< Oweruza 8 >

1 Aefereimu anafunsa Gideoni kuti, “Nʼchifukwa chiyani watichita zimenezi? Bwanji sunatiyitane pamene umakamenyana ndi Amidiyani?” Iwo anamudzudzula kwambiri.
ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။
2 Koma iye anawayankha kuti, “Nʼchiyani ndachita kuyerekeza ndi zimene mwachita inu? Kodi zimene mwachita inu Aefereimu si zazikulu kuposa zimene fuko langa la Abiezeri lachita?
ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
3 Mulungu wapereka mafumu a Midiyani, Orebu ndi Zeebu mʼmanja mwanu. Ndachita chiyani kuyerekeza ndi zimene mwachita inu?” Atanena izi, anthuwo mitima yawo inatsika.
ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။
4 Gideoni anafika ndi kuwoloka mtsinje wa Yorodani pamodzi ndi anthu 300 amene anali naye. Ngakhale kuti anali otopa anapirikitsabe adani awo.
ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။
5 Atafika ku Sukoti anapempha anthu a kumeneko kuti, “Chonde apatseniko buledi ankhondo angawa pakuti atopa. Koma ine ndikupirikitsa Zeba ndi Zalimuna, mafumu a Midiyani.”
သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
6 Koma atsogoleri a Sukoti anayankha kuti, “Kodi Zeba ndi Zalimuna mwawagonjetsa kale kuti tipatse buledi ankhondo akowa?”
သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။
7 Gideoni anayankha kuti, “Mwatero! Yehova akapereka Zeba ndi Zalimuna mʼdzanja langa, ndidzakukwapulani ndi matsatsa a minga ya mʼchipululu.”
ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊
8 Atachoka pamenepo anapita ku Penueli ndipo anapemphanso buledi kwa anthu a kumeneko, koma iwo anamuyankha monga anayankhira anthu a ku Sukoti aja.
ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။
9 Gideoni anawawuzanso kuti, “Ndikamadzabwerera nditawagonjetsa, ndidzagwetsa nsanja iyi.”
ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။
10 Nthawi iyi nʼkuti Zeba ndi Zalimuna ali ku Karikori ndi ankhondo pafupifupi 15,000. Amenewa ndiwo anatsalako mwa ankhondo a anthu akummawa; pakuti anafa ankhondo 120,000.
၁၀ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။
11 Gideoni anadzera njira ya anthu a matenti kummawa kwa Noba ndi Yogibeha ndipo anawathira nkhondo popeza ankhondo awo anali osakonzekera.
၁၁ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊
12 Zeba ndi Zalimuna, mafumu awiri a Amidiyani anathawa koma Gideoni anawathamangitsa mpaka kuwagwira. Koma ankhondo awo onse anathawa ndi mantha.
၁၂မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။
13 Ndipo Gideoni mwana wa Yowasi, pobwera kuchokera ku nkhondo anadzera njira ya ku chikweza cha Heresi.
၁၃ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊
14 Kumeneko iye anagwira mnyamata wa ku Sukoti ndipo atamufunsa, mnyamatayo anamulembera mayina a akuluakulu ndi atsogoleri 77 a ku Sukoti.
၁၄သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။
15 Kenaka Gideoni anabwera kwa anthu a ku Sukoti ndi kunena kuti, “Awa ndi Zeba ndi Zalimuna, mafumu awiri munkandinena nawo aja kuti, ‘Kodi Zeba ndi Zalimuna wawagonjetsa kale mmene ukuti tiwapatse buledi anthu ako otopawa?’”
၁၅ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊
16 Tsono Gideoni anatenga akuluakulu a mu mzindawo ndipo anagwira matsatsa a minga za mʼchipululu ndi kuwakwapula nawo.
၁၆ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။
17 Anagwetsa nsanja ya ku Penueli ndi kupha amuna onse a mu mzindawo.
၁၇ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။
18 Kenaka anafunsa Zeba ndi Zalimuna kuti, “Kodi anthu a ku Tabori amene munawapha aja anali a maonekedwe otani?” Iwo anayankha kuti, “Anali anthu a maonekedwe ngati inu. Aliyense ankaoneka ngati mwana wa mfumu?” Iwo anayankha kuti, “Anthu ngati inu, aliyense wooneka ngati mwana wa mfumu.”
