< Mateyu 17 >
1 Patapita masiku asanu ndi limodzi Yesu anatenga Petro, Yakobo, ndi Yohane mʼbale wa Yakobo pa okha ndipo anakwera nawo pa phiri lalitali.
၁ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယာကုပ် ညီ ယောဟန် တို့ကိုခေါ် ၍၊ မြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။
2 Pamenepo Iye anasinthika maonekedwe ake pamaso pawo. Nkhope yake inawala ngati dzuwa ndipo zovala zake zinayera kuti mbuu.
၂သူ တို့ရှေ့ ၌ ထူးခြား သောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ မျက်နှာ တော်သည် နေ ကဲ့သို့ ထွန်းတောက် လျက် ၊ အဝတ် တော်သည် အလင်း ကဲ့သို့ ဖြူ လျက် ရှိ ၏။
3 Nthawi yomweyo Mose ndi Eliya anaonekera kwa iwo akuyankhulana ndi Yesu.
၃မောရှေ နှင့် ဧလိယ သည် ထင်ရှား ၍ ကိုယ်တော် နှင့်အတူ စကား ပြောလျက်နေကြ၏။
4 Petro anati kwa Yesu, “Ambuye ndi bwino kuti ife tikhale pano. Ngati mufuna ndidzamanga misasa itatu umodzi wanu, wina wa Mose ndi wina wa Eliya.”
၄ထိုအခါ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့ တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အလို တော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ် ပါမည်ဟု လျှောက် လေ၏။
5 Iye akuyankhulabe, mtambo owala unawaphimba, ndipo mawu ochokera mu mtambo anati, “Uyu ndiye Mwana wanga amene ndimukonda ndipo ndikondwera naye kwambiri. Mumumvere Iye!”
၅ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။
6 Ophunzira atamva zimenezi, anachita mantha nagwa pansi chafufumimba.
၆တပည့် တော်တို့သည် ကြား ရလျှင် ၊ ပြပ်ဝပ် ၍ အလွန် ကြောက်လန့် ခြင်းရှိကြ၏။
7 Ndipo Yesu anabwera nawakhudza nati, “Dzukani, musaope.”
၇ယေရှု သည်လာ ၍ သူ တို့ကို လက်နှင့်တို့ တော်မူလျက် ၊ ထ ကြ၊ မ ကြောက် ကြနှင့် ဟု မိန့် တော်မူသော်၊
8 Atayangʼana, sanaone wina aliyense kupatula Yesu yekha.
၈သူ တို့သည် ကြည့်မြော် သဖြင့် ၊ ယေရှု တစ်ယောက်တည်း မှတစ်ပါး ၊ အဘယ်သူ ကိုမျှ မမြင် ကြ။
9 Akutsika ku phiriko, Yesu anawalamula kuti, “Musawuze wina aliyense zimene mwaona, mpaka Mwana wa Munthu ataukitsidwa kwa akufa.”
၉တောင် ပေါ်မှ ဆင်း ကြသောအခါ ယေရှု က၊ လူ သား သည်သေ ခြင်းမှ မ ထမြောက် မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံ ကို အဘယ်သူ အားမျှမပြော ကြနှင့်ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။
10 Ophunzira anamufunsa Iye kuti, “Nanga nʼchifukwa chiyani aphunzitsi amalamulo amati Eliya ayenera kukhala woyamba kubwera?”
၁၀ထိုအခါ တပည့် တော်တို့က၊ ဧလိယ သည် အရင် လာ ရ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင် ၊
11 Yesu anayankha kuti, “Kunena zoona, Eliya adzayenera kubwera ndipo adzakonza zinthu zonse.
၁၁ယေရှု က၊ ဧလိယ သည်အရင်လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည်မှန် ပေ၏။
12 Koma Ine ndikuwuzani inu kuti Eliya anabwera kale koma iwo sanamuzindikire ndipo anachita naye chilichonse chimene anafuna. Momwemonso iwo adzazunza Mwana wa Munthu.”
