< Levitiko 19 >

1 Yehova anawuza Mose kuti,
တဖန် မောရှေ အား ထာဝရဘုရား က၊
2 “Uza gulu lonse la Aisraeli kuti, ‘Khalani oyera mtima chifukwa Ine, Yehova Mulungu wanu, ndine Woyera.
သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို ရမည်မှာ ၊ သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်း သောကြောင့် ၊ သင်တို့လည်း သန့်ရှင်း ခြင်းရှိ ကြလော့။
3 “‘Aliyense mwa inu azilemekeza abambo ake ndi amayi ake. Ndipo muzisunga masabata anga. Ine ndine Yehova Mulungu wanu.
လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
4 “‘Musatembenukire ku mafano kapena kudzipangira nokha milungu ya zitsulo zosungunula. Ine ndine Yehova Mulungu wanu.
ရုပ်တု ဆင်းတုကိုလည်း မ ချဉ်း မကပ်ရ။ ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
5 “‘Pamene mukupereka nsembe yachiyanjano kwa Yehova, muyipereke mwanjira yoti ilandiridwe.
မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
6 Nsembe izidyedwa tsiku lomwe mwayiperekalo kapena mmawa mwake. Chilichonse chotsala mpaka tsiku lachitatu chiyenera kutenthedwa.
ပူဇော် သောနေ့ နှင့် နက်ဖြန် နေ့၌ စား ရမည်။ သန်ဘက် နေ့ တိုင်အောင် ကျန် ကြွင်းလျှင် မီး ရှို့ ရမည်။
7 Ngati mudya choperekacho tsiku lachitatu, ndiye kuti mwachita chonyansa ndipo chakudyacho sichidzalandiridwa.
သန်ဘက် နေ့ ၌ အနည်းငယ်ကိုမျှစား လျှင် ရွံရှာ ဘွယ်ဖြစ်၏။ စိတ် တော်နှင့်မ တွေ့။
8 Munthu aliyense amene adya chakudyacho adzasenza machimo ake chifukwa wayipitsa chinthu chimene ndi choyera kwa Yehova. Munthu ameneyo achotsedwe pakati pa anthu anzake.
စား သောသူသည် ထာဝရဘုရား ၏ သန့်ရှင်း သောအရာကို ရှုတ်ချ သောကြောင့် မိမိ အပြစ် ကိုခံရ မည်။ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
9 “‘Pamene mukolola zinthu mʼmunda mwanu musakolole mpaka mʼmphepete mwa munda, ndipo musatole khunkha lake.
ကိုယ် မြေ ၌ဖြစ်သော စပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန် အစင်မ ရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
10 Musakolole mphesa zonse mʼmunda wanu wa mpesa kapena kutola mphesa zakugwa mʼmundamo. Zimenezi muzisiyire anthu osauka ndi alendo. Ine ndine Yehova Mulungu wako.
၁၀ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
11 “‘Musabe. “‘Musamanamizane. “‘Musachitirane zinthu mwachinyengo.
၁၁သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
12 “‘Musalumbire mʼdzina langa monyenga popeza kutero ndi kuyipitsa dzina la Mulungu wanu. Ine ndine Yehova.
၁၂ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13 “‘Musapsinje mnzanu kapena kumulanda zinthu zake. “‘Musasunge malipiro a munthu wantchito usiku wonse mpaka mmawa.
၁၃ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
14 “‘Musatemberere wosamva kapena kuyikira munthu wosaona chinthu choti apunthwe nacho patsogolo pake, koma muziopa Mulungu wanu. Ine ndine Yehova.
၁၄နားပင်း သောသူကို မ ကျိန်ဆဲ ရ။ မျက်စိ မမြင်သောသူရှေ့ မှာ ထိမိ ၍ လဲစရာကို မ ထား ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
15 “‘Musamaweruze mopanda chilungamo. Musachite tsankho pakati pa osauka ndi olemera, koma muweruze mlandu wa mnzanu mwachilungamo.
၁၅တရား တွေ့သည်အမှုမှာ မ တရားသဖြင့် မ စီရင် ရ။ ဆင်းရဲ သောသူဘက် ၌ မ ငဲ့ကွက် ၊ ကြီး သောသူ၏ မျက်နှာ ကို မ ထောက် ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရား သဖြင့် စီရင် ရမည်။
16 “‘Musamapite uku ndi uku kunena bodza pakati pa anthu anu. “‘Musachite kanthu kalikonse kamene kangadzetse imfa kwa mnzanu. Ine ndine Yehova.
၁၆သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
17 “‘Musamude mʼbale wanu mu mtima mwanu. Koma mudzudzuleni mnzanu moona mtima kuti musakhale wolakwa.
၁၇သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
18 “‘Musamubwezere mnzanu choyipa kapena kumusungira kanthu kunkhosi, koma konda mnansi wako monga iwe mwini. Ine ndine Yehova.
၁၈သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
19 “‘Muzisunga malangizo anga. “‘Tsono musamalole kuti ngʼombe zanu zikwerane ndi chiweto cha mtundu wina. “‘Ndiponso musamadzale mbewu za mitundu iwiri mʼmunda umodzi. “‘Musavale chovala chopangidwa ndi nsalu za mitundu iwiri.
၁၉ငါ ၏ ပညတ် တရားကို သင်တို့သည် စောင့် ရကြမည်။ အမျိုး ခြားသော တိရစ္ဆာန် အထီးအမတို့ကို မ ရှက် မတင်စေရ။ ခြားနား သော မျိုးစေ့ကို ရောနှော၍ လယ် ၌ မ ကြဲ ရ။ ဝါ နှင့်သိုးမွေးရော၍ ရက်သောအဝတ် ကို မ ဝတ် ရ။
20 “‘Ngati munthu agonana ndi kapolo wamkazi amene wafunsidwa mbeta ndi munthu wina, koma sanawomboledwe kapenanso kulandira ufulu wake, alangidwe. Koma onsewa asaphedwe, chifukwa mkaziyo anali asanalandire ufulu wake.
