< Numeri 23 >
1 Balaamu anati kwa Balaki, “Mundimangire maguwa ansembe asanu ndi awiri pano, ndipo mukonzenso ngʼombe zazimuna zisanu ndi ziwiri ndi nkhosa zazimuna zisanu ndi ziwiri.”
၁ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။
2 Balaki anachita monga Balaamu ananenera ndipo awiriwo anapereka ngʼombe imodzi ndi nkhosa yayimuna imodzi pa guwa lansembe lililonse.
၂ဗာလမ်စေခိုင်းသည့်အတိုင်းဗာလက်သည် ဆောင်ရွက်၍ သူတို့နှစ်ဦးသည်ယဇ်ပလ္လင်တစ်ခု စီပေါ်တွင်နွားတစ်ကောင်နှင့်သိုးတစ်ကောင် ကိုယဇ်ပူဇော်ကြလေသည်။-
3 Kenaka Balaamu anati kwa Balaki, “Khalani pano pafupi ndi nsembe yanu ineyo ndipite pambali. Mwina Yehova adzabwera kuti akumane nane. Chilichonse chimene akandionetse ndidzakuwuzani” Choncho anapita ku malo okwera a chipululu.
၃ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
4 Mulungu anakumana naye ndipo Balaamu anati, “Ndakonza maguwa asanu ndi awiri ndipo pa guwa lililonse ndaperekapo nsembe ya ngʼombe yayimuna imodzi ndi nkhosa yayimuna imodzinso.”
၄ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။
5 Yehova anawuza Balaamu kuti, “Bwerera kwa Balaki ndipo ukamuwuze uthenga uwu.”
၅ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
6 Ndipo anabwerera kwa iye namupeza atayima pafupi ndi nsembe yake pamodzi ndi akuluakulu onse a Mowabu.
၆သို့ဖြစ်၍ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ်ပလ္လင် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရလေ၏။
7 Ndipo Balaamu ananena uthenga wake: “Balaki ananditenga kuchoka ku Aramu, mfumu ya ku Mowabu kuchokera ku mapiri a kummawa. Iye anati, ‘Bwera, temberera Yakobo mʼmalo mwanga, pita nyoza Israeli.’
၇ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
8 Ndingatemberere bwanji amene Mulungu sanawatemberere? Ndinganyoze bwanji amene Yehova sanawanyoze?
၈ဘုရားသခင်ကျိန်ဆဲတော်မမူသောသူတို့ ကို ငါအဘယ်သို့ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ရှုတ်ချတော်မမူသောသူတို့ကို ငါအဘယ်သို့ရှုတ်ချနိုင်မည်နည်း။
9 Kuchokera pamwamba pa mapiri ndikuona anthu, ndikuwaona kuchokera pa zitunda. Ndikuona anthu okhala pawokha, osakhala mʼgulu limodzi ndi mitundu ina.
၉ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
10 Ndani angawerenge zidzukulu za Yakobo zochuluka ngati fumbi, kapena chimodzi mwa zigawo zinayi za Israeli? Lekeni ndife imfa ya oyera mtima, ndi chimaliziro changa chikhale ngati chawo!”
၁၀ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
11 Balaki anati kwa Balaamu, “Wandichitira chiyani? Ndinakuyitana kuti utemberere adani anga, ndipo taona, sunachite chilichonse koma kuwadalitsa!”
၁၁ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်မည်သို့ပြုလုပ်လိုက်ပါသနည်း။ အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့ပါသော်လည်း ကိုယ်တော်သည်သူတို့ ကိုကောင်းချီးပေးပါသည်တကား'' ဟုဆို၏။
12 Iye anayankha kuti, “Kodi sindinayenera kuyankhula zimene Yehova anandiwuza?”
၁၂ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
13 Kenaka Balaki anawuza Balaamu kuti, “Tiye tipite limodzi ku malo ena komwe ungawaone. Udzangoona gulu limodzi osati onsewo. Ndipo pamenepo, ukawatemberere mʼmalo mwanga.”
၁၃ထိုနောက်ဗာလက်ဘုရင်ကဗာလမ်အား``ဣသရေလ အမျိုးသားအချို့ကိုသာ မြင်နိုင်သောနေရာသို့ လိုက်ခဲ့ပါ။ ထိုအရပ်မှနေ၍သူတို့ကို ကျိန်ဆဲ ပါလော့'' ဟုဆိုလေ၏။-
14 Tsono anamutengera ku munda wa Zofimu pamwamba pa phiri la Pisiga ndipo kumeneko anamanga maguwa ansembe asanu ndi awiri ndipo anapereka nsembe ngʼombe yayimuna imodzi ndi nkhosa yayimuna imodzi pa guwa lansembe lililonse.
