< Levitiko 5 >

1 “‘Ngati munthu anayitanidwa ku bwalo kuti akachitire umboni pa zimene anaziona kapena kuzimva koma iye nʼkukana kuchitira umboni, munthu ameneyo wachimwa ndipo ayenera kulangidwa.
တစုံ တယောက်သောသူသည် အမှုကို မြင် သည်ဖြစ်စေ ၊ သိ သည်ဖြစ်စေ ၊ ကျိန်ဆို စေသော စကား ကို ကြား ၍ ၊ သက်သေ ဖြစ်လျက်နှင့် ပြန်မ ပြော ဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရ သော်၎င်း၊
2 “‘Munthu akakhudza chinthu chilichonse chodetsedwa, monga nyama yakufa ya mʼthengo, kapena chiweto chakufa kapenanso chokwawa chakufa, ngakhale iyeyo wachikhudza mosadziwa, wasanduka wodetsedwa ndipo wachimwa.
တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
3 “‘Munthu akakhudza choyipitsa munthu cha mtundu uliwonse, ndipo pochikhudzapo ndi kuyipitsidwa nacho mosadziwa, munthuyo adzakhala wopalamula akangodziwa chimene wachitacho.
လူ ၌ ကပ်သော မ စင်ကြယ်သော အရာတစုံတခုကို လည်း မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
4 “‘Munthu akalumbira mofulumira kapena mosasamala kuti adzachita chinthu, choyipa kapena chabwino, ngakhale kuti wachita izi mosadziwa kuti nʼkulakwa, pamene wazindira kulakwa kwake, iye adzakhalabe wopalamula akangodziwa chimene wachitacho.
တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
5 “‘Pamene munthu wazindikira kuti wachimwa motere, awulule tchimo limene wachitalo.
ထိုသို့သောအပြစ် တစုံ တခုရောက်လျှင် ၊ ထိုအပြစ် ကို ဘော်ပြ တောင်းပန်ရမည်။
6 Pambuyo pake, munthuyo abwere kwa Yehova ndi mwana wankhosa wamkazi kapena mbuzi kuti ikhale chopereka chopepesera tchimo ndipo wansembe achite mwambo wopepesera tchimo lomwe wachitalo. Tsono wansembe achite mwambo wopepesera tchimo la munthuyo.
ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေရာ ယဇ်ဖြစ်စေခြင်းငှါသိုးသငယ် ဖြစ်စေ ၊ ဆိတ် သငယ် ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသောဒုစရိုက် ဖြေရာယဇ်ကို ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုရမည်။
7 “‘Ngati munthuyo alibe mwana wankhosa, abweretse njiwa ziwiri kapena nkhunda ziwiri kwa Yehova ngati chopereka chopepesera tchimo lake. Imodzi ikhale nsembe yopepesera tchimo, ndipo inayo ikhale nsembe yopsereza.
သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊
8 Tsono abwere nazo kwa wansembe, ndipo wansembeyo ayambe wapereka mbalame imodzi ngati yopepesera tchimo. Apotole khosi koma osayidula mutu,
ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ် ဖြေရာ ယဇ်ကောင်ကို အရင် ပူဇော် လျက် ၊ ခေါင်း ကိုလိမ် ၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမ ခွဲ ရ။
9 kenaka awaze magazi a chopereka chopepesera tchimocho mʼmbali mwa guwa. Magazi ena onse awathire pa tsinde la guwa. Imeneyi ndi nsembe yopepesera tchimo.
ထိုအပြစ် ဖြေရာ ယဇ်ကောင်အသွေး ကို ယဇ် ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်း သော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နားမှာ ညှစ် ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
10 Pambuyo pake wansembe apereke mbalame inayo kuti ikhale chopereka chopsereza potsata mwambo wake. Wansembe atatha kupereka nsembe yopepesera tchimo limene munthu uja wachita, wochimwayo adzakhululukidwa.
