< Numeri 26 >

1 Utatha mliri Yehova anati kwa Mose ndi Eliezara mwana wa Aaroni,
ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-
2 “Werengani Aisraeli onse mwa mabanja awo, onse a zaka makumi awiri kapena kuposera pamenepo omwe angathe kugwira ntchito ya usilikali mʼgulu lankhondo la Israeli.”
အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း၊
3 Kotero mu zigwa za Mowabu pafupi ndi mtsinje wa Yorodani ku Yeriko, Mose ndi wansembe Eliezara anayankhula nawo kuti,
သူတို့သည် မောဘ လွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌၊
4 “Werengani amuna a zaka makumi awiri kapena kuposera pamenepo, monga momwe Yehova walamulira Mose.” Aisraeli omwe anachokera ku Igupto ndi awa:
အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။
5 Zidzukulu za Rubeni, mwana woyamba wamwamuna wa Israeli, zinali izi: kuchokera mwa Hanoki, fuko la Ahanoki; kuchokera mwa Palu, fuko la Apalu;
အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
6 kuchokera mwa Hezironi, fuko la Ahezironi; kuchokera mwa Karimi, fuko la Akarimi.
ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
7 Awa anali mafuko a Rubeni: onse amene anawerengedwa analipo 43,730.
ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း။
8 Mwana wa Palu anali Eliabu,
ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။
9 ndipo ana a Eliabu anali Nemueli, Datani ndi Abiramu. Datani ndi Abiramu anali gulu la akuluakulu aja amene anawukira Mose ndi Aaroni ndipo analinso mʼgulu la otsatira Kora pamene anawukira Yehova.
ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
10 Nthaka inangʼambika ndi kuwameza pamodzi ndi Kora, kotero kuti gulu lawo linafa pamene moto unapsereza anthu 250 aja, nasanduka chenjezo.
၁၀မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
11 Koma ana a Kora sanafe nawo.
၁၁သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
12 Zidzukulu za Simeoni mwa mafuko awo zinali izi: kuchokera mwa Nemueli, fuko la Anemuele; kuchokera mwa Yamini, fuko la Ayamini; kuchokera mwa Yakini fuko la Ayakini;
၁၂ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူ ကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
13 kuchokera mwa Zera, mbumba ya Zera; kuchokera mwa Sauli, fuko la Asauli.
၁၃ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
14 Awa anali mafuko a Simeoni. Iwowa analipo amuna 22,200.
၁၄ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
15 Zidzukulu za Gadi mwa mafuko awo ndi izi: kuchokera mwa Zefoni, fuko la Azefoni; kuchokera mwa Hagi, fuko la Ahagi; kuchokera mwa Suni, fuko la Asuni;
၁၅ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူ ကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
16 kuchokera mwa Ozini, fuko la Aozini; kuchokera mwa Eri, fuko la Aeri;
၁၆ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး၊
17 kuchokera mwa Arodi, fuko la Aarodi; kuchokera mwa Arieli, fuko la a Areli.
၁၇အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း။
18 Awa ndiwo anali mafuko a Gadi. Onse amene anawerengedwa analipo 40,500.
၁၈ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင် သော လူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။
19 Eri ndi Onani anali ana aamuna a Yuda, koma anafera mu Kanaani.
၁၉ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊
20 Zidzukulu za Yuda monga mwa mafuko awo zinali izi: kuchokera mwa Sela, fuko la Asera; kuchokera mwa Perezi, fuko la Aperezi; kuchokera mwa Zera, mbumba ya Zera.
၂၀ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
21 Zidzukulu za Perezi zinali izi: kuchokera mwa Hezironi, fuko la Ahezironi; kuchokera mwa Hamuli, fuko la Ahamuli.
၂၁ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။
22 Awa ndiwo anali mafuko a Yuda. Amene anawerenga analipo 76,500.
၂၂ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း။
23 Zidzukulu za Isakara monga mwa mafuko awo zinali izi: kuchokera mwa Tola, fuko la Atola; kuchokera mwa Puwa, fuko la Apuwa;
၂၃ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
24 kuchokera mwa Yasubu, fuko la Ayasubu. Kuchokera mwa Simironi, fuko la Asimironi.
