< Marko 7 >

1 Afarisi ndi ena mwa aphunzitsi amalamulo omwe anachokera ku Yerusalemu anasonkhana momuzungulira Yesu ndipo
ထိုအခါ ဖာရိရှဲ တို့နှင့် ယေရုရှလင် မြို့မှ ရောက်လာ သော ကျမ်းပြု ဆရာအချို့ တို့သည် အထံ တော်၌ စုဝေး ၍၊
2 iwo anaona ophunzira ake akudya chakudya ndi mʼmanja mwakuda kapena kuti mʼmanja mosasamba.
တပည့် တော်အချို့ တို့သည် ညစ်ညူး သောလက် တည်းဟူသောရေမဆေး သောလက်နှင့် အစာ စား သည်ကိုမြင် လျှင် အပြစ်တင်ကြ၏။
3 (Afarisi ndi Ayuda onse sadya pokhapokha atasamba mʼmanja, kusunga mwambo wa makolo awo.
အကြောင်းမူကား ၊ ရှေး လူအပေါင်းတို့မှ ဆက်ဆံသော နည်း ဥပဒေသကိုခံယူ သော ဖာရိရှဲ မှစ၍ယုဒ လူ အပေါင်း တို့သည် လက် ဆုပ် မ ဆေး ဘဲ အစာကို စား လေ့မ ရှိ။
4 Akabwera kuchokera ku msika samadya pokhapokha atasamba. Ndipo amasunga miyambo ina yambiri monga, kutsuka zikho, mitsuko ndi maketulo).
ဈေး မှ ပြန်လာသောအခါ ၌လည်း ဆေး ခြင်းမ ပြုဘဲစား လေ့မ ရှိ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါပုကန် ၊ ခုတင် တို့ ဆေး ခြင်းမှစ၍အခြား သောထုံးတမ်းများ ကို ခံယူ ၍ ကျင့် လေ့ရှိ၏။
5 Choncho Afarisi ndi aphunzitsi amalamulo anafunsa Yesu kuti, “Nʼchifukwa chiyani ophunzira anu satsatira mwambo wa makolo, mʼmalo mwake amangodya chakudya ndi mʼmanja mwakuda?”
ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
6 Iye anayankha kuti, “Yesaya ananena zoona pamene ananenera za inu achiphamaso; monga kunalembedwa kuti: “Anthu awa amandilemekeza Ine ndi milomo yawo, koma mitima yawo ili kutali ndi Ine.
ဟေရှာယ သည် လျှို့ဝှက် သော သင် တို့ကိုရည်မှတ် လျက်၊ ဤ လူမျိုး သည် နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။”
7 Amandilambira Ine kwachabe; ndi kuphunzitsa malamulo ndi malangizo a anthu.
လူတို့ စီရင် သော ပညတ် တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ် စွာ ဟော ခဲ့ပြီ။”
8 Mwasiya malamulo a Mulungu ndipo mwagwiritsitsa miyambo ya anthu.”
အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင် ၏ ပညတ် တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူ လျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။”
9 Ndipo anawawuzanso kuti, “Inu muli ndi njira yabwino yokankhira kumbali malamulo a Mulungu kuti mukatsatire miyambo yanuyo!
သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေသကိုကျင့် ရသော အခွင့်ရှိစေခြင်းငှာ ၊ ဘုရားသခင် ၏ ပညတ် တော်ကို လျောက်ပတ် စွာ ပယ် ကြသည်တကား။”
10 Pakuti Mose anati, ‘Lemekeza abambo ako ndi amayi ako,’ ndipo, ‘aliyense amene atemberera abambo ake kapena amayi ake ayenera kuphedwa.’
၁၀မောရှေ ၏ ပညတ်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကို နှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေ သတ် ခြင်းကို ခံစေဟု လာသတည်း။”
11 Koma inu mumati, ngati munthu anena kwa abambo ake kapena amayi ake kuti, ‘Thandizo lililonse mukanayenera kulandira kuchokera kwa ine ndi Korobani’ (kutanthauza kuti, mphatso yoperekedwa kwa Mulungu),
၁၁သင် တို့မူကား ၊ အကြင်သူ သည် ကိုယ် မိဘ ကို သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည်အလှူ ဝတ္ထု တည်းဟူသောကော်ဘန် ဖြစ်စေဟုဆို ၏။”
12 pamenepo inu simumalola kuti achitire kanthu kalikonse abambo kapena amayi ake.
