< Numeri 10 >

1 Yehova anawuza Mose kuti,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Sula malipenga awiri a siliva, ndipo uziwagwiritsa ntchito posonkhanitsa anthu pamodzi ndiponso powasamutsa mʼmisasa.
သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
3 Pamene akuliza malipenga onse awiri, anthu onse asonkhane kwa iwe pa khomo la tenti ya msonkhano.
တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။
4 Akaliza limodzi lokha, atsogoleri, akulu a mafuko a Aisraeli, asonkhane kwa iwe.
တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
5 Akaliza lipenga lochenjeza, misasa yomwe ili kummawa iyambe kusamuka.
နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
6 Akaliza lipenga lochenjeza lachiwiri, misasa yakummwera iyambe kusamuka. Kuliza kwa lipenga lochenjeza kudzakhala chizindikiro choyamba ulendo.
ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။
7 Pofuna kusonkhanitsa anthu, muziliza malipenga, koma mosiyana ndi mmene malipenga ochenjeza amalizidwira.
ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။
8 “Ana a Aaroni, ansembe aja, ndiwo aziliza malipengawo. Zimenezi zikhale zokhazikika kwa inu ndi ku mibado yanu yonse.
အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။
9 Pamene mukupita ku nkhondo mʼdziko lanu lomwe, kulimbana ndi mdani amene akukuzunzani, muziliza malipenga ochenjeza ndipo Yehova Mulungu wanu adzakukumbukirani ndi kukulanditsani mʼmanja mwa adani anu.
သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။
10 Komanso pa nthawi yanu ya chisangalalo, pa maphwando anu oyikika ndi maphwando a mwezi watsopano, muziliza malipenga pa nsembe zanu zopsereza ndi nsembe zanu za chiyanjano, ndipo zidzakhala chikumbutso chanu pamaso pa Mulungu. Ine ndine Yehova Mulungu wanu.”
၁၀သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
11 Pa chaka chachiwiri, mwezi wachiwiri, tsiku la 20, mtambo unachoka pamwamba pa chihema cha umboni.
၁၁ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
12 Ndipo Aisraeli ananyamuka kuchoka mʼchipululu cha Sinai ndipo anayenda malo osiyanasiyana mpaka pamene mtambo unayima mʼchipululu cha Parani.
၁၂ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။
13 Kameneka kanali koyamba kuti Aisraeli anyamuke monga momwe Yehova analamulira Mose.
၁၃ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။
14 Magulu a msasa wa Yuda ndiwo anayamba kunyamuka potsata mbendera yawo. Mtsogoleri wa gulu lawo anali Naasoni mwana wa Aminadabu.
၁၄ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။
15 Mtsogoleri wa gulu la fuko la Isakara anali Netanieli mwana wa Zuwara,
၁၅ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။
16 Eliabu mwana wa Heloni ndiye anali mtsogoleri wa fuko la Zebuloni.
၁၆ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။
17 Kenaka anagwetsa chihema, ndipo Ageresoni ndi Amerari amene ananyamula chihemacho, ananyamuka.
၁၇တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။
18 Kenaka magulu a msasa wa fuko la Rubeni ananyamuka potsatira mbendera yawo. Mtsogoleri wawo anali Elizuri mwana wa Sedeuri.
၁၈ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။
19 Mtsogoleri wa fuko la Simeoni anali Selumieli mwana wa Zurisadai,
၁၉ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။
20 ndipo Eliyasafu mwana wa Deuweli ndiye ankatsogolera fuko la Gadi.
၂၀ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။
21 Kenaka Akohati ananyamuka atanyamula zinthu zopatulika. Chihema chinkayenera kuyimikidwa iwo asanafike.
၂၁ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။
22 Magulu a msasa wa Aefereimu anatsatira potsatira mbendera yawo. Elisama mwana wa Amihudi ndiye anali mtsogoleri wawo.
၂၂ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။
23 Gamalieli mwana wa Pedazuri ndiye anali mtsogoleri wa fuko la Manase.
၂၃မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။
24 Abidani mwana wa Gideoni ndiye anali mtsogoleri wa mtundu wa Benjamini.
၂၄ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။
25 Pambuyo pa magulu onse panali magulu a msasa wa Dani, omwe ankateteza magulu onsewa ndipo ananyamuka potsatira mbendera yawo. Mtsogoleri wawo anali Ahiyezeri mwana wa Amisadai.
၂၅နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။
26 Pagieli mwana wa Okirani ndiye anali mtsogoleri wa fuko la Aseri,
၂၆အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။
27 ndipo mtsogoleri wa mtundu wa Nafutali anali Ahira mwana wa Enani.
၂၇နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။
28 Umenewu ndiwo unali mndandanda wa kayendedwe ka magulu a Aisraeli pamene ankanyamuka ulendo wawo mʼmagulumagulu.
၂၈ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။
29 Ndipo Mose anawuza Hobabu mwana wa Reueli Mmidiyani, mpongozi wa Mose kuti, “Tikunyamuka kupita ku malo amene Yehova anati, ‘Ndidzakupatsani.’ Tiye upite nafe ndipo tidzakusamalira bwino, pakuti Yehova analonjeza zinthu zabwino kwa Israeli.”
၂၉မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊
30 Hobabu anayankha kuti, “Ayi, sindipita nanu, ndibwerera ku dziko la kwathu ndi kwa abale anga.”
၃၀ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
31 Ndipo Mose anati, “Pepa usatisiye popeza ukudziwa kumene tingamange misasa mʼchipululu muno ndipo udzakhala maso athu.
၃၁မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။
32 Iweyo ukapita nafe, tidzagawana nawe zinthu zabwino zomwe Yehova adzatipatsa.”
၃၂ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။
33 Motero ananyamuka ku Phiri la Yehova nayenda ulendo wa masiku atatu. Bokosi la Chipangano cha Yehova linkayenda patsogolo pawo pa masiku atatuwo kuti apeze malo woti apumulepo.
၃၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။
34 Mtambo wa Yehova unkawaphimba masana pamene ankasamuka pa misasa yawo.
၃၄သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
35 Nthawi iliyonse imene Bokosi la Chipangano likunyamuka, Mose ankanena kuti, “Dzukani, Inu Yehova! Adani anu abalalike; Odana nanu athawe pamaso panu.
၃၅သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊
36 “Pamene likupumula, ankanena kuti, “Bwererani, Inu Yehova, ku chinamtindi cha Aisraeli.”
၃၆သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။

< Numeri 10 >