၂၀ထိမ်းမြား ဆောင်နှင်းလျက်၊ မ ရွေး မ လွှတ် သေးသော ကျွန် မိန်းမ နှင့် သင့် နေသောသူသည် ရိုက်နှက် ခြင်းကိုခံရ မည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့်သေ ပြစ်နှင့် လွတ် ရမည်။
21 Koma mwamunayo abwere ndi nsembe yopepesera kupalamula kwa Yehova pa khomo la tenti ya msonkhano. Nsembe yake ikhale nkhosa yayimuna
၂၁ယောက်ျားသည်လည်း၊ ဒုစရိုက် ဖြေရာယဇ်ဘို့ သိုး ထီးတကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
22 ndipo wansembe achite nayo mwambo wopepesera chifukwa cha kupalamula kumene anachita pamaso pa Yehova. Akatero tchimo lake lidzakhululukidwa.
၂၂ထိုယောက်ျားပြု မိသော အပြစ် ကို ဖြေခြင်းငှါ၊ ဒုစရိုက် ဖြေရာယဇ် သိုး ကို၊ ယဇ် ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ် လွတ်ခြင်းသို့ ရောက်လိမ့်မည်။
23 “‘Mukadzalowa mʼdzikomo ndi kudzala mtengo wa mtundu uliwonse wa zipatso, zipatso zakezo mudzaziyese ngati zodetsedwa. Ndiye kuti kwa zaka zitatu zidzakhale zoletsedwa kwa inu. Musadzazidye nthawi imeneyi.
၂၃သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
24 Chaka chachinayi, zipatso zake zonse zidzakhala zopatulika, ndipo zidzakhala chopereka cha matamando kwa Yehova.
၂၄စတုတ္ထ နှစ် တွင် သီးသောအသီး ရှိသမျှ သည် သန့်ရှင်း ၍ ၊ ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းဘို့ရာဖြစ် ရမည်။
25 Koma chaka chachisanu, mudzatha kudya zipatso zake kuti mitengoyo idzakubalireni zochuluka. Ine ndine Yehova Mulungu wanu.
၂၅ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
26 “‘Musadye nyama ya magazi. “‘Musamawombeze kapena kuchita zamatsenga.
၂၆အသွေး ပါသောအသေကောင်ကို မ စား ရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
27 “‘Musamamete mduliro kapena kumeta mʼmphepete mwa ndevu zanu.
၂၇ဦးခေါင်း အနား ပတ်လည်၌ ဆံပင်ကိုဝန်း၍ မ ရိတ် ရ။ ပါးမုန်း ကိုလည်း မ ရိတ် ရ။
28 “‘Musadzichekecheke pathupi panu chifukwa cha munthu wakufa kapena kudzitema mphini pa thupi lanu. Ine ndine Yehova.
၂၈သေ သောသူအတွက် ကိုယ် အသား ကို မ ခုတ် မရှရ။ သံပူ မ ထိုး ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
29 “‘Musamuyipitse mwana wanu wamkazi pomusandutsa mkazi wachiwerewere. Mukatero dziko lidzasanduka la anthu achiwerewere ndi lodzaza ndi zoyipa.
၂၉ကိုယ် သမီး ကို ပြည်တန်ဆာ ဖြစ်စေခြင်းငှါ မ ရှုတ် မချရ။ သို့ပြုလျှင် တပြည်လုံး သည် မ တရားသောမေထုန် သို့လိုက်၍ အဓမ္မ အမှုနှင့် ပြည့် လိမ့်မည်။
30 “‘Muzisunga Masabata anga ndipo muzilemekeza malo anga opatulika. Ine ndine Yehova.
၃၀ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
31 “‘Musamapite kwa woyankhula ndi mizimu ya anthu akufa, kapena kwa owombeza. Musamawafunefune kuti angakuyipitseni. Ine ndine Yehova Mulungu wanu.
၃၁ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
32 “‘Muzikhala mwa ulemu pamaso pa munthu wachikulire, ndipo muzichitira ulemu munthu wokalamba. Kumeneko ndiye kuopa Mulungu wanu. Ine ndine Yehova.
၃၂ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
33 “‘Pamene mlendo akhala nanu mʼdziko mwanu, musamuzunze.
၃၃သင် ၏ ပြည် ၌ တည်း နေသောဧည့်သည် ကို မ ညှဉ်းဆဲ ရ။
34 Mlendo amene akhala nanu akhale ngati mmodzi mwa mbadwa zanu. Mumukonde monga momwe mumadzikondera inu nomwe. Paja inu munali alendo mʼdziko la Igupto. Ine ndine Yehova Mulungu wanu.
၃၄သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
35 “‘Musamachite za chinyengo poweruza mlandu, kapena poyeza utali, kulemera ngakhalenso kuchuluka kwa zinthu.
၃၅တိုင်းထွာ သောအမှု၊ ချိန်တွယ် သောအမှု၊ ခြင်တွက် သောအမှု၌ မ တရားစွာ မ ပြု ရ။
36 Miyeso ya sikelo, miyeso yoyezera kulemera kwa zinthu, miyeso yotchedwa efa ndi miyeso yotchedwa hini zikhale zolungama. Ine ndine Yehova, Mulungu wanu amene ndinakutulutsani ku dziko la Igupto.
၃၆မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
37 “‘Choncho muzisunga malangizo ndi malamulo angawa ndi kuwatsatira. Ine ndine Yehova.’”
၃၇သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။

< Levitiko 19 >