< Numeri 21 >
1 Mfumu ya Akanaani ya ku Aradi, imene inkakhala ku Negevi, itamva kuti Aisraeli akubwera kudzera msewu wopita ku Atarimu, inachita nkhondo ndi Aisraeli nigwira ena mwa iwo.
၁ခါနာန်ပြည်တောင်ပိုင်းတွင်အာရဒ်မြို့ကိုအုပ် စိုးသောမင်းသည် ဣသရေလအမျိုးသားများ အသရိမ်လမ်းဖြင့်လာနေကြောင်းသိရလျှင် သူတို့ကိုစစ်ချီတိုက်ခိုက်ရာအချို့ကိုသုံ့ပန်း အဖြစ်ဖမ်းမိလေသည်။-
2 Ndipo Israeli anachita lonjezo ili kwa Yehova: “Mukapereka anthu awa mʼdzanja lathu ife tidzawonongeratu mizinda yawo.”
၂ထိုအခါဣသရေလအမျိုးသားတို့က``ကိုယ် တော်သည်အကျွန်ုပ်တို့အားဤသူတို့ကိုတိုက် ခိုက်အောင်မြင်စေတော်မူလျှင် သူတို့နှင့်သူတို့ ၏မြို့များကိုကိုယ်တော်အားအပြီးအပိုင် ဆက်ကပ်သောပူဇော်သကာအဖြစ်ဖျက်ဆီး ပစ်ပါမည်'' ဟုထာဝရဘုရားအားသစ္စာ ကတိပြုကြလေသည်။-
3 Yehova anamva pempho la Aisraeli ndipo anapereka Akanaaniwo kwa iwo. Anawawononga pamodzi ndi mizinda yawo. Kotero malowo anatchedwa Horima.
၃ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
4 Aisraeli anayenda kuchokera ku phiri la Hori kudzera njira ya ku Nyanja Yofiira kuzungulira dziko la Edomu. Koma anthu anataya mtima mʼnjiramo
၄ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-
5 ndipo anayankhula motsutsana ndi Mulungu ndi Mose, nati, “Chifukwa chiyani munatitulutsa kuchoka mʼdziko la Igupto kuti tidzafere mʼchipululu muno? Kuno kulibe chakudya, kulibe madzi ndipo chakudya cha chabechabechi tatopa nacho.”
၅ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
6 Choncho Yehova anatumiza njoka zaululu pakati pawo. Zinaluma anthu ndipo Aisraeli ambiri anafa.
၆ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-
7 Anthuwo anabwera kwa Mose ndi kunena kuti, “Tachimwa chifukwa tayankhula motsutsana ndi Yehova komanso inu. Pempherani kwa Yehova kuti atichotsere njokazi.” Tsono Mose anapempherera anthuwo.
၇ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
8 Yehova anati kwa Mose, “Upange njoka yaululu ndipo uyipachike pa mtengo. Aliyense amene walumidwa akangoyangʼana njokayo adzakhala ndi moyo.”
၈ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။-
9 Pamenepo Mose anapanga njoka yamkuwa ndi kuyipachika pa mtengo. Ndipo aliyense wolumidwa akayangʼana njoka yamkuwayo ankakhala ndi moyo.
၉ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
10 Aisraeli anayendabe nakamanga misasa yawo ku Oboti.
၁၀တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာသြဗုတ်အရပ်တွင်စခန်းချ ကြ၏။-
11 Kenaka anasamuka ku Oboti nakamanga misasa yawo ku Iye-Abarimu, mʼchipululu chimene chili kummawa kwa Mowabu, kotulukira dzuwa.
၁၁ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်၍ မောဘပြည်အရှေ့ဘက်တောကန္တာရရှိယို ယွင်းပျက်စီးနေသော ဗာရိမ်မြို့တွင်စခန်းချ ကြလေသည်။-
12 Kuchoka kumeneko anayendabe nakamanga misasa yawo mʼchigwa cha Zeredi.
၁၂ထိုနောက်သူတို့သည်ဇာရက်မြစ်ဝှမ်းတွင် စခန်းချကြသည်။-
13 Anasamukanso kumeneko nakamanga moyandikana ndi Arinoni mʼdera limene lili mʼchipululu chimene chimafika mʼdziko la Aamori. Arinoni ndiwo malire a Mowabu ndi Aamori.
