< Miyambo 31 >
1 Nawa mawu a mfumu Lemueli wa ku Massa amene anamuphunzitsa amayi ake:
၁လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
2 Nʼchiyani mwana wanga? Nʼchiyani mwana wa mʼmimba mwanga? Nʼchiyani iwe mwana wanga amene ndinachita kupempha ndi malumbiro?
၂ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
3 Usapereke mphamvu yako kwa akazi. Usamayenda nawo amenewa popeza amawononga ngakhale mafumu.
၃သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 Iwe Lemueli si choyenera kwa mafumu, mafumu sayenera kumwa vinyo. Olamulira asamalakalake chakumwa choledzeretsa
၄အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
5 kuopa kuti akamwa adzayiwala malamulo a dziko, nayamba kukhotetsa zinthu zoyenera anthu osauka.
၅သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
6 Perekani chakumwa choledzeretsa kwa amene ali pafupi kufa, vinyo kwa amene ali pa mavuto woopsa;
၆ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
7 amwe kuti ayiwale umphawi wawo asakumbukirenso kuvutika kwawo.
၇ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
8 Yankhula mʼmalo mwa amene sangathe kudziyankhulira okha. Uwayankhulire anthu onse osiyidwa pa zonse zowayenera.
၈ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
9 Yankhula ndi kuweruza mwachilungamo. Uwateteze amphawi ndi osauka.
၉စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
10 Kodi mkazi wangwiro angathe kumupeza ndani? Ndi wokwera mtengo kuposa miyala yamtengowapatali.
၁၀သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
11 Mtima wa mwamuna wake umamukhulupirira ndipo mwamunayo sasowa phindu.
၁၁သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
12 Masiku onse a moyo wake mkaziyo amachitira mwamuna wake zabwino zokhazokha osati zoyipa.
၁၂ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။
13 Iye amafunafuna ubweya ndi thonje; amagwira ntchito ndi manja ake mwaufulu.
၁၃သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။
14 Iye ali ngati sitima zapamadzi za anthu amalonda, amakatenga chakudya chake kutali.
၁၄ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
15 Iye amadzuka kusanache kwenikweni; ndi kuyamba kukonzera a pa banja pake chakudya ndi kuwagawira ntchito atsikana ake antchito.
၁၅မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။
16 Iye amalingalira za munda ndi kuwugula; ndi ndalama zimene wazipeza amalima munda wamphesa.
၁၆ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
17 Iye amavala zilimbe nagwira ntchito mwamphamvu ndi manja ake.
၁၇မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။
18 Iye amaona kuti malonda ake ndi aphindu, choncho nyale yake sizima usiku wonse.
၁၈မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။
19 Iye amadzilukira thonje ndipo yekha amagwira chowombera nsalu.
၁၉ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင်၍ လုပ်ဆောင်တတ်၏။
20 Iye amachitira chifundo anthu osauka ndipo amapereka chithandizo kwa anthu osowa.
၂၀ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
21 Iye saopa kuti banja lake lifa ndi kuzizira pa nyengo yachisanu; pakuti onse amakhala atavala zovala zofunda.
၂၁မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
22 Iye amadzipangira yekha zoyala pa bedi pake; amavala zovala zabafuta ndi zapepo.
၂၂ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။
23 Mwamuna wake ndi wodziwika pa chipata cha mzinda, ndipo amakhala pakati pa akuluakulu a mʼdzikomo.
၂၃သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
24 Iye amasoka nsalu zabafuta nazigulitsa; amaperekanso mipango kwa anthu amalonda.
၂၄ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
25 Mphamvu ndi ulemu zimakhala ngati chovala chake; ndipo amaseka osaopa zamʼtsogolo.
၂၅လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
26 Iye amayankhula mwanzeru, amaphunzitsa anthu mwachikondi.
၂၆ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
27 Iye amayangʼanira makhalidwe a anthu a pa banja lake ndipo sachita ulesi ndi pangʼono pomwe.
၂၇အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏။ပျင်းရိခြင်းအစာကို မစားတတ်၊
28 Ana ake amamunyadira ndipo amamutcha kuti wodala; ndipo mwamuna wake, amamuyamikira nʼkumati,
၂၈သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
29 “Pali akazi ambiri amene achita zinthu zopambana koma iwe umawaposa onsewa.”
၂၉လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
30 Nkhope yachikoka ndi yonyenga, ndipo kukongola nʼkosakhalitsa; koma mkazi amene amaopa Yehova ayenera kutamandidwa.
၃၀ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
31 Mupatseni mphotho chifukwa cha zimene iye wachita ndipo ntchito zake zimutamande ku mabwalo.
၃၁ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။