၂၄ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း။
25 Awa ndi amene anali a fuko la Isakara. Amene anawerengedwa analipo 64,300.
၂၅ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း။
26 Zidzukulu za Zebuloni mwa mafuko awo zinali izi: kuchokera mwa Seredi, fuko la Aseredi; kuchokera mwa Eloni, fuko la Aeloni; kuchokera mwa Yahaleeli, fuko la Ayahaleeli.
၂၆ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
27 Awa ndiwo anali mafuko a Zebuloni. Amene anawerengedwa analipo 60,500.
၂၇ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။
28 Zidzukulu za Yosefe mwa mafuko awo kupyolera mwa Manase ndi Efereimu zinali izi:
၂၈ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
29 Zidzukulu za Manase: kuchokera mwa Makiri, fuko la Amakiri (Makiri anali abambo ake a Giliyadi); kuchokera mwa Giliyadi, fuko la Agiliyadi.
၂၉မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
30 Izi ndizo zinali zidzukulu za Giliyadi; kuchokera mwa Iyezeri, fuko la Aiyezeri; kuchokera mwa Heleki, fuko la Aheleki;
၃၀ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
31 kuchokera mwa Asirieli, fuko la Aasirieli; kuchokera mwa Sekemu, fuko la Asekemu;
၃၁အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
32 kuchokera mwa Semida, fuko la Asemida; kuchokera mwa Heferi, fuko la Aheferi.
၃၂ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။
33 (Zelofehadi mwana wa Heferi analibe ana aamuna koma ana aakazi okha, amene mayina awo anali: Mala, Nowa, Hogila, Milika ndi Tiriza.)
၃၃ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
34 Awa ndiwo anali mafuko a Manase. Amene anawerengedwa analipo 52,700.
၃၄ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။
35 Zidzukulu za Efereimu monga mwa mafuko awo zinali izi; kuchokera mwa Sutela, fuko la Asutela; kuchokera mwa Bekeri, fuko la Abekeri; kuchokera mwa Tahani, fuko la Atahani.
၃၅ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
36 Zidzukulu za Sutela zinali izi: kuchokera mwa Erani, fuko la Aerani.
၃၆ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
37 Awa ndiwo anali mafuko a Efereimu. Amene anawerengedwa analipo 32,500. Zimenezi zinali zidzukulu za Yosefe monga mwa mafuko awo.
၃၇ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။
38 Zidzukulu za Benjamini monga mwa mabanja awo zinali izi: kuchokera mwa Bela, fuko la Abela; kuchokera mwa Asibeli, fuko la Aasibeli; kuchokera mwa Ahiramu, fuko la Ahiramu;
၃၈ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။
39 kuchokera mwa Sufamu, fuko la Asufamu; kuchokera mwa Hufamu, fuko la Ahufamu;
၃၉ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
40 Zidzukulu za Bela kupyolera mwa Aridi ndi Naamani zinali izi: kuchokera mwa Aridi, fuko la Aaridi; kuchokera mwa Naamani, fuko la Anaamani;
