< Masalimo 29 >

1 Salimo la Davide. Perekani kwa Yehova, inu anthu amphamvu, perekani kwa Yehova ulemerero ndi mphamvu.
အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
2 Perekani kwa Yehova ulemerero woyenera dzina lake, pembedzani Yehova mwa kukongola kwa chiyero chake.
ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
3 Liwu la Yehova lili pamwamba pa madzi; Mulungu waulemerero abangula, Yehova abangula pamwamba pa madzi amphamvu.
ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
4 Liwu la Yehova ndi lamphamvu; liwu la Yehova ndi laulemerero.
ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
5 Liwu la Yehova limathyola mikungudza; Yehova amathyolathyola mikungudza ya ku Lebanoni.
ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
6 Iye amachititsa Lebanoni kulumphalumpha ngati mwana wangʼombe, Siriyoni ngati mwana wa njati:
တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
7 Liwu la Yehova limakantha ngati kungʼanima kwa mphenzi.
ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
8 Liwu la Yehova limagwedeza chipululu; Yehova amagwedeza chipululu cha Kadesi.
ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
9 Liwu la Yehova limapindapinda mibawa ndi kuyeretsa nkhalango. Ndipo mʼNyumba mwake onse amafuwula kuti, “Ulemerero!”
ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
10 Yehova amakhala pamwamba pa madzi osefukira, Yehova ndiye mfumu kwamuyaya.
၁၀ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
11 Yehova amapereka mphamvu kwa anthu ake; Yehova amadalitsa anthu ake ndi mtendere.
၁၁ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။

< Masalimo 29 >