< Marko 3 >

1 Nthawi inanso analowa mʼsunagoge, ndipo munthu wa dzanja lolumala anali momwemo.
တရားစရပ် သို့ တစ်ဖန် ဝင် တော်မူ၍ ၊ ထို စရပ်၌ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ ၏။
2 Ena a iwo anafunafuna chifukwa chakuti akamuneneze Yesu, potero anamuyangʼanitsitsa kuti aone ngati angamuchiritse tsiku la Sabata.
ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။
3 Yesu anati kwa munthu wolumala dzanjayo, “Imirira, bwera kuno kutsogolo.”
ကိုယ်တော်ကလည်း၊ အလယ် ၌ မတ်တတ် နေလော့ ဟု လက် တစ်ဘက်သေ သောသူ အား မိန့်တော်မူ ပြီးမှ ၊
4 Ndipo Yesu anawafunsa kuti, “Kodi chololedwa ndi chiyani pa tsiku la Sabata: kuchita chabwino kapena kuchita choyipa, kupulumutsa moyo kapena kupha?” Koma iwo anakhala chete.
ဥပုသ်နေ့ ၌ ကျေးဇူး ပြုအပ် သလော၊ သူ့အကျိုးကိုဖျက်ဆီး အပ်သလော၊ အသက် ကို ကယ် အပ်သလော၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ် စွာနေကြ၏။
5 Yesu anawayangʼana ndi mkwiyo ndipo powawidwa mtima chifukwa cha mitima yawo yowuma anati kwa munthuyo, “Wongola dzanja lako.” Iye analiwongola, ndipo dzanja lake linachira.
ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
6 Kenaka Afarisi anatuluka nayamba kukonza chiwembu ndi Aherode mmene angamuphere Yesu.
ထိုအခါ ဖာရိရှဲ တို့သည်ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ ဖျက်ဆီး ရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်း တိုင်ပင် ကြ၏။
7 Yesu anachoka pamodzi ndi ophunzira ake napita ku nyanja, ndipo gulu lalikulu la anthu lochokera ku Galileya linamutsata.
ယေရှု သည် တပည့် တော်တို့နှင့်အတူ အိုင် နား သို့ ပြောင်း ကြွတော်မူ၍ ၊ ဂါလိလဲ ပြည်၊
8 Atamva zonse zimene amachita, anthu ambiri anabwera kwa Iye kuchokera ku Yudeya, Yerusalemu, Idumeya ndi madera a ku tsidya kwa mtsinje wa Yorodani ndi ozungulira Turo ndi Sidoni.
ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဣဒုမဲ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာကြသောလူ များ အပေါင်း တို့နှင့် တုရု မြို့၊ ဇိဒုန် မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများ အပေါင်း တို့သည် ပြု တော်မူသမျှ ကို ကြား လျှင် အထံ တော်သို့ လာ ကြ၏။
9 Chifukwa cha gulu la anthu, anawuza ophunzira ake kuti apezeretu bwato likhale, kuti anthu angamupanikize.
လူ များတို့သည် ကိုယ်တော် ကိုဝန်းရံ၍ မ ထိခိုက် စေမည်အကြောင်း ၊ ကိုယ်တော် ၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိ စေခြင်းငှာ တပည့် တော်တို့အား အမိန့် တော်ရှိ၏။
10 Pakuti anachiritsa ambiri, kotero kuti iwo amene anali ndi matenda amakankhana kutsogolo kuti amukhudze.
၁၀အကြောင်းမူကား ၊ လူများ တို့အား ချမ်းသာ ပေးတော်မူသောကြောင့် ၊ ရောဂါ ဝေဒနာ နှိပ်စက် သောသူ ရှိသမျှ တို့သည် ကိုယ်တော် ကို တို့ ခြင်းငှာ တွန်း ကြ၏။
11 Nthawi iliyonse mizimu yoyipa ikamuona, imagwa pansi pamaso pake ndi kufuwula kuti, “Inu ndinu Mwana wa Mulungu!”
၁၁ညစ်ညူး သောနတ် တို့သည်လည်း ကိုယ်တော် ကိုမြင် သောအခါ ပြပ်ဝပ် ၍၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ဟု ဟစ်ကြော် ကြ၏။
12 Koma anayichenjeza mwamphamvu kuti isanene kuti Iye anali ndani.
၁၂သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။
13 Yesu anakwera ku phiri ndipo anayitana amene anawafuna, ndipo anabwera kwa Iye.
၁၃ထိုအခါ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ အလို တော်ရှိသောသူ တို့ကို ခေါ် တော်မူလျှင် ၊ အထံ တော်သို့ လာ ကြ၏။
14 Iye anasankha khumi ndi awiri, nawayika akhale atumwi; pokhala ndi Iye aziwatuma kukalalikira
၁၄ကိုယ်တော် နှင့်အတူ ရှိ နေစေခြင်းငှာ ၎င်း၊ တရား ဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
15 ndi kuti akhale ndi ulamuliro wotulutsa ziwanda.
