< Masalimo 146 >
1 Tamandani Yehova. Tamanda Yehova, iwe moyo wanga.
၁အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။
2 Ndidzatamanda Yehova ndi moyo wanga wonse; ndidzayimba nyimbo zamatamando kwa Mulungu wanga nthawi yonse ya moyo wanga.
၂ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်း မည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
3 Musamadalire mafumu, anthu osakhalitsa, amene sangathe kupulumutsa.
၃မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။
4 Pamene mizimu yawo yachoka, iwo amabwerera ku dothi; zimene ankafuna kuchita zimatha tsiku lomwelo.
၄သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ် ၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီး ကြ၏။
5 Wodala ndi amene thandizo lake ndi Mulungu wa Yakobo.
၅ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။
6 Wolenga kumwamba ndi dziko lapansi, nyanja ndi zonse zili mʼmenemo; Yehova, amene ndi wokhulupirika kwamuyaya.
၆ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။
7 Iye amachitira chilungamo anthu oponderezedwa ndipo amapereka chakudya kwa anthu anjala. Yehova amamasula amʼndende,
၇ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ၏။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏။
8 Yehova amatsekula maso anthu osaona, Yehova amadzutsa onse amene awerama pansi, Yehova amakonda anthu olungama.
၈ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ၏။
9 Yehova amasamalira alendo ndipo amathandiza ana ndi akazi amasiye, koma amasokoneza njira za anthu oyipa.
၉ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ၏။ မတရားသောသူတို့၏ လမ်းကိုကား၊ ကွေ့ ကောက်စေတော်မူ၏။
10 Yehova ndiye Mfumu mpaka muyaya, Mulungu wako iwe Ziyoni, pa mibado yonse. Tamandani Yehova.
၁၀အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက် ဆက်စိုးစံတော်မူလတံ့သတည်း။ ဟာလေလုယ။