< Oweruza 7 >
1 Yeru-Baala (Gideoni) ndi anthu ake onse anadzuka mʼmamawa nakamanga misasa pambali pa kasupe ku Harodi. Misasa ya Amidiyani inali mʼchigwa kumpoto kwa phiri la More.
၁ယေရုဗ္ဗာလ အမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင် သည် နံနက်စောစော ထ၍ ၊ ရှိသမျှ သော သူ တို့နှင့်တကွ ဟာရုတ် ရေတွင်းနား မှာ တပ်ချ သဖြင့် ၊ မိဒျန် တပ် သည် မြောက် ဘက်၊ မောရေ တောင် ခြေရင်းချိုင့် ၌ ရှိ ၏။
2 Yehova anati kwa Gideoni, “Anthu uli nawowa andichulukira kwambiri kuti ndigonjetse Amidiyani chifukwa Aisraeli angamadzitukumule pamaso panga ndi kumanena kuti, ‘Tadzipulumutsa ndi mphamvu zathu.’
၂ထာဝရဘုရား ကလည်း ၊ သင် ၌ ပါသောလူ တို့သည် အလွန်များ ၍၊ သူ တို့လက် ၌ မိဒျန် လူတို့ကို ငါ မ အပ် ရ။ အပ်လျှင် ဣသရေလ အမျိုးက၊ ငါ့ လက်ရုံး သည် ငါ့ ကို ကယ်တင် ပြီဟု ငါ့ တစ်ဘက်၌ ဝါကြွား လိမ့်မည်။
3 Tsono lengeza kwa anthu kuti, ‘Aliyense amene akuchita mantha ndi kunjenjemera abwerere kwawo, ndipo achoke kuno ku phiri la Giliyadi.’” Choncho anthu 22,000 anachoka, ndipo anatsalira anthu 10,000.
၃သို့ဖြစ်၍ ၊ ကြောက်လန့် သောသူ မည်သည်ကား၊ ဂိလဒ် တောင် မှ စောစောပြန် သွားစေဟု လူ များတို့ အား ဟစ်ကြော် လော့ဟု ဂိဒေါင် အား မိန့် တော်မူသဖြင့်၊ လူ နှစ်သောင်း နှစ်ထောင်ပြန် သွား၍ တသောင်း ကျန်ရစ် ၏။
4 Koma Yehova anawuza Gideoni kuti, “Anthuwa achulukabe. Uwatenge upite nawo ku mtsinje ndipo ndikawayesa kumeneko mʼmalo mwako. Ndikadzanena kuti, ‘Uyu apite nawe’ adzapita nawe; koma ndikanena kuti ‘Uyu asapite nawe,’ sadzapita nawe.”
၄တဖန် ထာဝရဘုရား ကလည်း ၊ လူ တို့သည် အလွန် များသေး ၏။ ရေဆိပ် သို့ ခေါ် ခဲ့လော့။ သူ တို့ကို ရေဆိပ် မှာ သင့် အဘို့ ငါစုံစမ်း မည်။ ထိုအခါ ဤ မည်သောသူ သည် သင် နှင့်အတူ သွား ရမည်ဟု ငါဆို လျှင်၊ ထိုသူ သည် သွား ရမည်။ ဤ မည်သော သူ မ သွား ရဟု ငါဆို လျှင် ထိုသူ သည် မ သွား ရဟု မိန့် တော်မူသည်အတိုင်း၊
5 Choncho Gideoni anatenga anthuwo ndi kupita nawo ku madzi. Kumeneko Yehova anamuwuza kuti, “Amene amwe madzi mokhathira ndi manja ngati galu uwayike pawokha, ndipo amene amwe atagwada pansi uwayikenso pawokha.”
