< Masalimo 118 >
1 Yamikani Yehova chifukwa ndi wabwino; pakuti chikondi chake chosasinthika ndi chosatha.
၁ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
2 Israeli anene kuti: “Chikondi chake ndi chosatha.”
၂``ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟုဣသရေလ အမျိုးသားတို့ဝန်ခံကြစေ။
3 Banja la Aaroni linene kuti, “Chikondi chake ndi chosatha.”
၃``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။
4 Iwo amene amaopa Yehova anene kuti: “Chikondi chake ndi chosatha.”
၄``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
5 Ndili mʼmasautso anga ndinalirira Yehova, ndipo Iye anayankha pondichotsa mʼmasautsowo.
၅ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
6 Yehova ali nane; sindidzachita mantha. Munthu angandichite chiyani?
၆ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
7 Yehova ali nane; Iye ndiye thandizo langa. Ndidzayangʼana adani anga mwachipambano.
၇ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
8 Nʼkwabwino kuthawira kwa Yehova kusiyana ndi kudalira munthu.
၈လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
9 Nʼkwabwino kuthawira kwa Yehova kusiyana ndi kudalira mafumu.
၉လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
10 Anthu a mitundu yonse anandizinga, koma mʼdzina la Yehova ndinawawononga.
၁၀ငါ၏ပတ်လည်တွင်ရန်သူအများပင်ရှိသော် လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
11 Anandizinga mbali zonse, koma mʼdzina la Yehova ndinawawononga.
၁၁သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
12 Anandizinga ngati njuchi, koma anatha msanga ngati moto wapaminga; mʼdzina la Yehova ndinawawononga.
၁၂သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
13 Anandikankha uku ndi uko ndipo ndinali pafupi kugwa, koma Yehova anandithandiza.
၁၃ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
14 Yehova ndiye mphamvu yanga ndi nyimbo yanga; Iye wakhala chipulumutso changa.
၁၄ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
15 Mfuwu wachimwemwe ndi chipambano ukumveka mʼmatenti a anthu olungama mtima kuti: “Dzanja lamanja la Yehova lachita zamphamvu!
၁၅``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့် အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည် အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည် မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
16 Dzanja lamanja la Yehova latukulidwa mmwamba Dzanja lamanja la Yehova lachita zamphamvu!”
၁၆
17 Sindidzafa koma ndidzakhala ndi moyo ndipo ndidzalalika za ntchito ya Yehova.
၁၇ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
18 Yehova wandilanga koopsa, koma sanandipereke ku imfa.
၁၈ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
19 Tsekulireni zipata zachilungamo, kuti ndifike kudzayamika Yehova.
၁၉ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
20 Ichi ndicho chipata cha Yehova chimene olungama mtima okha adzalowerapo.
၂၀ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
21 Ndidzakuyamikani chifukwa Inu munandiyankha; mwakhala chipulumutso changa.
၂၁အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
22 Mwala umene amisiri omanga nyumba anawukana wasanduka wapangodya;
၂၂တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
23 Yehova ndiye wachita zimenezi ndipo nʼzodabwitsa pamaso pathu.
၂၃ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
24 Lero ndiye tsiku limene Yehova walipanga; tiyeni tikondwere ndi kusangalala nalo.
၂၄ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
25 Inu Yehova, tipulumutseni; Yehova, tipambanitseni.
၂၅အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
26 Wodala amene akubwera mʼdzina la Yehova. Tikukudalitsani kuchokera ku nyumba ya Yehova.
၂၆ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
27 Yehova ndi Mulungu, ndipo kuwala kwake kwatiwunikira Ife. Lowani nawo pa mʼdipiti wa ku chikondwerero mutanyamula nthambi mʼdzanja lanu, mpaka ku nyanga za guwa.
၂၇ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။ သင်တို့သည်သစ်ခက်များကိုင်၍၊ ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
28 Inu ndinu Mulungu wanga, ndipo ndidzakuyamikani; Inu ndinu Mulungu wanga, ndipo ndidzakukwezani.
၂၈ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
29 Yamikani Yehova chifukwa ndi wabwino; pakuti chikondi chake chosasinthika ndi chosatha.
၂၉ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။