၁၂ငါဆို သည်ကား၊ ဧလိယ ရောက်လာ ပြီ ။ လူများသည်သူ့ ကိုမ သိ သဖြင့် သူ့ အားပြုချင် သမျှ ကိုပြု ကြပြီ။ ထိုနည်းတူ လူ သား သည်လည်း ထိုလူ များလက်၌ ခံရ မည် ဟုမိန့် တော်မူသော်၊
13 Pamenepo ophunzira anazindikira kuti amawawuza za Yohane Mʼbatizi.
၁၃ဗတ္တိဇံ ဆရာယောဟန် ကို အမှတ် ပြု၍ မိန့် တော်မူကြောင်း ကို တပည့် တော်တို့သည် နားလည် ကြ၏။
14 Atafika ku gulu la anthu, munthu wina anamuyandikira Yesu ndi kugwada pamaso pake.
၁၄လူအစုအဝေး ရှိရာ သို့ ရောက် ကြသောအခါ ၊ လူ တစ်ယောက်သည် အထံ တော်သို့ချဉ်းကပ် ၍ ဒူးထောက် လျက် ၊ သခင် ၊
15 Iye anati, “Ambuye, muchitireni chifundo mwana wanga akudwala matenda akugwa ndipo akuvutika kwambiri. Kawirikawiri iye amagwa pa moto kapena mʼmadzi.
၁၅အကျွန်ုပ် ၏သား ကို ကယ်မ သနားတော်မူပါ။ ဝက်ရူးနာ စွဲ၍ ပြင်းစွာ ခံစား ရပါ၏။ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း အကြိမ်ကြိမ် လဲ တတ်ပါ၏။
16 Ine ndinabwera naye kwa ophunzira anu koma alephera kumuchiritsa.”
၁၆တပည့် တော်တို့ထံသို့ဆောင်ခဲ့ ၍ သူတို့သည်ချမ်းသာ မ ပေးနိုင် ကြပါဟု လျှောက် လျှင် ၊
17 Yesu anayankha nati, “Haa, mʼbado wosakhulupirira ndi wokhota maganizo! Kodi ndidzakhala nanu mpaka liti? Ndidzapirira nanu mpaka liti? Bwera nayeni kwa Ine mnyamatayo.”
၁၇ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။
18 Yesu anadzudzula chiwandacho ndipo chinatuluka mwa mnyamatayo ndipo anachira nthawi yomweyo.
၁၈ယေရှု သည် သူ့ ကိုဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည် သူ မှ ထွက်သွား သဖြင့် ၊ ထို ခဏ မှစ၍ သူငယ် သည် ကျန်းမာ ပကတိဖြစ်လေ၏။
19 Pamenepo ophunzira anabwera kwa Yesu mwamseri ndi kumufunsa kuti, “Chifukwa chiyani ife tinalephera kutulutsa chiwandacho?”
၁၉ထိုအခါ တပည့် တော်တို့သည် ဆိတ်ကွယ် ရာအရပ်၌ ယေရှု ထံတော်သို့ချဉ်းကပ် ၍၊ အကျွန်ုပ် တို့သည် ထိုနတ်ဆိုး ကိုအဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု လျှောက် ကြသော်၊
20 Iye anayankha kuti, “Chifukwa inu muli ndi chikhulupiriro chachingʼono. Zoonadi, Ine ndikuwuzani kuti ngati muli ndi chikhulupiriro monga kambewu ka mpiru, mukhoza kunena ndi phiri ili kuti, ‘Choka apa nupite apo,’ ndipo lidzachoka. Palibe kanthu kamene kadzakukanikani.
