< Miyambo 14 >
1 Mkazi wanzeru amamanga banja lake, koma mkazi wopusa amalimasula ndi manja ake omwe.
၁ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
2 Amene amayenda molungama amaopa Yehova, koma amene njira zake ndi zoyipa amanyoza Yehova.
၂ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
3 Kuyankhula kwa chitsiru kumamuyitanira ndodo pa msana, koma milomo ya munthu wanzeru imamuteteza.
၃မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
4 Pakasowa ngʼombe zolima gome limakhala lopanda chakudya, koma pakakhala ngʼombe zamphamvu zakudya zimachulukanso.
၄နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
5 Mboni yokhulupirika sinama, koma mboni yonyenga imayankhula zabodza.
၅သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
6 Wonyoza anzake amafunafuna nzeru koma osayipeza, koma munthu womvetsa bwino amadziwa zinthu msanga.
၆မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
7 Khala kutali ndi munthu wopusa chifukwa sudzapeza mawu a nzeru.
၇မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
8 Nzeru za munthu wochenjera zagona pakuzindikira njira zake. Koma uchitsiru wa zitsiru umapusitsidwa ndi chinyengo chawo chomwe.
၈ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
9 Zitsiru zimanyoza za kulapa machimo, awo, koma kufuna kwabwino kumapezeka mwa anthu olungama.
၉မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။
10 Mtima uliwonse umadziwa wokha zowawa zake, ndipo palibe wina aliyense angadziwe kukondwa kwake.
၁၀စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။
11 Nyumba ya munthu woyipa idzapasuka, koma tenti ya munthu wowongoka mtima idzakhazikika.
၁၁မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
12 Pali njira ina yooneka ngati yabwino kwa munthu, koma kumatsiriziro kwake ndi ku imfa.
၁၂လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
13 Ngakhale poseka mtima utha kumva kuwawa, ndipo mathero achimwemwe akhoza kukhala chisoni.
၁၃လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။
14 Munthu wosakhulupirika adzalandira zogwirizana ndi ntchito yake, koma munthu wabwino adzalandira mphotho ya ntchito yake.
၁၄စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
15 Munthu wopusa amakhulupirira chilichonse, koma munthu wochenjera amaganizira bwino mayendedwe ake.
၁၅ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
16 Munthu wanzeru amaopa Mulungu ndipo amapewa zoyipa, koma munthu wopusa ndi wokula mtima amakhala wosasamala.
၁၆ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
17 Munthu wopsa mtima msanga amachita zinthu za uchitsiru, ndipo anthu amadana ndi munthu wachinyengo.
၁၇စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
18 Anthu opusa amalandira uchitsiru, koma anthu ochenjera amavekedwa chipewa cha ulemerero wa kudziwa zinthu.
၁၈ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
19 Anthu oyipa adzagwada pamaso pa anthu abwino, ndipo anthu oyipa adzapempha thandizo kwa anthu olungama.
၁၉လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
20 Munthu wosauka ngakhale anansi ake omwe amamuda, koma munthu wolemera ali ndi abwenzi ambiri.
၂၀ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
21 Wonyoza mnansi wake ndi wochimwa koma ndi wodala amene amachitira chifundo anthu osowa.
၂၁မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
22 Kodi amene amakonzekera zoyipa sasochera? Koma amene amakonzekera zabwino anthu amawaonetsa chikondi ndi kukhulupirika.
၂၂မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။
23 Ntchito iliyonse imakhala ndi phindu, koma kuyankhulayankhula kumabweretsa umphawi.
၂၃ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
24 Chipewa chaulemu cha anthu a nzeru ndi chuma chawo chomwe, koma malipiro a zitsiru ndi uchitsiru.
၂၄ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
25 Mboni yokhulupirika imapulumutsa miyoyo, koma mboni yabodza imaphetsa.
၂၅မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။
26 Amene amaopa Yehova ali ndi chitetezo chokwanira ndipo iye adzakhala pothawira pa ana ake.
၂၆ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
27 Kuopa Yehova ndiye kasupe wamoyo, kumathandiza munthu kuti apewe msampha wa imfa.
၂၇ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
28 Gulu lalikulu la anthu ndiye ulemerero wa mfumu, koma popanda anthu kalonga amawonongeka.
၂၈ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
29 Munthu wosapsa mtima msanga amamvetsa zinthu kwambiri, koma munthu wopsa mtima msanga amaonetsa uchitsiru wake.
၂၉စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
30 Mtima wodekha umapatsa thupi moyo, koma nsanje imawoletsa mafupa.
၃၀ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
31 Amene amapondereza mʼmphawi amanyoza mlengi wake, koma wochitira chifundo munthu wosowa amalemekeza Mulungu.
၃၁ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
32 Anthu oyipa adzakanthidwa chifukwa cha ntchito zawo zomwe, koma olungama adzatetezedwa mwa imfa yawo.
၃၂မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
33 Nzeru zimakhala mu mtima mwa anthu omvetsa zinthu, koma nzeru sipezeka mu mtima mwa zitsiru.
၃၃ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
34 Chilungamo chimakweza mtundu wa anthu, koma uchimo umachititsa manyazi mtundu uliwonse.
၃၄ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
35 Mfumu imasangalatsidwa ndi wantchito wanzeru, koma imachitira ukali wantchito wochititsa manyazi.
၃၅ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။