၁၅နတ်ဆိုး တို့ကို နှင်ထုတ် နိုင်သောအခွင့် နှင့် စေလွှတ် ခြင်းငှာ ၎င်း၊ တစ်ကျိပ် နှစ်ပါးသောသူ တည်းဟူသော၊
16 Awa ndi khumi ndi awiri amene anawasankha: Simoni (amene anapatsidwa dzina lakuti Petro);
၁၆ပေတရု အမည် သစ်ကို ပေး တော်မူသောရှိမုန် ၊
17 Yakobo mwana wa Zebedayo, ndi mʼbale wake Yohane (iwowa anawapatsa dzina lakuti Bowanege, ndiye kuti ana a bingu);
၁၇မိုဃ်းကြိုး သား ဟု ဆိုလို သော ဗောနေရဂက် အမည် သစ်ကို ပေး တော်မူသော ဇေဗေဒဲ ၏သား နှစ် ယောက်ယာကုပ် နှင့် ယောဟန် ၊
18 Andreya, Filipo, Bartumeyu, Mateyu, Tomasi, Yakobo mwana wa Alufeyo, Tadeyo, Simoni Zelote,
၁၈အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မသ္သဲ ၊ သောမ ၊ အာလဖဲ ၏သား ယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ် လူရှိမုန် ၊
19 ndi Yudasi Isikarioti, amene anamupereka Iye.
၁၉ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ် တို့ကို ခန့်ထား တော်မူ၏။
20 Pambuyo pake Yesu analowa mʼnyumba, ndipo gulu la anthu linasonkhananso, kotero kuti Iye pamodzi ndi ophunzira ake sanapeze mpata kuti adye.
၂၀ထိုသူ တို့သည် အိမ် သို့ ဝင် ကြလျှင် ၊ အစာ ကို မ စား နိုင် သည့်တိုင်အောင် လူ များတို့သည် တစ်ဖန် စုဝေး ကြပြန်၏။
21 Anthu a ku banja lake atamva zimenezi, anapita kuti akamutenga, pakuti ankanena kuti, “Wazungulira mutu.”
၂၁ကိုယ်တော် ၏ အဆွေအမျိုး တို့သည်ကြား လျှင် ၊ သူသည် အရူး ဖြစ်၏ဟုဆို ၍ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာထွက်သွား ကြ၏။
22 Ndipo aphunzitsi amalamulo omwe anachokera ku Yerusalemu anati, “Iye wagwidwa ndi Belezebabu! Ndi ulamuliro wa mkulu wa ziwanda akutulutsa ziwanda.”
၂၂ယေရုရှလင် မြို့မှ လာ သော ကျမ်းပြု ဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲ သောသူဖြစ်၏။ နတ်ဆိုး မင်း ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
23 Pamenepo Yesu anawayitana nawayankhula mʼmafanizo nati: “Kodi Satana angatulutse bwanji Satana?
၂၃ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။”
24 Ngati ufumu ugawanikana mwa iwo okha, ufumu umenewo sungakhalitse.
၂၄“တိုင်း နိုင်ငံသည် မိမိ နှင့် မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
25 Ngati nyumba igawanikana mwa iyo yokha, nyumba imeneyo singathe kuyima.
၂၅အိမ် သည်လည်း မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
26 Ndipo ngati Satana adzitsutsa yekha sangathe kuyima; ulamuliro wake watha.
၂၆စာတန် သည် မိမိ တစ်ဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်းသို့ ရောက် လိမ့်မည်။”
27 Kunena zoona, palibe munthu angalowe mʼnyumba ya munthu wamphamvu ndi kutenga katundu wake pokhapokha atayamba wamumanga munthu wamphamvuyo. Pamenepo akhoza kumubera.
၂၇သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ သူ၏ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို အဘယ်သူ မျှမလု မ ယူနိုင် ။ သူရဲ ကိုချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။”
28 Ndikukuwuzani zoona kuti machimo onse ndi zamwano zonse za anthu zidzakhululukidwa,
၂၈ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။”
29 koma aliyense amene achitira mwano Mzimu Woyera sadzakhululukidwa pakuti wachita tchimo losatha.” (aiōn g165, aiōnios g166)
၂၉သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
30 Ananena izi chifukwa anati, “Ali ndi mzimu woyipa.”
၃၀အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူး သောနတ် စွဲ သောသူ ဖြစ်သည်ဟု ဆို ကြသတည်း။
31 Pamenepo amayi ndi abale ake a Yesu anafika. Atayima kunja, anatuma wina kuti akamuyitane Iye.
၃၁ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည်လာ ၍ ပြင် မှာရပ် နေလျက် ၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော် ထံသို့ စေလွှတ် ၍ ခေါ် ကြ၏။
32 Gulu la anthu linakhala momuzungulira Iye, ndipo anamuwuza kuti, “Amayi ndi abale anu ali panja akukufunani.”
၃၂ခြံရံ လျက်ထိုင် သောသူများ တို့က၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုရှာ လျက် ပြင် မှာရှိကြပါ၏ဟုလျှောက် လျှင် ၊
33 Iye anafunsa kuti, “Amayi ndi abale anga ndi ndani?”
၃၃ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း” ဟု မေး တော်မူ၍ ၊
34 Pamenepo anayangʼana anthu amene anakhala momuzungurira ndipo anati, “Awa ndi amayi anga ndi abale anga!
၃၄ခြံရံ လျက်ထိုင် သောသူ တို့ကို ပတ်လည် ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။”
35 Aliyense amene achita chifuniro cha Mulungu ndi mʼbale wanga ndi mlongo wanga ndi amayi anga.”
၃၅ဘုရားသခင် ၏အလို တော်ကို ဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

< Marko 3 >