၁၈ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
19 Ndipo Gideoni anayankha kuti, “Ndikulumbira pa Mulungu, mukanapanda kuwapha nanenso sindikanakuphani. Ndi abale anga amenewo, ana a amayi anga enieni.”
၁၉ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊
20 Tsono anawuza Yetero, mwana wake wachisamba kuti, “Tiye, ipha anthu amenewa!” Koma chifukwa Yeteri anali wamngʼono sanasolole lupanga lake, popeza anachita mantha.
၂၀မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။
21 Tsono Zeba ndi Zalimuna anawuza Gideoni kuti, “Bwera utiphe ndiwe chifukwa uli ndi mphamvu za munthu wamkulu.” Choncho Gideoni anapita nawapha natenganso zokongoletsera zimene zinali pa makosi a ngamira zawo.
၂၁ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။
22 Aisraeli anati kwa Gideoni, “Inu muzitilamulira, mwana wanu ndi zidzukulu zanu, chifukwa mwatipulumutsa mʼmanja mwa Amidiyani.”
၂၂ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊
23 Koma Gideoni anawawuza kuti, “Sindidzakulamulirani, mwana wanganso sadzakulamulirani. Koma Yehova ndiye adzakulamulirani.”
၂၃ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊
24 Gideoni anatinso, “Ine ndikupemphani chinthu chimodzi. Aliyense wa inu andipatse ndolo zomwe anafunkha ku nkhondo.” (Adani aja anali ndi ndolo zagolide popeza anali Aismaeli).
၂၄သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။
25 Iwo anayankha kuti, “Ife tikupatsani ndithu ndolozi.” Choncho anayala chinsalu, ndipo aliyense anaponyapo ndolo zimene anafunkha.
၂၅သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။
26 Tsono kulemera kwa ndolo zagolide zimene anapereka kunali makilogalamu makumi awiri, osawerengera kulemera kwa mphande, mkanda wamʼkhosi, zovala zapepo za mafumu a Midiyani ndiponso malamba azitsulo za mʼmakosi a ngamira zawo.
၂၆ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။
27 Gideoni anagwiritsa ntchito golide uja kupanga efodi, ndipo anakamuyika ku mzinda wake ku Ofura. Tsono Aisraeli onse anasiya kupembedza Yehova nayamba kupembedza efodiyo kumeneko. Ichi chinasanduka msampha kwa Gideoni ndi banja lake lonse.
၂၇ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။
28 Choncho Amidiyani anagonjetsedwa ndi Aisraeli ndipo sanayeserenso kuwawukira. Ndipo dzikolo linakhala pa mtendere kwa zaka 40 pamene Gideoni anali ndi moyo.
၂၈ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
29 Yeru-Baala mwana wa Yowasi anapita kukakhala kwawo.
၂၉ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။
30 Ana a Gideoni anali 70 popeza anali ndi akazi ambiri.
၃၀ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။
31 Mdzakazi wake amene anali ku Sekemu, anabereka naye mwana wamwamuna, amene anamutcha Abimeleki.
၃၁ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။
32 Gideoni mwana wa Yowasi anamwalira atakalamba ndipo anayikidwa mʼmanda a abambo ake, Yowasi ku Ofura mzinda wa Mwabiezeri.
၃၂ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
33 Atangomwalira Gideoni, Aisraeli anayambanso kupembedza Abaala. Iwo anasandutsa Baala-Beriti kukhala mulungu wawo.
၃၃ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။
34 Aisraeli sanakumbukirenso Yehova Mulungu wawo amene anawapulumutsa mʼmanja mwa adani awo mbali zonse.
၃၄ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊
35 Ndiponso sanachite zinthu zokomera banja la Yeru-Baala (ndiye kuti Gideoni) chifukwa cha zabwino zonse zimene iye anawachitira.
၃၅ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။

< Oweruza 8 >