​သော။
5 Akhale ngati mankhusu owuluka ndi mphepo pamene mngelo wa Yehova akuwapirikitsa.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။
6 Njira yawo ikhale ya mdima ndi yoterera pamene mngelo wa Yehova akuwathamangitsa.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​စဉ် သူ​တို့​ပြေး​ရာ​လမ်း​သည်​မှောင်​မိုက်​၍ ခြေ​ချော်​ကြ​ရ​ပါ​စေ​သော။
7 Popeza ananditchera ukonde popanda chifukwa ndipo popanda chifukwa andikumbira dzenje,
သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက် ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။
8 chiwonongeko chiwapeza modzidzimutsa ukonde umene iwo abisa uwakole, agwere mʼdzenje kuti awonongedwe.
သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။ မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက် မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။
9 Pamenepo moyo wanga udzakondwera mwa Yehova ndi kusangalala ndi chipulumutso chake.
ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။
10 Thupi langa lidzafuwula mokondwera, “Ndani angafanane nanu Yehova? Mumalanditsa osauka kwa amene ali ndi mphamvu zambiri, osauka ndi osowa kwa iwo amene amawalanda.”
၁၀``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။
11 Mboni zopanda chisoni zinayimirira, zinandifunsa zinthu zimene sindikuzidziwa.
၁၁ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှ မ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။
12 Iwo anandibwezera zoyipa pa zabwino ndipo anasiya moyo wanga pa chisoni.
၁၂သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။
13 Koma pamene iwo ankadwala, ine ndinavala chiguduli ndi kudzichepetsa ndekha posala zakudya. Pamene mapemphero anga anabwerera kwa ine osayankhidwa,
၁၃ငါ​မူ​ကား​ထို​သူ​တို့​ဖျား​နာ​ကြ​သော​အ​ခါ၊ ဝမ်း​နည်း​သည့်​အ​နေ​ဖြင့်​နှိမ့်​ချ​ဆု​တောင်း​လျက် လျှော်​တေ​ကို​ဝတ်​၍​အ​စာ​မ​စား​ဘဲ​နေ​၏။
14 ndinayendayenda ndi kulira maliro, kumulira ngati bwenzi langa kapena mʼbale wanga. Ndinaweramitsa mutu wanga mosweka mtima kukhala ngati ndikulira amayi anga.
၁၄ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့ စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
15 Koma pamene ndinaphunthwa, iwo anasonkhana mosangalala; ondithira nkhondo anasonkhana kutsutsana nane, ineyo osadziwa. Iwo sanasiye kundiyankhulira mawu onyoza.
၁၅သို့​ရာ​တွင်​ငါ​ဒုက္ခ​ရောက်​သော​အ​ခါ၊သူ​တို့​အား လုံး​ပင် ဝမ်း​မြောက်​ကြ​လျက် ငါ့​ကို​ပြောင်​လှောင်​ရန်​ဝိုင်း​ရံ​စု​ရုံး​လာ​ကြ​၏။ ငါ​မ​သိ​သော​သူ​တို့​သည်​ငါ့​အား​ရိုက်​နှက်​ကြ​၏။ မ​ရပ်​မ​စဲ​ဘဲ​ရိုက်​နှက်​ကြ​၏။
16 Monga anthu osapembedza, iwo anandinyoza mwachipongwe; anandikukutira mano awo.
၁၆ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။ မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။
17 Ambuye, mpaka liti mudzakhala mukungoyangʼana? Landitsani moyo wanga ku chiwonongeko chawo, moyo wanga wopambana ku mikango.
၁၇အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကြည့်​၍​နေ​တော်​မူ​ပါ​မည်​နည်း။ သူ​တို့​၏​တိုက်​ခိုက်​မှု​များ​မှ​ကျွန်​တော်​မျိုး​အား ကယ်​နုတ်​တော်​မူ​ပါ။ ဤ​ခြင်္သေ့​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကယ်​တော်​မူ​ပါ။
18 Ndidzakuyamikani mu msonkhano waukulu; pakati pa gulu lalikulu la anthu ndidzakutamandani.
၁၈ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။
19 Musalole adani anga onyenga akondwere chifukwa cha masautso anga; musalole kuti amene amadana nane popanda chifukwa andiyangʼane chamʼmbali mondinyoza.
၁၉ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အား ကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အား ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
20 Iwowo sayankhula mwamtendere, koma amaganizira zonamizira iwo amene amakhala mwabata mʼdziko.
၂၀သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲ ငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။
21 Iwo amandiseka mofuwula ndipo amati, “Haa! Haa! Ndipo ndi maso athuwa ife taziona.”
၂၁သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကို ငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။
22 Yehova mwaona zimenezi; musakhale chete. Ambuye musakhale kutali ndi ine.
၂၂သို့​သော်​လည်း အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ​အ​မှု​ကို​သိ​မြင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
23 Dzukani, ndipo nyamukani kunditeteza! Mulimbane nawo chifukwa cha ine, Mulungu wanga ndi Ambuye anga.
၂၃အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။
24 Onetsani kusalakwa kwanga mwa chilungamo chanu, Inu Yehova Mulungu wanga. Musalole kuti akondwere chifukwa cha mavuto anga.
၂၄အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။
25 Musalole kuti aganize kuti, “Amati atani, zachitika monga momwe timafunira!” Kapena kunena kuti, “Tamutha ameneyu basi.”
၂၅``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့ အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။
26 Onse amene amakondwera ndi masautso anga achite manyazi ndi kusokonezeka. Onse amene amadzikweza kufuna kundipambana, avekedwe manyazi ndi mnyozo ngati zovala.
၂၆ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။
27 Koma amene amakondwera chifukwa chakuti ndine wosalakwa, afuwule mwachimwemwe ndi chisangalalo. Nthawi zonse azinena kuti, “Yehova akwezeke, Iye amene amakondwera ndi kupeza bwino kwa mtumiki wake.”
၂၇ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့် ``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကို အား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။
28 Pakamwa panga padzayankhula za chilungamo chanu ndi za matamando anu tsiku lonse.
၂၈ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ ပါ​မည်။ တစ်​နေ့​လုံး​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ပါ​မည်။

< Masalimo 35 >