၁၀ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
11 “‘Koma ngati munthuyo alibe njiwa ziwiri kapena nkhunda ziwiri, abweretse ufa wosalala wokwanira kilogalamu imodzi kuti ukhale chopereka chopepesera tchimo limene wachita. Asathiremo mafuta kapena lubani chifukwa ndi chopereka chopepesera tchimo.
၁၁ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို မ တတ် နိုင်လျှင် ၊ ပြစ်မှား သော သူ သည် အပြစ် ဖြေရာယဇ် အရာ၌ မုန့်ညက် တဩမဲကို ဆောင် ခဲ့၍ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီ ကို မ လောင်း ရ။ လောဗန် ကို မ တင် ရ။
12 Abweretse ufawo kwa wansembe ndipo wansembeyo atapeko dzanja limodzi kuti ukhale ufa wachikumbutso ndi kuwutentha pa guwa pamodzi ndi chopereka chopsereza kwa Yehova. Imeneyi ndi nsembe yopepesera tchimo.
၁၂ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက်တလက် ဆွန်းတည်းဟူသောပူဇော်သက္ကာအတွက် အတာကိုယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
13 Umu ndi mmene wansembe adzachitire mwambo wopepesera machimo ena aliwonse amene munthu wachita, ndipo munthuyo adzakhululukidwa. Zopereka zonse zotsala zidzakhala za wansembeyo monga momwe amachitira ndi chopereka chachakudya.’”
၁၃ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
14 Yehova anawuza Mose kuti,
၁၄တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
15 “Munthu akachita zinthu mosakhulupirika, nachimwa mosadziwa posapereka zinthu zopatulika zofunika kwa Yehova, munthuyo apereke kwa Yehova nsembe yopepesera machimo ake. Nsembeyo ikhale nkhosa yayimuna yopanda chilema ndipo mtengo wake ukhale wokwana masekeli oyenera a siliva pakawerengedwe ka ku Nyumba ya Mulungu. Imeneyi ndi nsembe yopepesera kupalamula.
၁၅တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။
16 Munthuyo ayenera kubweza zinthu zopatulika zimene sanaperekezo. Awonjezepo chimodzi mwa zigawo zisanu zilizonse ndi kuzipereka zonsezo kwa wansembe amene adzachita mwambo wopepesera machimo a munthuyo, popereka nkhosa yayimuna ija ngati nsembe yopepesera ndipo wochimwayo adzakhululukidwa.
၁၆ထိုသို့ ဘုရား နှင့်ဆိုင်သော အရာ၌ ပြစ်မှား မိရာကို ပြုပြင် ပြီးလျှင် ၊ ငါး စုတစုကိုလည်း ထပ် ၍ယဇ်ပုရောဟိတ် အား ပေး ရမည်။ ယဇ် ပုရောဟိတ်သည်လည်း ၊ ဒုစရိုက် ဖြေရာယဇ်ဖြစ်သော သိုး အားဖြင့် ၊ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
17 “Ngati munthu wachimwa mosadziwa pochita chilichonse chimene Yehova salola, munthuyo ndi wopalamula ndithu, ndipo ayenera kulangidwa.
၁၇တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
18 Abwere kwa wansembe ndi chopereka chopepesera kupalamula kwake. Chopereka chikhale nkhosa yayimuna yopanda chilema ndipo mtengo wake ukhale woyenera nsembe yopepesera kupalamula kumene anachimwa mosadziwako, ndipo munthuyo adzakhululukidwa.
၁၈ဒုစရိုက် ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေ နှင့်တကွ၊ အပြစ် မပါသော သိုး ထီးကို ဆောင် ခဲ့ရမည်။ တရားကိုမသိ ပြစ်မှား မိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သောသူ အဘို့ ယဇ် ပုရောဟိတ်သည် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ် လိမ့်မည်။
19 Imeneyi ndi nsembe yopepesera kupalamula popeza munthuyo wapezeka wolakwa pamaso pa Yehova.”
၁၉ဒုစရိုက် ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ်ထိုသူ သည် ထာဝရဘုရား ကို ပြစ်မှား ရာ ရောက်သတည်းဟု မိန့်တော်မူ၏။

< Levitiko 5 >