၁၄သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။
15 Balaamu anawuza Balaki kuti, “Khalani pano pafupi ndi nsembe yanu pamene ine ndikukakumana ndi Mulungu cha uko.”
၁၅ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
16 Yehova anakumana ndi Balaamu ndipo anamuyankhula kuti, “Bwerera kwa Balaki ndipo ukamuwuze uthenga uwu.”
၁၆ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။-
17 Ndipo anapita kwa iye ndipo anamupeza atayimirira pafupi ndi nsembe yake pamodzi ndi akuluakulu a ku Mowabu. Balaki anafunsa Balaamu kuti, “Yehova wayankhula chiyani?”
၁၇ထို့ကြောင့်ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရ၏။ ဗာလက် ဘုရင်ကထာဝရဘုရားမည်သို့မိန့်ကြား တော်မူကြောင်းကိုမေးမြန်း၏။-
18 Pamenepo Balaamu ananena uthenga wake: “Nyamuka Balaki ndipo tamvera; Undimvere iwe mwana wa Zipori.
၁၈ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
19 Mulungu si munthu kuti aname, kapena mwana wa munthu kuti asinthe maganizo ake. Kodi amayankhula koma osachita? Kodi amalonjeza koma osakwaniritsa?
၁၉ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
20 Wandilamula kuti ndidalitse, Iyeyo wadalitsa ndipo sindingasinthe.
၂၀ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။
21 “Palibe kuwukira kulikonse kumene wakuona mwa Yakobo, sanaone chovuta mu Israeli. Yehova Mulungu wawo ali nawo: mfuwu wa mfumu uli pakati pawo.
၂၁ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
22 Mulungu wowatulutsa mʼdziko la Igupto, ali ndi mphamvu ngati za njati.
၂၂ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။
23 Palibe matsenga amene angalimbane ndi Yakobo, palibe mawula amene angalimbane ndi Israeli. Tsopano za Yakobo ndi Israeli adzanena kuti, ‘Onani zimene Mulungu wachita!’
၂၃မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
24 Taonani, anthu anyamuka ngati mkango waukazi; adzuka okha ngati mkango waumuna umene supuma mpaka utadya nyama imene wagwira ndi kumwa magazi a nyama yogwidwayo.”
၂၄ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။''
25 Ndipo Balaki anati kwa Balaamu, “Usawatemberere ndi pangʼono pomwe kapena kuwadalitsa!
၂၅ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။
26 “Balaamu anayankha Balaki kuti, ‘Kodi sindinakuwuzeni kuti ndiyenera kuchita zimene Yehova wanena?’”
၂၆ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။
27 Kenaka Balaki anati kwa Balaamu, “Bwera ndikutengere ku malo ena. Mwina chidzamukondweretsa Mulungu kuti uwatemberere kumeneko mʼmalo mwanga.”
၂၇တစ်ဖန်ဗာလက်ဘုရင်ကဗာလမ်အား``အခြား တစ်နေရာသို့လိုက်ခဲ့ပါလော့။ ကိုယ်တော်အား ထိုအရပ်မှနေ၍သူတို့ကိုကျိန်ဆဲစေရန် ဘုရားသခင်အလိုတော်ရှိကောင်းရှိမည်'' ဟုဆို၏။-
28 Ndipo Balaki anamutengera Balaamu pamwamba pa Peori, poyangʼanana ndi chipululu.
၂၈သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
29 Balaamu anati kwa Balaki, “Mundimangire maguwa ansembe asanu ndi awiri pano ndipo mundikonzere ngʼombe zazimuna zisanu ndi ziwiri, nkhosa zazimuna zisanu ndi ziwiri.”
၂၉ဗာလမ်က ဘုရင်အား``ဤအရပ်တွင်ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ် ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုယူဆောင်ခဲ့ လော့'' ဟုစေခိုင်းလေသည်။-
30 Balaki anachita monga Balaamu ananenera ndipo anapereka nsembe ngʼombe imodzi yayimuna ndi nkhosa imodzi yayimuna pa guwa lililonse.
၃၀ဗာလက်ဘုရင်သည်ဗာလမ်စေခိုင်းသည့်အတိုင်း ယဇ်ပလ္လင်များတည်၍ တစ်ခုစီပေါ်တွင်နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော် လေ၏။