၁၂ထိုသူသည် မိဘ ဝတ်ကို အလျှင်း မ ပြု ရဟု မြစ်တား ၍၊”
13 Potero mumachepetsa mawu a Mulungu kukhala wopanda mphamvu ndi miyambo yanu imene mumapatsirana. Ndipo mumachita zinthu zina zambiri monga zimenezi.”
၁၃“မိမိ တို့အဆက်ဆက်ခံ သော နည်း ဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကိုပယ် ကြ၏။ ထိုသို့သော အကျင့်အလေ့ များ တို့ကို သင်တို့သည် ကျင့် လေ့ရှိကြသည် ဟု မိန့် တော်မူ၏။
14 Yesu anayitananso gulu la anthu ndipo anati, “Tandimverani nonsenu, ndipo zindikirani izi.
၁၄ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”
15 Palibe kanthu kunja kwa munthu kamene kakalowa mwa iye kangamusandutse wodetsedwa. Koma zimene zituluka mwa munthu ndizo zimupanga kukhala wodetsedwa.”
၁၅လူ ပြင် မှ လာ၍ လူ အတွင်း သို့ဝင် လျက်၊ လူ ကိုညစ်ညူး စေနိုင် သော အရာ တစုံတခု မျှမရှိ ။ လူ အတွင်းမှ ထွက် သောအရာ သည် လူ ကို ညစ်ညူး စေသောအရာ ဖြစ် ၏။”
16 (Ngati wina ali ndi makutu akumva amve).
၁၆ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” ဟုမိန့်တော်မူ၏။
17 Atalisiya gulu la anthu ndi kulowa mʼnyumba, ophunzira ake anamufunsa za fanizoli
၁၇လူ အစုအဝေးရှိရာမှ ကြွ၍ အိမ် သို့ ဝင် တော်မူပြီးလျှင် ၊ တပည့် တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြ ၏။
18 Iye anawafunsa kuti, “Kodi nanunso simumvetsetsa? Kodi simukuona kuti palibe kanthu kamene kakalowa mwa munthu kochokera kunja kakhoza kumudetsa?
၁၈ကိုယ်တော်ကလည်း၊ သင် တို့သည် ဤမျှလောက် ပညာ မဲ့လျက် နေ သလော။ လူပြင် မှလာ၍ လူ အတွင်း သို့ဝင် သမျှ သည် နှလုံး ထဲသို့မ ဝင်။”
19 Pakuti sikalowa mu mtima wake koma mʼmimba mwake, ndipo kenaka kamatuluka kunja.” (Ndi mawu amenewa, Yesu anayeretsa zakudya zonse).
၁၉ဝမ်း ထဲသို့ ဝင် ၍ အစာ ရှိသမျှ ကို သန့်ရှင်း စေသဖြင့် ရေအိမ် တွင် ဆင်းသွား သောကြောင့် ၊ လူ ကို မ ညစ်ညူး စေနိုင် သည်ကို နားမလည်ကြသလော။”
20 Anapitiriza kuti, “Chimene chichokera mwa munthu ndi chomwe chimamudetsa.
၂၀လူ အတွင်းမှ ထွက် သော အရာ မူကား ၊ လူ ကို ညစ်ညူး စေသောအရာဖြစ်၏။”
21 Pakuti kuchokera mʼkati mwa mitima ya anthu, mumatuluka maganizo oyipa, chiwerewere, kuba, kupha, chigololo,
၂၁လူ အတွင်း နှလုံး ထဲက မကောင်း သော ကြံစည် ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ လူ အသက်ကို သတ်ခြင်း၊”
22 dyera, nkhwidzi, chinyengo, machitidwe onyansa, kaduka, chipongwe, kudzikuza ndi kupusa.
၂၂သူ့ဥစ္စာကို ခိုး ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စား ခြင်း၊ ညစ်ညူး ခြင်း၊ ငြူစူ ခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ် ခြင်း၊”
23 Zoyipa zonsezi zimatuluka mʼkati ndipo zimadetsa munthu.”
၂၃ဤ ဆိုးညစ် သောအရာ များ တို့သည် အတွင်း မှထွက်လာ ၍ လူ ကို ညစ်ညူး စေကြသည် ဟု မိန့် တော်မူ၏။
24 Yesu anachoka kumalo amenewo napita ku madera a Turo. Iye analowa mʼnyumba ndipo sanafune wina kuti adziwe zimenezi; komabe sanathe kudzibisa.
၂၄ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။
25 Kunena zoona, amayi amene kamwana kawo kakakazi kanali kogwidwa ndi mzimu woyipa, atangomva za Iye, anabwera nagwada pa mapazi ake.