၅ဂိဒေါင်သည် လူ တို့ကို ရေဆိပ် သို့ ခေါ် ခဲ့၍ ၊ ထာဝရဘုရား က၊ ခွေး သည် ရေ ကိုလျက် ၍ သောက်သကဲ့သို့ လျှာ နှင့် လျက် ၍ သောက်သောသူ တစု၊ ဒူး ထောက်လျက် ဝပ် ၍ သောက် သောသူတစု၊ ထိုလူနှစ်စုကို ခွဲ ထားလော့ဟု ဂိဒေါင် အား မိန့် တော်မူ၏။
6 Ndipo anthu 300 anamwa mokhathira, pamene ena onse anagwada pansi pakumwa.
၆ထိုအခါ မိမိလက်ခုပ် နှင့် ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံး ရာ ရှိ ၏။ ကြွင်း သောသူ အပေါင်း တို့သည် ရေ သောက် ခြင်းငှါ ဒူး ထောက်၍ ဝပ် ကြ၏။
7 Yehova anati kwa Gideoni, “Ndi anthu 300 amene anamwa madzi mokhathira ndi manja awo ndidzakupulumutsani ndipo ndidzapereka Amidiyani mʼmanja mwanu. Koma anthu ena onse apite ku nyumba kwawo.”
၇ထာဝရဘုရား ကလည်း ၊ လျက် ၍ သောက်သောသူ သုံး ရာ အားဖြင့် သင့် ကို ငါကယ်တင် ၍ မိဒျန် လူတို့ကို သင့် လက် ၌ အပ် မည်။ ကြွင်း သောသူ တို့ကို မိမိ နေရာ သို့ ပြန် သွားစေဟု ဂိဒေါင် အား မိန့် တော်မူ၏။
8 Choncho analola anthu ena onse kuti apite ku nyumba zawo kupatula anthu 300 osankhika aja. Iwowa anatenga zakudya ndi malipenga a anthuwo. Ndipo misasa ya ankhondo Amidiyani inali kumunsi kwa chigwa.
၈ထိုသူတို့သည် စားစရိတ် နှင့် တံပိုး များကို ယူ ၍ ၊ ကြွင်း သော ဣသရေလ အမျိုးသား အပေါင်းတို့ကို မိမိ နေရာ သို့ ဂိဒေါင်သည် လွှတ် လိုက်သဖြင့် ၊ ထိုသုံး ရာ သော လူ တို့ကိုသာ မိမိနှင့်အတူချန် ထားလေ၏။ မိဒျန် လူတို့သည် သူ့ အောက် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
9 Usiku umenewo Yehova anati kwa Gideoni, “Dzuka, pita kachite nkhondo ku misasayo, chifukwa ndayipereka mʼmanja mwako.
၉ထို ညဉ့် တွင် ထာဝရဘုရား က၊ ထ လော့။ ရန်သူတပ် ချရာသို့ ချီ သွားလော့။ သင့် လက် ၌ ငါအပ် မည်။
10 Ngati ukuopa, upite ku msasako ndi Pura wantchito wako,
၁၀မ ချီ ဝံ့လျှင် သင် ၏ ကျွန် ဖုရ ကို ရှေ့ဦးစွာခေါ် သွားလော့။
11 ndipo ukamvere zimene akunena ndipo pambuyo pake udzalimba mtima ndi kupita kukayithira nkhondo misasayo.” Choncho iye ndi wantchito wake Pura anapita kumbali ina ya msasawo kumene kunali ankhondo.
၁၁သူတို့သည် အဘယ်သို့ ပြော သည်ကို ကြား လိမ့်မည်။ ထိုနောက်မှ တပ် ချရာသို့ ချီ သွားခြင်းငှါ သင့် လက် အားကြီး လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း ၊ ဂိဒေါင် သည် မိမိ ကျွန် ဖုရ ကို ခေါ်၍ ရန်သူ၏ တပ် ပြင် ၌ ကင်း ထိုးသောသူရှိရာသို့ သွား လေ၏။
12 Amidiyani, Aamaleki ndi anthu ena onse akummawa anadzaza chigwa chonse ngati dzombe. Ngamira zawo zinali zambiri zosawerengeka ngati mchenga wa mʼmbali mwa nyanja.
၁၂မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် ချိုင့် ၌ အိပ် လျက်၊ ကျိုင်းကောင် နှင့်အမျှ များ ကြ၏။ ကုလားအုပ် တို့သည်လည်း ၊ သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အတိုင်းမသိ များ ကြ၏။
13 Gideoni atafika anangomva munthu wina akuwuza mnzake maloto ake kuti, “Ine ndinalota nditaona dengu la buledi wa barele likugubuduzika kupita ku misasa ya Amidiyani. Litafika linawomba tenti moti inagwa ndi kuphwasukaphwasuka.”
