< Numeri 34 >

1 Yehova anawuza Mose kuti,
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
2 “Lamula Aisraeli ndipo uwawuze kuti, ‘Pamene mulowa mʼdziko la Kanaani, dziko lomwe lidzaperekedwa kwa inu ngati cholowa chanu, lidzakhale ndi malire awa:
သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
3 “‘Chigawo cha kummwera kwa dziko lanu chidzayambira ku chipululu cha Zini motsatana ndi malire a Edomu. Kummawa malire anu a kummwera adzayambira kummawa, kumathero a Nyanja ya Mchere.
တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
4 Malirewo adzapita kummwera ndipo adzakwera phiri la Akirabimu mpaka ku Zini. Mathero ake adzakhala kummwera kwa Kadesi-Baranea. Ndipo adzapitenso ku Hazari Adari mpaka kukafika ku Azimoni,
တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
5 kumene malirewo adzakhote kuchokera ku Azimoni mpaka ku khwawa la ku Igupto ndi kukathera ku Nyanja Yayikulu.
အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
6 “‘Malire anu a ku madzulo adzakhala ku gombe la Nyanja Yayikulu. Amenewo ndiwo adzakhale malire anu a ku madzulo.
အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
7 “‘Malire anu a kumpoto, mzere wake uyambire ku Nyanja Yayikulu mpaka ku phiri la Hori
မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
8 ndi kuchokera ku phiri la Hori mpaka ku Lebo Hamati. Malirewa apite ku Zedadi,
ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
9 ndi kupitirira mpaka ku Ziforoni ndi kukathera ku Hazari-Enani. Awa ndiwo adzakhale malire anu a kumpoto.
ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
10 “‘Za malire anu a kummawa, mulembe mzere kuchokera ku Hazari-Enani mpaka kukafika ku Sefamu.
၁၀အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
11 Malirewo adzatsikire ku Sefamu mpaka ku Ribila cha kummawa kwa Aini ndi kupitirira mpaka ku matsitso a cha kummawa kwa Nyanja ya Kinereti.
၁၁အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
12 Tsono malirewo adzatsika motsatana ndi Yorodani ndi kukathera ku Nyanja ya Mchere. “‘Limeneli lidzakhala dziko lanu ndi malire ake mbali zonse.’”
၁၂ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13 Ndipo Mose analamula Aisraeli kuti, “Limeneli ndi dziko limene mudzalilandira pochita maere kuti likhale cholowa chanu. Yehova analamula kuti liperekedwe ku mafuko asanu ndi anayi ndi theka,
၁၃မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
14 chifukwa mabanja a fuko la Rubeni, fuko la Gadi, ndi theka la fuko la Manase analandiriratu cholowa chawo.
၁၄ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
15 Mafuko awiriwa pamodzi ndi theka la fuko la Manase analandiriratu cholowa chawo patsidya pa mtsinje wa Yorodani ku Yeriko cha kummawa kotulukira dzuwa.”
၁၅
16 Yehova anawuza Mose kuti,
၁၆တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
17 “Awa ndi mayina a anthu amene adzakugawireni dzikoli kuti likhale cholowa chanu: wansembe Eliezara ndi Yoswa mwana wa Nuni.
၁၇အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
18 Musankhe mtsogoleri mmodzi kuchokera ku fuko lililonse kuti athandize kugawa dzikolo.
၁၈ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
19 Mayina awo ndi awa: Kalebe mwana wa Yefune, wochokera ku fuko la Yuda,
၁၉ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
20 Semueli mwana wa Amihudi, wochokera ku fuko la Simeoni;
၂၀ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
21 Elidadi mwana wa Kisiloni, wochokera ku fuko la Benjamini;
၂၁ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
22 Buki mwana wa Yogili, mtsogoleri wochokera ku fuko la Dani;
၂၂ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
23 Hanieli mwana wa Efodi, mtsogoleri wochokera ku fuko la Manase, mwana wa Yosefe;
၂၃ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
24 Kemueli mwana wa Sifitani, mtsogoleri wochokera ku fuko la Efereimu, mwana wa Yosefe.
၂၄ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
25 Elizafani mwana wa Parinaki, mtsogoleri wochokera ku fuko la Zebuloni;
၂၅ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
26 Palitieli mwana wa Azani, mtsogoleri wochokera ku fuko la Isakara,
၂၆ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
27 Ahihudi mwana wa Selomi, mtsogoleri wochokera ku fuko la Aseri;
၂၇အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
28 Pedaheli mwana wa Amihudi, mtsogoleri wochokera ku fuko la Nafutali.”
၂၈နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
29 Awa ndiwo mayina a anthu amene Yehova analamula kuti agawe cholowa cha Aisraeli mʼdziko la Kanaani.
၂၉ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။

< Numeri 34 >