၂၀သင် တို့သည် ယုံကြည် ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန် ဆို သည်ကား၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ၊ ထို တောင် ကို နေရာမှ ရွေ့ လော့ဟုဆို ကြသော်၊ နေရာမှ ရွေ့ လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင် တို့မ တတ်နိုင်သောအမှုမ ရှိ။
21 Chiwanda cha mtundu uwu sichingachoke chabe koma ndi pemphero ndi kusala kudya.”
၂၁သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ် ဟု မိန့်တော်မူ၏။
22 Atasonkhana pamodzi ku Galileya, Iye anawawuza kuti, “Mwana wa Munthu akupita kukaperekedwa mʼmanja mwa anthu.
၂၂ဂါလိလဲ ပြည်၌ နေကြစဉ်တွင် ယေရှု က၊ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီ။
23 Iwo adzamupha koma pa tsiku lachitatu adzaukitsidwa.” Ndipo ophunzira anadzazidwa ndi chisoni.
၂၃သူတို့သည် သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု တပည့် တော်တို့အား မိန့် တော်မူ၏။ သူတို့သည်လည်း အလွန် ဝမ်းနည်း ခြင်းရှိကြ၏။
24 Yesu ndi ophunzira ake atafika ku Kaperenawo, wolandira msonkho wa ku Nyumba ya Mulungu anabwera kwa Petro namufunsa kuti, “Kodi aphunzitsi anu sapereka msonkho wa Nyumba ya Mulungu?”
၂၄ကပေရနောင် မြို့သို့ ရောက် သောအခါ ၊ ဗိမာန်တော်အခွန်တည်းဟူသောဒိဒြမ္မ ကိုခံ သောသူ တို့သည် ပေတရု ဆီသို့လာ ၍ သင် ၏ဆရာ သည်ဒိဒြမ္မ ကိုမ ပေး သလောဟု မေးမြန်းလျှင်၊ ပေး ပါသည်ဟု ပေတရုဆို ၏။
25 Iye anayankha kuti, “Inde amapereka.” Petro atalowa mʼnyumba, Yesu ndiye anayamba kuyankhula. Ndipo anamufunsa kuti, “Ukuganiza bwanji Simoni, kodi mafumu a dziko lapansi amalandira msonkho kuchokera kwa ana awo kapena kwa ena?”
၂၅ပေတရု သည် အိမ် သို့ ဝင် သောအခါ ၊ ယေရှု သည် တင်ကူး ၍၊ အချင်းရှိမုန် ၊ သင် သည်အဘယ်သို့ ထင် သနည်း။ လောကီ ရှင်ဘုရင် တို့သည် အဘယ်သူ မှာ အခွန် ကိုခံ ကြသနည်း။ မိမိ သား မှာ ခံကြသလော။ သူတစ်ပါး မှာ ခံကြသလော၊ ဟုမေး တော်မူလျှင်၊
26 Petro anayankha kuti, “Kuchokera kwa ena.” Yesu ananena kwa iye kuti, “Ndiye kuti ana sapereka.”
၂၆ပေတရုက၊ သူတစ်ပါး မှာ ခံကြပါသည်ဟုလျှောက် သော်၊ ယေရှု ကလည်း သို့ဖြစ်လျှင် သား မူကားလွတ် ရ ၏။ သို့သော်လည်း ထိုသူ တို့သည် ငါတို့ကြောင့်မ မှားယွင်း မည်အကြောင်း ၊ အိုင် သို့ သွား ၍ ငါးမျှား ကိုချ လော့။
27 Koma kuti ife tisawakhumudwitse pita ku nyanja kaponye mbedza yako. Katenge nsomba imene ukayambe kuyikola; kayitsekule kukamwa ndipo ukapezamo ndalama. Katenge ndalamayo ndi kukapereka msonkho wanga ndi wanu.
၂၇ရှေ့ဦးစွာ ရ သောငါး ကိုယူ ၍ ပစပ် ကိုဖွင့် လျှင် ၊ သတာတဲ တစ်ပြားကိုတွေ့ လိမ့်မည်။ ထို ငွေကိုယူ ၍ ငါ့ အဘို့ နှင့် သင့် အဘို့ ထိုသူ တို့အားပေး လော့ ဟု မိန့် တော်မူ၏။