၁၃ဂိဒေါင် သည် ရောက် သောအခါ ၊ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် ၍ တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊
14 Ndipo mnzakeyo anamuyankha kuti, “Iyi ndi nkhondo ya Gideoni mwana wa Yowasi, wa ku Israeli. Mulungu wapereka Amidiyani pamodzi ndi ankhondo ake onse mʼdzanja mwake.”
၁၄သူ ၏အပေါင်းအဘော် က၊ ထို မုန့်ပြားသည် အခြားမဟုတ် ဣသရေလ အမျိုးယောရှ သား ဂိဒေါင် ၏ ထား ဖြစ်၏။ ထိုသူ လက် ၌ ဘုရား သခင်သည် မိဒျန် အမျိုး၊ မိဒျန်ဗိုလ်ခြေ အပေါင်း ကို အပ် တော်မူမည်ဟု ပြန်ပြော ၏။
15 Gideoni atamva za malotowo ndi kumasulira kwake, anapembedza Mulungu. Kenaka anabwerera ku msasa wa Israeli nawawuza kuti, “Dzukani popeza Yehova wapereka msasa wa Midiyani mʼmanja mwanu.”
၁၅ထိုအိပ်မက် နှင့် အိပ်မက်အနက် ကို ဂိဒေါင် သည် ကြား သောအခါ ၊ ကိုးကွယ် ၍ ဣသရေလ တပ် သို့ ပြန် ပြီးလျှင် ၊ ထ ကြ၊ ထာဝရဘုရား သည် မိဒျန် ဗိုလ်ခြေ တို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
16 Anawagawa anthu 300 aja magulu atatu, nawapatsa malipenga mʼmanja mwawo ndi mbiya zimene mʼkati mwake munali nsakali zoyaka.
၁၆ထိုအခါ လူ သုံး ရာ တို့ကို သုံး စု ခွဲ ၍ ၊ တံပိုး တလုံးနှင့် မီးခွက် ပါသောအိုး တလုံးစီကို လူ တိုင်း လက် ၌ ဆောင် စေ၏။
17 Anawuza anthuwo kuti, “Muzikayangʼana ine ndi kuchita zimene ndizikachita. Ndikakafika kumalire a msasa, mukachite zomwe ndikachita ine.
၁၇ငါ့ ကို ကြည့် ၍ ငါ ပြုသည်အတိုင်း ပြု ကြ။ တပ် ပြင် သို့ ရောက် သောအခါ၊ ငါပြု သည်အတိုင်း ပြု ကြ။
18 Ndikadzaliza lipenga ndi onse amene ali ndi ine, inunso mukalize malipenga kumbali zonse za misasa yonse ndi kufuwula kuti, ‘Lupanga la Yehova ndi la Gideoni.’”
၁၈ငါ နှင့် ငါ ၌ ပါသောသူ အပေါင်း တို့သည် တံပိုး မှုတ် သောအခါ ၊ တပ် ပတ်လည် အရပ်ရပ် ၌ သင်တို့သည် တံပိုး မှုတ် ၍ ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ ထားဟု ဟစ် ကြလော့ဟု မှာ ထား၏။
19 Choncho Gideoni pamodzi ndi amuna 100 omwe anali nawo anafika ku malire a msasa pakati pa usiku, alonda atangosinthana kumene. Iwo analiza malipenga awo ndi kuphwanya mbiya zimene zinali mʼmanja mwawo.
၁၉ထိုသို့ ဂိဒေါင် နှင့် သူ ၌ ပါသော လူ တရာ တို့သည် သန်းခေါင် ယံ ၌ ကင်း လဲ စက တပ် ပြင် သို့ ရောက် သဖြင့် တံပိုး မှုတ် ကြ၏။ မိမိ ကိုင် သော အိုး တို့ကိုလည်း ခွဲ ကြ၏။
20 Magulu awiri ena aja anayimbanso malipenga ndi kuswa mbiya zawo. Aliyense ananyamula nsakali ya moto ku dzanja lamanzere ndi lipenga ku dzanja lamanja ndipo anafuwula kuti, “Lupanga la Yehova ndi la Gideoni.”
