< Mateyu 22 >
1 Yesu anayankhula nawonso mʼmafanizo, nati,
၁တဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
2 “Ufumu wakumwamba uli ngati mfumu imene inakonzera phwando mwana wake wamwamuna.
၂ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။
3 Anatumiza antchito ake kwa amene anayitanidwa kuphwando koma anakana kubwera.
၃ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။
4 “Kenaka anatumiza antchito ena nati, ‘Awuzeni oyitanidwa kuti phwando lakonzedwa: ndapha ngʼombe yayimuna ndi nyama zina zonenepa ndipo zonse zakonzedwa. Bwerani ku phwando laukwati.’
၄တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။
5 “Koma iwo sanalabadire ndipo anachoka; wina anapita ku munda wake ndi wina ku malonda ake.
၅သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။
6 Ndipo otsalawo anagwira antchito ake, nawazunza ndi kuwapha.
၆ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။
7 Mfumu inakwiya. Inatumiza asilikali ake ndipo anawononga opha anzawowo ndi kutentha mzinda wawo.
၇ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
8 “Pamenepo anati kwa antchito ake, ‘Phwando laukwati lakonzedwa, koma amene ndinawayitana sanali oyenera.
၈ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊
9 Pitani ku mphambano za misewu ndipo kayitaneni aliyense amene mukamupeze kuti abwere ku phwando.’
၉လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊
10 Pamenepo antchitowo anapita ku misewu nakasonkhanitsa anthu onse amene anakawapeza, abwino ndi oyipa omwe, ndipo nyumba ya madyerero inadzaza ndi oyitanidwa.
၁၀လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
11 “Koma pamene mfumu inabwera kudzaona oyitanidwawo, inaona munthu amene sanavale zovala zaukwati.
၁၁မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊
12 Inamufunsa kuti, ‘Bwenzi walowa bwanji muno wopanda zovala zaukwati?’ Munthuyo anakhala chete.
၁၂အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။
13 “Pamenepo mfumuyo inawuza otumikira kuti, ‘Mʼmangeni manja ndi miyendo, ndipo muponyeni kunja, ku mdima kumene kudzakhale kulira ndi kukuta mano.’
၁၃ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။
14 “Popeza oyitanidwa ndi ambiri koma osankhidwa ndi ochepa.”
၁၄ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။
15 Kenaka Afarisi anatuluka nakakonza njira zomupezera zifukwa Yesu mʼmawu ake.
၁၅ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊
16 Anatumiza ophunzira awo kwa Iye pamodzi ndi Aherodia. Anati, “Aphunzitsi, tidziwa kuti ndinu wangwiro ndi kuti mumaphunzitsa mawu a Mulungu monga mwa choonadi. Simutekeseka ndi anthu, popeza simusamala kuti kodi ndi ndani?
၁၆မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။
17 Tiwuzeni tsono maganizo anu ndi otani, kodi nʼkololedwa kupereka msonkho kwa Kaisara kapena ayi?”
၁၇သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
18 Koma Yesu podziwa maganizo awo oyipa anati, “Inu achiphamaso, bwanji mufuna kundipezera chifukwa?
၁၈ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။
19 Onetseni ndalama imene mumapereka msonkho.” Iwo anabweretsa dinari,
၁၉အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။
20 ndipo anawafunsa kuti, “Kodi chithunzi ichi ndi malemba awa ndi za ndani?”
၂၀ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊
21 Iwo anayankha kuti, “Ndi za Kaisara.” Pamenepo anawawuza kuti, “Perekani kwa Kaisara zake za Kaisara, ndi kwa Mulungu zake za Mulungu.”
၂၁ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။
22 Atamva izi, anadabwa, ndipo anamusiya Iye, nachoka.
၂၂ထိုသူတို့သည် ကြားရလျှင်အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။
23 Tsiku lomwelo Asaduki amene amati kulibe za kuukanso, anabwera kwa Iye ndi funso.
၂၃ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊
24 Iwo anati, “Aphunzitsi, Mose anatiwuza kuti munthu akamwalira wosasiya ana, mʼbale wake akuyenera kukwatira mkazi wamasiyeyo kuti amuberekere ana mʼbale wakeyo.
၂၄အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။
25 Tsopano panali abale asanu ndi awiri pakati pathu. Woyambayo anakwatira ndipo anamwalira, ndipo popeza analibe ana, mʼbale wake analowa chokolo.
၂၅အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။
26 Izi zinachitikiranso mʼbale wa chiwiri ndi wachitatu mpaka wachisanu ndi chiwiri.
၂၆ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။
27 Pa mapeto pake mkaziyo anamwaliranso.
၂၇နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
28 Tsopano, kodi akadzaukitsidwa adzakhala mkazi wa ndani mwa asanu ndi awiriwa popeza aliyense anamukwatirapo?”
၂၈သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။
29 Yesu anayankha kuti, “Inu mukulakwitsa chifukwa simukudziwa malemba kapena mphamvu ya Mulungu.
၂၉ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။
30 Anthu akadzaukitsidwa, sadzakwatira kapena kukwatiwa; adzakhala ngati angelo kumwamba.
၃၀ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။
31 Koma za kuukitsidwa kwa akufa, kodi simunawerenge zimene Mulungu ananena kwa inu kuti,
၃၁ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။
32 ‘Ine ndine Mulungu wa Abrahamu, Mulungu wa Isake ndi Mulungu wa Yakobo?’ Iyeyo si Mulungu wa akufa koma wa amoyo.”
၃၂ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။
33 Magulu a anthu atamva zimenezi, anazizwa ndi chiphunzitso chake.
၃၃ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
34 Pakumva kuti Yesu anawakhalitsa chete Asaduki, Afarisi anasonkhana pamodzi.
၃၄ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊
35 Mmodzi wa iwo, katswiri wa malamulo anamuyesa Iye ndi funso ndipo anati,
၃၅သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊
36 “Aphunzitsi, kodi lamulo lalikulu koposa mu malamulo ndi liti?”
၃၆အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊
37 Yesu anayankha kuti, “Uzikonda Yehova Mulungu wako ndi mtima wako wonse ndi moyo wako wonse ndi nzeru zako zonse.
၃၇ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
38 Ili ndi lamulo loyamba ndi loposa onse.
၃၈ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
39 Ndipo lachiwiri ndi lofanana nalo: ‘Konda mnansi wako monga iwe mwini.’
၃၉ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။
40 Malamulo onse ndi aneneri zakhazikika pa malamulo awiriwa.”
၄၀ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
41 Afarisi atasonkhana pamodzi, Yesu anawafunsa kuti,
၄၁ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။
42 “Kodi mukuganiza bwanji za Khristu? Ndi Mwana wa ndani?” Iwo anayankha kuti, “Mwana wa Davide.”
၄၂အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊
43 Iye anawawuza kuti, “Nanga zikutheka bwanji kuti Davide poyankhula mwa Mzimu Woyera amatchula Iye ‘Ambuye?’ Pakuti akuti,
၄၃သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။
44 “Ambuye anati kwa Ambuye wanga: ‘Khala pa dzanja langa lamanja mpaka ndiyike adani ako pansi pa mapazi ako.’
၄၄ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
45 Ngati tsono Davide amamutchula ‘Ambuye,’ zingatheke bwanji kukhala mwana wake?”
၄၅ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော်၊
46 Panalibe wina anatha kuyankha, ndipo kuchokera pamenepo, panalibe wina anayerekeza kumufunsa funso.
၄၆အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ။