< Numeri 35 >

1 Ku zigwa za Mowabu pafupi ndi Yorodani ku Yeriko, Yehova anawuza Mose kuti,
မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
2 “Lamula Aisraeli kuti apereke kwa Alevi midzi yoti azikhalamo kuchokera pa cholowa chomwe adzalandira. Muwapatsenso malo oweteramo ziweto kuzungulira midziyo.
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။
3 Midziyo idzakhala yawo ndipo azidzakhala mʼmenemo. Malo a msipu adzakhala a ngʼombe, nkhosa ndi zoweta zawo zina zonse.
ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။
4 “Malo a msipu a mudziwo amene mudzawapatse Aleviwo, adzayambire ku khoma la mudzi ndipo adzatuluke kunja mamita 450, kuzungulira mudziwo.
လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။
5 Kunja kwa mudzi yezani mamita 900 kummawa, mamita 900 kumpoto ndipo mudziwo ukhale pakati. Adzakhala ndi dera limeneli ngati malo a midziyo, owetera ziweto zawo.
မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။
6 “Isanu ndi umodzi mwa midzi imene mudzapereke kwa Alevi idzakhala mizinda yopulumukirako, kumene munthu wopha mnzake adzathawireko. Ndipo mudzawapatsenso midzi ina 42.
လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။
7 Midzi yonse imene mudzapereke kwa Alevi idzakhale 48, pamodzi ndi malo oweterako ziweto.
ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။
8 Pamene mukupatula midzi imeneyi pa cholowa cha Aisraeli, muchotsepo midzi yambiri pa mafuko aakulu, ndipo midzi pangʼono pa mafuko aangʼono. Fuko lililonse lidzapereka kwa Alevi molingana ndi kukula kwa cholowa chimene lalandira.”
ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
9 Ndipo Yehova anawuza Mose kuti,
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10 “Yankhula ndi Aisraeli kuti, ‘Pamene muwoloka Yorodani kulowa mu Kanaani,
၁၀သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊
11 sankhani midzi ina kuti ikhale mizinda yanu yopulumukirako, kumene munthu wopha munthu wina mwangozi angathawireko.
၁၁လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။
12 Adzakhala malo obisalako pothawa munthu wofuna kulipsira, kuti munthu wopha mnzake mwangozi asaphedwe mpaka akayime pamaso pa gulu la anthu kuti akaweruzidwe.
၁၂ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
13 Midzi isanu ndi umodzi imene muyiperekeyi idzakhala mizinda yopulumukirako.
၁၃လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
14 Mupereke itatu mbali ino ya Yorodani ndi itatu ina mu Kanaani kuti ikhale mizinda yopulumukirako.
၁၄ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
15 Midzi isanu ndi umodzi idzakhala malo opulumukirako Aisraeli, alendo ndi anthu ena onse okhala pakati pawo kuti wina aliyense wopha mnzake mwangozi adzathawireko.
၁၅ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
16 “‘Ngati munthu amenya mnzake ndi chitsulo, munthuyo nʼkufa, ndiye kuti iyeyo ndi wakupha ndipo wakuphayo aphedwe.
၁၆သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
17 Kapenanso ngati wina wake ali ndi mwala mʼdzanja mwake womwe ungaphe munthu, ndipo agenda nawo wina, munthu winayo nʼkufa, ndiye kuti iyeyo ndi wakupha ndipo wakuphayo adzayenera kuphedwa.
၁၇လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
18 Kapenanso ngati wina ali ndi chibonga mʼdzanja mwake choti nʼkupha nacho munthu, namenya nacho munthu, munthuyo nʼkufa, ndiye kuti iyeyo ndi wakupha, wakuphayo ayenera kuphedwa.
၁၈လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
19 Wolipsira adzamuphanso wakuphayo. Pamene akumana naye adzayenera kumupha ndithu.
၁၉သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
20 Ndipo ngati wina wake, chifukwa cha udani, aganiza zokankha munthu wina kapena kumuponyera chinthu china mwadala munthuyo nʼkufa,
၂၀သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
21 kapena ngati, chifukwa cha udani, amenya mnzake ndi nkhonya, mnzakeyo ndi kufa, munthuyo ayenera kuphedwa. Iyeyo ndi wakupha. Wolipsira adzamuphe wakuphayo pamene akumana naye.
၂၁သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။
22 “‘Koma ngati popanda udani wina uliwonse, mwadzidzidzi akankha wina kapena kumuponyera chinthu osati mwadala,
၂၂သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊
23 kapena mosamuona nʼkumuponyera mwala womwe utha kumupha, munthuyo nʼkufa, tsono pakuti sanali mdani wake ndipo sanaganizire zomupweteka,
၂၃သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
24 gulu liweruze pakati pa iye ndi wolipsira monga mwa malamulo ake.
၂၄ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
25 Gulu lidzapulumutsa munthu wakuphayo mʼmanja mwa wolipsira uja ndi kumubwezera ku mzinda wopulumukirako kumene anathawira. Ayenera kukhala kumeneko kufikira imfa ya mkulu wa ansembe, amene anadzozedwa ndi mafuta oyera.
၂၅သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။
26 “‘Koma ngati wolakwayo atuluka kunja kwa malire a mzinda wopulumukirako kumene anathawira
၂၆လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27 ndipo wobwezera choyipa nʼkumupeza kunja kwa mzindawo, wolipsirayo atha kumupha wolakwayo popanda kugamula mlandu wakupha.
၂၇သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
28 Wolakwayo ayenera kukhala mu mzinda wopulumukiramowo mpaka imfa ya mkulu wa ansembe ndipo pamenepo atha kubwerera kwawo. Pokhapokha atafa mkulu wa ansembe ndi pamene angathe kubwerera ku malo ake.
၂၈အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
29 “‘Amenewa akhale malamulo ndi malangizo kwa inu nthawi zonse ndi ku mibado ya mʼtsogolo, kulikonse kumene mudzakhalako.
၂၉ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
30 “‘Aliyense wopha munthu ayeneranso kuphedwa ngati pali umboni okwanira. Koma wina asaphedwe ngati pali mboni imodzi yokha.
၃၀လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။
31 “‘Osalola kulandira dipo lowombolera munthu wakupha yemwe ayenera kuphedwa. Wakupha ayenera kuphedwa.
၃၁အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
32 “‘Simuyeneranso kulandira dipo kwa munthu amene wathawira ku mzinda wopulumikirako kuti wothawayo abwerere kwawo, pokhapokha ngati mkulu wa ansembe wamwalira.
၃၂မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။
33 “‘Musayipitse dziko limene mukukhalamolo. Magazi amayipitsa dziko ndipo nʼkosatheka kulipirira dziko chifukwa cha magazi amene akhetsedwa mʼmenemo, kupatula pokhetsa magazi a munthu amene anakhetsa magaziyo.
၃၃ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
34 Choncho musadetse dziko limene mukukhalamo, dziko limene Inenso ndimakhalamo, pakuti Ine Yehova, ndimakhala pakati pa Aisraeli.’”
၃၄ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။

< Numeri 35 >