၂၀လူသုံး စု တို့သည် တံပိုး မှုတ် ၍ အိုး တို့ကို ခွဲ သဖြင့် လက်ဝဲ လက် ၌ မီးခွက် တို့ကို၎င်း ၊ လက်ျာ လက် ၌ မှုတ် စရာ တံပိုး တို့ကို၎င်းကိုင် လျက် ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ထား ဟု ဟစ် ကြ၏။
21 Aliyense anayima pa malo pake kuzungulira misasa. Ankhondo a mʼmisasa muja anadzuka nayamba kuthawa akufuwula.
၂၁သူတို့သည် တပ် ပတ်ဝန်းကျင် ၌ လူတိုင်း မိမိ နေရာ အရပ်တွင် ရပ် နေ၍ ၊ တပ်သား အပေါင်း တို့သည် ပြေး လျက် ၊ အော် လျက် ထွက်ပြေး ကြ၏။
22 Anthu 300 aja ataliza malipenga, Yehova anawasokoneza ankhondo a Midiyani aja motero kuti ankamenyana okhaokha. Ankhondowo anathawira ku Beti-Sita cha ku Zerera mpaka ku malire a Abeli-Mehola pafupi ndi Tabati.
၂၂လူသုံး ရာ တို့သည် တံပိုး မှုတ် သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့်၊ တပ်သား အပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ် အရပ် ဗက်ရှိတ္တ မြို့သို့ ၎င်း၊ တဗ္ဗတ် မြို့နား မှာ အာဗေလမဟောလ မြို့နယ် သို့ ၎င်း ပြေး ကြ၏။
23 Aisraeli a fuko la Nafutali, fuko la Aseri, ndi fuko lonse la Manase anayitanidwa, ndipo iwo anathamangitsa Amidiyaniwo.
၂၃ဣသရေလ လူ တို့သည် နဿလိ ခရိုင်၊ အာရှာ ခရိုင်၊ မနာရှေ ခရိုင် အရပ်ရပ် ထဲက စု လာ၍ ၊ မိဒျန် လူတို့ကို လိုက် ကြ၏။
24 Gideoni anatumiza amithenga ku dziko lonse la ku mapiri la Efereimu kukanena kuti, “Tsikani mumenyane ndi Amidiyani ndipo mulande madooko awo owolokera mpaka ku Beti-Bara.” Choncho anthu onse a fuko la Efereimu anasonkhana ndipo analanda madooko awo owolokera mpaka ku Betibaala.
၂၄ဂိဒေါင် သည်လည်း ၊ တမန် တို့ကို ဧဖရိမ် တောင် တရှောက်လုံး သို့ စေလွှတ် ၍၊ သင်တို့သည် မိဒျန် လူတို့ကို ဆီးတား ခြင်းငှါ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် သူ တို့အရင် စောင့် နေကြလော့ဟု မှာ လိုက်သည်အတိုင်း ၊ ဧဖရိမ် လူ အပေါင်း တို့သည် စုဝေး ၍ ၊ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် စောင့် နေကြ၏။
25 Iwo anagwiranso atsogoleri awiri a nkhondo a Amidiyani, Orebu ndi Zeebu. Anapha Orebu ku thanthwe la Orebu, koma Zeebu anamuphera ku malo ofinyira mphesa ku Zeebu pothamangitsa Amidiyani. Mitu ya Orebu ndi Zeebu anabwera nayo kwa Gideoni kutsidya kwa Yorodani.
၂၅မိဒျန် ဗိုလ်ချုပ် နှစ် ယောက်၊ ဩရဘ နှင့် ဇေဘ ကို ဘမ်းဆီး ၍ ၊ ဩရဘ ကို ဩရဘ ကျောက် ပေါ်၌ ၎င်း၊ ဇေဘ ကိုဇေဘ စပျစ်သီးနယ်ရာ တန်ဆာ၌ ၎င်း သတ် ပြီးမှ၊ မိဒျန် လူတို့ကို လိုက် သဖြင့် ၊ ဩရဘ ၏ဦးခေါင်း နှင့် ဇေဘ ၏ဦးခေါင်းတို့ကိုယော်ဒန် မြစ်တဘက် ၊ ဂိဒေါင် ထံ သို့ဆောင် ခဲ့ကြ၏။