< Levitiko 20 >

1 Yehova anawuza Mose kuti,
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2 “Uza Aisraeli kuti, ‘Mwisraeli aliyense kapena mlendo aliyense wokhala mu Israeli wopereka mwana wake kwa Moleki ayenera kuphedwa. Anthu a mʼdera lakelo amuphe ndi miyala.
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
3 Munthu ameneyo ndidzamufulatira ndi kumuchotsa pakati pa anzake.’ Popereka mwana wake kwa Moleki, wadetsa malo anga wopatulika ndi kuyipitsa dzina langa loyera.
ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
4 Ngati anthu a mʼderalo achita ngati sakumuona munthuyo pamene akupereka mwana wake kwa Moleki ndi kusamupha,
မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
5 Ineyo ndidzamufulatira pamodzi ndi banja lake. Ndidzawachotsa pakati pa anthu anzawo onse amene anamutsatira, nadziyipitsa okha popembedza Moleki.”
ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
6 “‘Ngati munthu adzapita kwa woyankhula ndi mizimu ya anthu akufa kapena kwa owombeza, nadziyipitsa powatsatira iwowo, Ine ndidzamufulatira ndi kumuchotsa pakati pa anthu anzake.
လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
7 “‘Chifukwa chake dzipatuleni ndi kukhala woyera popeza Ine ndine Yehova Mulungu wanu.
သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
8 Ndipo sungani malangizo anga ndi kuwatsata. Ine ndine Yehova amene ndimakuyeretsani.
ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
9 “‘Munthu aliyense amene atemberera abambo ake kapena amayi ake ayenera kuphedwa. Magazi ake adzakhala pamutu pake chifukwa iye watemberera abambo kapena amayi ake.
မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
10 “‘Ngati munthu wachita chigololo ndi mkazi wa mnzake, mwamunayo pamodzi ndi mkaziyo ayenera kuphedwa.
၁၀သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
11 “‘Ngati munthu agonana ndi mkazi wa abambo ake, wachititsa manyazi abambo ake. Munthuyo pamodzi ndi mkaziyo ayenera kuphedwa. Magazi awo adzakhala pa mitu pake.
၁၁ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
12 “‘Ngati munthu agonana ndi mkazi wa mwana wake, awiriwo ayenera kuphedwa. Iwo achita chinthu chonyansa kwambiri. Magazi awo adzakhala pa mitu pawo.
၁၂ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
13 “‘Ngati munthu agonana ndi mwamuna mnzake ngati akugonana ndi mkazi, ndiye kuti onsewo achita chinthu cha manyazi. Choncho aphedwe. Magazi awo adzakhala pa mitu pawo.
၁၃မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
14 “‘Ngati munthu akwatira mkazi, nakwatiranso amayi ake, chimenecho ndi chinthu choyipa kwambiri. Mwamunayo pamodzi ndi akaziwo ayenera kutenthedwa pa moto kuti chinthu choyipa chotere chisapezekenso pakati panu.
၁၄ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
15 “‘Ngati mwamuna agonana ndi nyama, iye ayenera kuphedwa, ndipo muyeneranso kupha nyamayo.
၁၅ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
16 “‘Ngati mkazi agonana ndi nyama, aphedwe pamodzi ndi nyamayo. Mkaziyo ndi nyamayo ayenera kuphedwa, ndipo magazi awo adzakhala pa mitu pawo.
၁၆မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
17 “‘Ngati munthu akakwatira mlongo wake, mwana wamkazi wa abambo ake, kapena mwana wamkazi wa amayi ake, ndipo iwo nʼkugonana, ndiye kuti achita chinthu chochititsa manyazi. Onse awiri ayenera kuchotsedwa pa gulu la abale awo. Tsono popeza munthuyo wachititsa manyazi mlongo wake, adzayenera kulandira chilango.
၁၇ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
18 “‘Ngati munthu agonana ndi mkazi pa nthawi yake yosamba, ndiye kuti wavula msambo wake, ndipo mkaziyo wadzivulanso. Onse awiri achotsedwe pakati pa anthu anzawo.
၁၈ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
19 “‘Musagonane ndi mchemwali wa amayi anu kapena abambo anu, pakuti kutero ndi kuchititsa manyazi mʼbale wanu. Nonse mudzalipira mlandu wanu.
၁၉အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
20 “‘Ngati munthu agonana ndi azakhali ake, munthuyo wachititsa manyazi a malume ake. Onse adzalipira mlandu wawo. Onsewo adzafa wopanda mwana.
၂၀အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
21 “‘Munthu akakwatira mkazi wa mchimwene wake ndiye kuti wachita chinthu chonyansa. Wachititsa manyazi mʼbale wakeyo. Onse awiriwo adzakhala wopanda mwana.
၂၁ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
22 “‘Nʼchifukwa chake muzisunga malangizo anga onse ndi malamulo anga ndipo muwatsatire kuti ku dziko limene Ine ndikupita nanu kuti mukakhalemo lisakakusanzeni.
၂၂သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
23 Musatsanzire miyambo ya mitundu ya anthu imene ndi kuyipirikitsa inu mukufika. Chifukwa iwo anachita zinthu zonsezi, ndipo Ine ndinanyansidwa nawo.
၂၃သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
24 Koma Ine ndinakuwuzani kuti, ‘Mudzatenga dziko lawo. Ine ndidzakupatsani dzikolo kuti likhale cholowa chanu, dziko loyenda mkaka ndi uchi.’ Ine ndine Yehova Mulungu wanu amene ndakupatulani pakati pa mitundu yonse ya anthu.
၂၄သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
25 “‘Chifukwa chake muzisiyanitsa pakati pa nyama zoyeretsedwa ndi nyama zodetsedwa ndiponso pakati pa mbalame zoyeretsedwa ndi mbalame zodetsedwa. Musadzidetse pakudya nyama iliyonse kapena mbalame, kapena chilichonse chimene chimakwawa pansi, chimene Ine ndachipatula kuti chikhale chodetsedwa kwa inu.
၂၅ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
26 Muzikhala woyera pamaso panga chifukwa Ine Yehova, ndine woyera ndipo ndakupatulani pakati pa anthu a mitundu yonse kuti mukhale anthu anga.
၂၆ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
27 “‘Mwamuna kapena mkazi woyankhula ndi mizimu ya anthu akufa kapena wanyanga pakati panu ayenera kuphedwa. Muwagende ndi miyala, ndipo magazi awo adzakhala pa mitu pawo.’”
၂၇ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။

< Levitiko 20 >