၂၅အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊
26 Mayiyu anali Mhelene, wobadwira ku Fonisia wa ku Siriya. Anamupempha Yesu kuti atulutse chiwanda mwa mwana wake.
၂၆မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။
27 Iye anamuwuza kuti, “Choyamba asiye ana adye zimene akuzifuna, pakuti si kwabwino kutenga buledi wa ana ndi kuponyera agalu awo.”
၂၇ယေရှုကလည်း၊ ရှေးဦးစွာ သား များကို ဝ စွာကျွေးပါရစေ။ သား ၏ အစာ ကို ယူ ၍ ခွေး အားမ ပေး မချ အပ် “ဟု မိန့် တော်မူ၏။
28 Mayiyo anayankha kuti, “Inde Ambuye, koma ngakhale agalu amadya zomwe zimagwa pansi kuchokera pa tebulo la ana.”
၂၈မိန်းမကလည်း မှန်ပါ၏သခင် ။ ခွေး မည်သည်ကား ၊ သား တို့၏ စားနုပ် စားပေါက်ကို စားပွဲ အောက် ၌ စား မြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊
29 Ndipo Iye anamuwuza kuti, “Chifukwa cha yankholi, ukhoza kupita; chiwanda chachoka mwa mwana wako wamkazi.”
၂၉ကိုယ်တော်က၊ ထို စကား ကြောင့် သင်သွား လော့။ နတ်ဆိုး သည် သင် ၏သမီး ထဲမှ ထွက်သွား ပြီ ဟု မိန့် တော်မူ၏။
30 Atapita kwawo anakapeza mwana wake aligone pa bedi, chiwanda chitatuluka.
၃၀ထိုမိန်းမသည်မိမိ အိမ် သို့ ပြန် ၍ နတ်ဆိုး ထွက်သွား သည်ကို၎င်း ၊ သမီး သည် အိပ်ရာ ၌ အိပ် လျက် ရှိသည်ကို၎င်း တွေ့ ၏။
31 Ndipo Yesu anachoka ku dera la Turo nadutsa pakati pa Sidoni, kutsikira ku nyanja ya Galileya kupita ku dera la Dekapoli.
၃၁တစ်ဖန် ကိုယ်တော်သည် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် မှ ထွက် ၍ ဒေကပေါလိ ပြည်နယ် ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲ အိုင် သို့ ရောက် တော်မူ၏။
32 Kumeneko anthu ena anabweretsa kwa Iye munthu amene anali wosamva ndi wosayankhula, ndipo anamupempha kuti asanjike dzanja pa iye.
၃၂ထိုအခါ နားပင်း ၍ စကား အသောသူ တစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍၊ သူ့ အပေါ်မှာလက် တော်ကို တင် ပါမည်အကြောင်း တောင်းပန် ကြ၏။
33 Atamutengera iye pambali, patali ndi gulu la anthu, Yesu analowetsa zala zake mʼmakutu a munthuyo. Kenaka anapaka malovu pachala ndi kukhudza lilime la munthuyo.
၃၃ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။
34 Iye anayangʼana kumwamba ndipo ndi mawu otsitsa moyo, anati kwa iye, “Efataa!” (Kutanthauza kuti, “Tsekuka!”)
၃၄ထိုနောက် ကောင်းကင် သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြု လျက် ၊ ဧဖသ ဟု မိန့် တော်မူ၏။ အနက်ကား၊ ပွင့် စေဟု ဆိုလို သတည်း။
35 Atachita izi, makutu a munthuyo anatsekuka komanso lilime lake linamasuka ndipo anayamba kuyankhula momveka bwino.
၃၅ထိုခဏခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်းရှိသဖြင့် စကားပြီပြီ ပြော နိုင်၏။
36 Yesu anawalamula kuti asawuze wina aliyense. Koma pamene anapitiriza kuwaletsa, iwo anapitiriza kuyankhula za izi.
၃၆ထိုအကြောင်းကို အဘယ်သူ အားမျှမပြော စေခြင်းငှာ သူ တို့ကို ပညတ် တော်မူ၏။ ပညတ် တော်မူသော်လည်း သူ တို့သည် သာ၍ အလွန် သိတင်းကြားပြော ကြ၏။
37 Anthu anadabwa kwambiri. Iwo anati, “Wachita zonse bwino, ngakhale Iyenso atsekula makutu a osamva ndi osayankhula kuti ayankhule.”
၃၇အတိုင်း ထက်အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံ တို့ကို လျောက်ပတ် စွာ ပြု တော်မူပြီ။ နားပင်း သောသူ တို့ကို ကြား စေတော်မူပြီအ သောသူ တို့ကိုစကား ပြောစေတော်မူပြီဟုဆို ကြ၏။

< Marko 7 >