၁၃ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-)
14 Nʼchifukwa chake Buku la Nkhondo za Yehova limati, “Mzinda wa Wahebu uli mu Sufa, mu zigwa za Arinoni,
၁၄ထို့ကြောင့်ထာဝရဘုရား၏စစ်ပွဲများစာ စောင်တွင်``သုပဒေသတွင်တည်သောဝါဟက် မြို့နှင့်ချိုင့်ဝှမ်းများအာနုန်မြစ်နှင့်၊-
15 ku matsitso a zigwa amene afika mpaka ku Ari nakhudza malire a dziko la Mowabu.”
၁၅မောဘပြည်နယ်စပ်အာရမြို့သို့တိုင်အောင် လျှောဆင်းသောချိုင့်ဝှမ်းများ'' ဟူ၍ဖော်ပြ ပါရှိလေသည်။
16 Kuchokera kumeneko anapitirira mpaka ku Beeri, pa chitsime chomwe Yehova anawuza Mose kuti, “Sonkhanitsa anthu pamodzi ndipo ndidzawapatsa madzi.”
၁၆ဣသရေလအမျိုးသားတို့သည်ထိုအရပ်မှ ရေတွင်းဟုအနက်ရှိသောဗေရစခန်းသို့ ရောက်ကြလေသည်။ ထိုစခန်းတွင်ထာဝရ ဘုရားကမောရှေအား``လူအပေါင်းတို့ကို စုရုံးစေလော့။ ငါသည်သူတို့အားရေပေး မည်'' ဟုမိန့်တော်မူ၏။-
17 Pamenepo Aisraeli anayimba nyimbo iyi: “Tulutsa madzi, chitsime iwe! Chiyimbireni nyimbo,
၁၇ထိုအခါဣသရေလအမျိုးသားတို့စပ်ဆို ကြသောသီချင်းသည်ကား၊- ``ရေတွင်းတို့ရေထွက်ကြလော့။ ငါတို့သည်သီချင်းဆို၍ကြိုဆိုမည်။
18 chitsime chomwe anakumba mafumu, chomwe anakumba anthu omveka, ndi ndodo zawo zaufumu ndi ndodo zawo zoyendera.” Kenaka anachoka ku chipululu ndi kupita ku Matana.
၁၈မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့် တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။ သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊-
19 Kuchoka ku Matana anapita ku Nahalieli, kuchoka ku Nahalieli anapita ku Bamoti,
၁၉ထိုမှတစ်ဖန်နဟာလျေလစခန်းသို့လည်း ကောင်း၊ နဟာလျေလစခန်းမှဗာမုတ်စခန်း သို့လည်းကောင်း၊-
20 ndipo atachoka ku Bamoti anapita ku chigwa cha dziko la Mowabu kudzera njira ya pamwamba pa phiri la Pisiga, moyangʼanana ndi Yesimoni.
၂၀ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။
21 Aisraeli anatumiza amithenga kwa Sihoni mfumu ya Aamori, kuti,
၂၁ဣသရေအမျိုးသားတို့သည် အာမောရိဘုရင် ရှိဟုန်ထံသို့သံတမန်များစေလွှတ်လျက်၊-
22 “Tiloleni kuti tidutse mʼdziko mwanu. Sitidzapatukira mʼminda mwanu kapena mu mpesa wanu kapena kumwa madzi mʼchitsime chili chonse. Tidzayenda mu msewu waukulu wa mfumu mpaka titadutsa malire a dziko lanu.”
၂၂``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။-
23 Koma Sihoni sanalole kuti Aisraeli adutse mʼdziko mwake. Iye anasonkhanitsa pamodzi ankhondo ake onse kuti akamenyane ndi Aisraeli mʼchipululu. Atafika pa Yahazi anamenyana ndi Aisraeli.
၂၃သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
24 Koma Aisraeli anamupha ndi kulanda dziko lake kuchokera ku Arinoni mpaka ku Yaboki, kulekezera mʼmalire a dziko la Aamoni, chifukwa malire a dziko la Aamoni anali otetezedwa.