၄၀ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။
41 Awa ndiwo anali mabanja a Benjamini. Amene nawerengedwa analipo 45,600.
၄၁ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။
42 Zidzukulu za Dani mwa mabanja awo zinali izi: kuchokera mwa Suhamu fuko la Asuhamu. Izi zinali zidzukulu za Dani.
၄၂ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊
43 Onse a fuko la Asuhamu amene anawerengedwa analipo 64,400.
၄၃စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။
44 Zidzukulu za Aseri monga mwa mafuko awo zinali izi: kuchokera mwa Imina, fuko la Aimuna; kuchokera mwa Isivi, fuko la Ayisivi; kuchokera mwa Beriya, fuko la Aberiya;
၄၄ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။
45 ndipo kupyolera mwa zidzukulu za Beriya: kuchokera mwa Heberi, fuko la Aheberi; kuchokera mwa Malikieli, fuko la Amalikieli;
၄၅ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။
46 (Aseri anali ndi mwana wamkazi dzina lake Sera)
၄၆အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။
47 Awa ndiwo anali mafuko a Aseri. Onse amene anawerengedwa analipo 53,400.
၄၇ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။
48 Zidzukulu za Nafutali mwa mafuko awo zinali izi: kuchokera mwa Yahazeeli, fuko la Ayahazeeli; kuchokera mwa Guni, fuko la Aguni;
၄၈ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
49 kuchokera mwa Yezeri, fuko la Ayezeri; kuchokera mwa Silemu, fuko la Asilemu.
၄၉ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။
50 Awa ndiwo anali mafuko a Nafutali. Onse amene anawerengedwa analipo 45,400.
၅၀ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။
51 Chiwerengero chonse cha amuna mu Israeli chinalipo 601,730.
၅၁ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။
52 Yehova anawuza Mose kuti,
၅၂ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊
53 “Uwagawire dziko anthu awa kuti likhale cholowa chawo molingana ndi chiwerengero cha mayina awo.
၅၃ခါနန်ပြည်ကို ဝေရမည်။
54 Gulu lalikulu ulipatse cholowa chachikulu, ndipo lochepa cholowa chocheperapo. Gulu lililonse lilandire cholowa chake molingana ndi chiwerengero cha amene anawerengedwa.
၅၄လူများလျှင်များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော မွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည်။
55 Dzikolo uligawe pochita maere. Alandire cholowa chawocho potsata mayina a mafuko a makolo awo.
၅၅သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။
56 Cholowa chawo uchigawe pakati pa fuko lalikulu ndi lalingʼono mwa maere.”
၅၆စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။
57 Alevi omwe anawerengedwa monga mwa mafuko awo ndi awa: kuchokera mwa Geresoni, fuko la Ageresoni; kuchokera mwa Kohati, fuko la Akohati; kuchokera mwa Merari, fuko la Amerari.
၅၇ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-
58 Awanso anali mabanja a Alevi: banja la Alibini, banja la Ahebroni, banja la Amali, banja la Amusi, fuko la Kora banja la Akohati, (Kohati anali abambo a Amramu.
၅၈ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။
59 Dzina la mkazi wa Amramu linali Yokobedi, mdzukulu wa Levi, yemwe anabadwa mwa Alevi mu Igupto. Yokobedi anaberekera Amramu Aaroni, Mose ndi Miriamu mlongo wawo.
၅၉အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။
60 Aaroni anali abambo a Nadabu, Abihu, Eliezara ndi Itamara.
၆၀အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
61 Koma Nadabu ndi Abihu anafa pamene anapereka nsembe pamaso pa Yehova ndi moto wachilendo).
၆၁နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
62 Alevi onse aamuna a mwezi umodzi kapena kuposera pamenepa analipo 23,000. Iwowo sanawerengedwe pamodzi ndi Aisraeli ena chifukwa sanalandire cholowa pakati pawo.
၆၂အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
63 Awa ndi amene anawerengedwa ndi Mose ndi Eliezara wansembe pamene ankawerenga Aisraeli pa zigwa za ku Mowabu mʼmbali mwa Yorodani ku Yeriko.
၆၃ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။
64 Mwa anthu amenewa panalibe ndi mmodzi yemwe amene anali mʼgulu la Aisraeli omwe Mose ndi wansembe Aaroni anawawerenga mʼchipululu cha Sinai;
၆၄မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။
65 Chifukwa Yehova anali atawuza Aisraeliwo kuti adzafera ndithu mʼchipululu, ndipo palibe ndi mmodzi yemwe amene anatsala kupatula Kalebe mwana wa Yefune ndi Yoswa mwana wa Nuni.
၆၅အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။

< Numeri 26 >