၂၄သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
25 Ndipo Aisraeli analanda mizinda yonse ya Aamori, nakhalamo kuphatikizapo Hesiboni ndi midzi yake yozungulira.
၂၅ဤနည်းအားဖြင့်ဣသရေလအမျိုးသားတို့ သည် ဟေရှဘုန်မြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပါအဝင် အာမောရိအမျိုးသားတို့၏မြို့ အားလုံးကိုသိမ်းပိုက်၍ ထိုမြို့များတွင်နေ ထိုင်ကြလေသည်။-
26 Hesiboni unali mzinda wa Sihoni mfumu ya Aamori, yemwe anamenyana ndi mfumu yakale ya dziko la Mowabu. Lonselo linakhala dziko lake mpaka ku Arinoni.
၂၆ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။-
27 Nʼchifukwa chake alakatuli amati: “Bwerani ku Hesiboni, mzindawo umangidwenso; mzinda wa Sihoni ukhazikike.
၂၇သို့ဖြစ်၍ကဗျာဆရာတို့က၊ ``ရှိဟုန်ဘုရင်၏မြို့တော်ဟေရှဘုန်မြို့သို့ လာကြလော့။ ငါတို့သည်ထိုမြို့ကိုအသစ်တစ်ဖန်တည်ကြ ကုန်စို့။
28 “Moto unabuka ku Hesiboni, malawi a moto kuchokera mu mzinda wa Sihoni. Unanyeketsa Ari mzinda wa ku Mowabu, nzika za ku malo okwera a Arinoni.
၂၈တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
29 Tsoka kwa iwe Mowabu! Mwawonongedwa inu anthu a ku Kemosi! Ana ake aamuna wawasandutsa ngati anthu othawathawa ndipo ana ake aakazi ngati akapolo, akapolo a Sihoni, mfumu ya Aamori.
၂၉မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။ ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။ သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊ အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။
30 “Koma ife tawagonjetsa; Hesiboni wawonongedwa mʼnjira monse mpaka kufika ku Diboni. Tawaphwasula mpaka ku mzinda wa Nofa, mzinda womwe umafika ku Medeba.
၃၀သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊ နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊ ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
31 “Choncho Aisraeli anakhala mʼdziko la Aamori.”
၃၁သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။-
32 Mose atatumiza azondi ku Yazeri, Aisraeliwo analanda midzi yozungulira ndi kuthamangitsa Aamori omwe ankakhala kumeneko.
၃၂မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
33 Kenaka anabwerera, nadzera njira ya ku Basani. Choncho Ogi mfumu ya ku Basani ndi gulu lake lonse lankhondo anatuluka kukakumana nawo ndipo anamenyana nawo ku Ederi.
၃၃ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
34 Yehova anati kwa Mose, “Usachite naye mantha pakuti ndamupereka mʼmanja mwako pamodzi ndi gulu lake lonse lankhondo ndi dziko lake lomwe. Ndipo uchite kwa iye zimene unachita Sihoni mfumu ya Aamori, amene ankalamulira ku Hesiboni.”
၃၄ထာဝရဘုရားကမောရှေအား``သူ့ကိုမ ကြောက်နှင့်။ သူနှင့်တကွပြည်သူပြည်သား အပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကို လည်းကောင်းသင့်လက်၌ငါအပ်ပေးမည်။ သင်သည်ဟေရှဘုန်မြို့တွင်စိုးစံသော အာ မောရိဘုရင်ရှိဟုန်အားပြုသကဲ့သို့သူ့ အားပြုလော့'' ဟုမိန့်တော်မူ၏။-
35 Choncho Aisraeli anapha Ogi pamodzi ndi ana ake aamuna ndi gulu lake lonse la nkhondo. Palibe ndi mmodzi yemwe amene anatsala wamoyo, ndipo analanda dziko lakelo.
၃၅ထိုကြောင့်ဣသရေလအမျိုးသားတို့သည် သြဃဘုရင်နှင့်သူ၏သားများအပါအဝင် တိုင်းသူပြည်သားတို့ကိုတစ်ယောက်မကျန် သုတ်သင်သတ်ဖြတ်ပြီးနောက်တိုင်းပြည်ကို သိမ်းပိုက်လေသည်။